#Local_News
Published_ 13 September 2023
၂၀၂၃−၂၀၂၄ဘဏ္ဍာနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးငယ် တစ်သိန်းကျော်၊ အသက်(၈၅)နှစ်အထက်ဘိုးဘွားသုံးသောင်းကျော်ကို ထောက်ပံ့ကြေး များပေးသွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းကဲ့သို့ထောက်ပံ့ပေးမည့်အကြောင်းကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ကျင်းပသည့် ကိုယ်ဝန်ဆောင်၊ ကလေးငယ် နှင့်သက်ကြီးဘိုးဘွားများ၊ စေတနာဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ‘၂၀၂၃−၂၀၂၄ဘဏ္ဍာနှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးမှ အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် (၁၁၈၇၆၆)ဦးအတွက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ လူမှုရေးပင်စင်အစီအစဉ်အနေဖြင့် အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွား(၃၁၇၇)ဦးကို ထောက်ပံ့ နိုင်ရေးဆောင်ရွက်ပေးသွားမည်’ ဖြစ်ကြောင်း ပြောခဲ့သည်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃−၂၀၂၄ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်နှစ်နှစ်အောက်ကလေးငယ်များ၊ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ငွေကျပ်၆၂၇၉ ဒသမ ၅၄၉ သန်းပေးအပ်ခဲ့ကြောင်း သိရသည်။
#tthl #Local_News #ဧရာဝတီတိုင်း #ကလေးငယ်တစ်သိန်းကျော် #ထောက်ပံ့ကြေးပေးမည်
#Yangon_Times
မြန်မာပြည်က ထွက်ရှိတဲ့ ဂျင်းကိုဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့ကဝယ်ယူတာရှိပေမယ့်နှစ်စဉ်ဝယ်ယူတာမျိုးမဟုတ်ဘဲ တစ်နှစ်ခြားစီ ဝယ်ယူကျတာမျိုးဖြစ်ကာ အခုနှစ်မှာတော့ ငွေကြေးတန်ဖိုးကျတာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှကုန်သည်တွေအနေနဲ့ ပြန်ရောင်းရာမှာ
အမြတ်ငွေ ပိုများတဲ့အတွက် ဝယ်လိုအားများလာတာ ဖြစ်တယ်လို့ သိရပါတယ်။
Published_ 13 September 2023
#ဂျင်းဝယ်ယူမှုပိုများ #ဘင်္ဂလားဒေ့ရှ်ဘက်
#YMG/LW
#Yangon_Times
‘မွန်၊ ကရင်၊ တနင်္သာရီဒေသတွေမှာ မိုးသည်းထန်တဲ့အတွက် ကားလမ်းရေကျော်တာ၊ မြေပြိုတာတွေလည်းဖြစ်ပေါ်နိုင်လို့ အဲဒီ့ဒေသတွေကို ခရီးသွားမယ့်သူတွေ သတိပြုသွားလာဖို့လိုအပ်ပါတယ်’
ဦးလှထွန်း(ညွှန်ကြားရေးမှူး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
Published_ 13 September 2023
#tthl #မိုးသည်းထန်ပြီးရေကျော်နိုင် #ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#Yangon_Times
#Local_News
Published 13 Setember 2023
မြန်မာနိုင်ငံသားများသည် အဓမ္မလုပ်အားခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ အဓမ္မလက်ထပ်ထိမ်းမြားမှု စသည့် လူကုန်ကူးမှုပုံစံများဖြင့် ပြည်တွင်းအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံများသို့ နှစ်စဉ်လူကုန်ကူးခြင်း ခံနေရကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကပြောသည်။
စက်တင်ဘာ၁၃ရက်တွင် ကျရောက်သည့် ဧကာဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင်ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အစီရင်ခံစာထဲတွင် ပြည်တွင်းအလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှုအပါအဝင် ဘဝရပ်တည်ရန်ခက်ခဲသည့် အခြေအနေများကြောင့် ပြည်ပနိုင်ငံအသီးသီးသို့ တရားဝင်/တရားမဝင် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ကြရာမှ ပွဲစားများ၏ မက်လုံးပေး စည်းရုံးမှုကြောင့်လည်းကောင်း၊ တရားဝင် အလုပ်သမားစေလွှတ်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးထားခြင်းမရှိသော နိုင်ငံများသို့ တရားမဝင်ပို့ဆောင်ခံရခြင်းကြောင့်လည်းကောင်း လုပ်အားခေါင်းပုံဖြတ်မှုနှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတို့ကို ခံနေကြရကြောင်း ၎င်းကသဝဏ်လွှာတွင်ထည့်သွင်း ပြောကြားထားသည်။
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ၂၀၀၇ ခုနှစ်က စပြီး ငါးနှစ်စီမံကိန်းချမှတ်ဆောင်ရွက်လာခဲ့ရာ လက်ရှိကာလမှာ စတုတ္ထငါးနှစ်စီမံကိန်း၂၀၂၂-၂၀၂၆ ခုနှစ်၏ ဒုတိယနှစ်ကာလကိုရောက်ရှိခဲ့ရာ ၂၀၂၂ စက်တင်ဘာလမှ ၂၀၂၃ ခုနှစ် သြဂုတ်လအထိ လူကုန်ကူးမှု ၃၇ ခုကို ဖေါ်ထုတ်အရေးယူနိုင်ခဲ့ပြီး အမှုများထဲကအမျိုးသား၁၉ ဦးနှင့် အမျိုး
သမီး၆၁ ဦး စုစုပေါင်း ၈၀ဦး ကို ကယ်ယူနိုင်ခဲ့ကြာင်း သိရပါသည်။
လူကုန်ကူးခံရသူများကို မူဆယ်၊ မန္တလေး၊ ကော့သောင်း၊ မြဝတီနှင့်ရန်ကုန်တို့တွင် ယာယီ လက်ခံစောင့်ရှောက်ရေးဂေဟာများ ဖွင့်လှစ်ထားပြီး လူကုန်ကူးခံရသူတွေရဲ့ အခြေခံလိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
၂၀၂၂ ခုနှစ်ဇန်နဝါရီမှ ၂၀၂၃ ခုနှစ် သြဂုတ်လ အထိ လူကုန်ကူးခံရသူကိန်းဂဏန်းများ အရ ၆၉ ဒသမ၄၂ရာခိုင်နှုန်းမှာ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဖြစ်ပြီး၊ အဓမ္မလုပ်အားခိုင်းစေမှု မှာ၃၆ဒသမ၄ရာခိုင်နှုန်းရှိပြီးလိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုနှင့် အဓမ္မလက်ထပ်ထိမ်းမြားမှု မှာ၃၂ဒသမ၇ ရာခိုင်နှုန်းရှိတယ်လို့ လူကုန်ကူးမှုကာကွယ်တားဆီးနှိမ်နှင်းရေးအဖွဲ့၏အစီရင်ခံစာအရ သိရသည်။
#YMG/LW #Local_News #အဓမ္မလုပ်အားခိုင်းစေမှု #လူကုန်ကူးမှုခံနေရဟုဆို
#Yangon_Times
#Daily_News
Published_ 12 September 2023
၁။ ကြက်မဲမွေးမြူလိုသူများလာသဖြင့် ကြက်မဲဥ၊ ကြက်မဲမျိုးဥနှင့် ကြက်မဲအကောင်ပေါက်များအရောင်းသွက်နေ
၂။ တညင်းကုန်းလက်ကားဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ပါဝင်တဲ့ သစ်သီးဝလံဈေးရုံကြီးအောက်တိုဘာ ၁ ရက်တွင်ဖွင့်လှစ်မည်
၃။ အခုရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင်ဒေသ(၆)ခုတွင် မိုးသည်းမည်
၄။ ကမ္ဘာ့လျှပ်စစ်ကားဈေးကွက်တွင် တရုတ်နိုင်ငံထုတ်ကားများအား ဂျာမနီယှဥ်ပြိုင်ရန်ခက်ခဲလာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
အလုပ်ရှင် အလုပ်သမားနဲ့ပို့ဆောင်ပေးတဲ့ အေဂျင်စီတို့ချုပ်ဆိုရတဲ့ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ကိုချုပ်ဆိုပြီးမှ အလုပ်ရှင်နဲ့ အေဂျင်စီမှဖျက်သိမ်းပါက ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရအရေးယူသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနထံက သိရပါတယ်
Published_ 12 September 2023
#ပြည်ပအလုပ်အကိုင်ဆိုင်ရာ #သဘောတူစာချုပ်
#YMG/LW
#Yangon_Times
‘မြန်မာနိုင်ငံအတွင်းကို လေကြောင်းခရီးနဲ့ဝင်ရောက်လာမယ့် တရုတ်နိုင်ငံသားနဲ့ အိန္ဒိယနိုင်ငံသားကမ္ဘာ လှည့်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာမကြာမီခွင့်ပြုတော့မှာဖြစ်တယ်’
နေပြည်တော်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန
Published_ 12 September 2023
#တရုတ်နှင့်အိန္ဒိယ #ကမ္ဘာလှည့်ခရီးသွား #ဆိုက်ရောက်ဗီဇာ
#tthl #Yangon_Times
Page 1336 of 2472