#Local_News
Published 25 March 2026
▪️ လယ်ဝေးမြို့နယ်၌ ဇမ္ဗူသမဝါယမအသင်း၏ ကြက်ကောင်ရေ ၁၈၀,၀၀၀ မွေးမြူနိုင်သည့် Pullet House နှစ်ရုံနှင့် Layer House ခြောက်ရုံပါဝင်သည့် အကြီးစားစီးပွားဖြစ် မွေးမြူရေး စီမံကိန်းကိုပြုလုပ်နေကြောင်း သိရသည်။
▪️ အဆိုပါ လယ်ဝေးမြို့နယ် မျိုးဇမ္ဗူသမဝါယမအသင်း၏ ခေတ်မီနည်းပညာသုံး မဟာနွယ် ဥစားကြက် မွေးမြူရေးခြံဖွင့်ပွဲကို ယမာန် နေ့ မနက်ပိုင်းက ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သမဝါယမအသင်းအဆင့်အဆင့်မှ တာဝန်ရှိသူများ၊ မျိုးဇမ္ဗူသမဝါယမအသင်းမှ ဥက္ကဋ္ဌနှင့် သမဝါယမအသင်းသား အသင်းသူများ၊ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်သည်။
▪️ ဒုတိယဝန်ကြီးက မျိုးဇမ္ဗူသမဝါယမအသင်း၏ ခေတ်မီနည်းပညာသုံး မဟာနွယ် ဥစားကြက်မွေးမြူရေးခြံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မွေးမြူရေးခြံများကိုလှည့်လည်ကြည့်ရှုသည်။
▪️ ယင်းနောက် ဒုတိယဝန်ကြီးက ယနေ့ဖွင့်လှစ်လိုက်သည့် မျိုးဇမ္ဗူသမဝါယမအသင်း မဟာနွယ် ဥစားကြက်မွေးမြူရေး စီမံကိန်းအနေဖြင့် မြေဧရိယာ ၂၄ ဧကပေါ်တွင် စုစုပေါင်း ကြက်ကောင်ရေ ၁၈၀၀၀၀ မွေးမြူနိုင်သည့် Pullet House နှစ်ရုံနှင့် Layer House ခြောက်ရုံပါဝင်သည့် အကြီးစားစီးပွားဖြစ် မွေးမြူရေး စီမံကိန်းဖြစ်ပါကြောင်း၊ စီမံကိန်း အပြည့်အဝ လည်ပတ်မည်ဆိုလျှင် တစ်နေ့ ကြက်ဥ ၁၈၀၀၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းတည်ငြိမ်စွာ အရည်အသွေးမြင့် ကြက်ဥများကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ သော စီမံကိန်းများသည် နိုင်ငံတော်၏ စားနပ်ရိက္ခာလုံခြုံမှုကို အထောက်အကူပြုသော အရေးပါသည့်လုပ်ငန်းများဖြစ်ပါကြောင်း၊ ဤစီမံကိန်းတွင် ခေတ်မီ Closed-House System ကို အသုံးပြုထားသည့်အတွက် Biosecurity စနစ်မြင့်မားခြင်း၊ ထုတ်လုပ်မှုစွမ်းဆောင်ရည် တိုးတက်ခြင်း၊ အရည်အသွေး ထိန်းချုပ်နိုင်ခြင်းတို့ကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ယခုကဲ့သို့ ဥစားကြက်မွေးမြူရေးစီမံကိန်းကို တည်ထောင်ခြင်းဖြင့် ဒေသခံပြည်သူများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သလို ဒေသဆိုင်ရာစီးပွားရေးလုပ်ငန်းများ တိုးတက်လာစေမည်ဖြစ်သည့်အပြင် မွေးမြူရေးကဏ္ဍ တိုးတက်ရေးအတွက် နမူနာကောင်းတစ်ခုလည်း ဖြစ်လာနိုင်သဖြင့် အထူးအရေးပါသည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ ယနေ့နိုင်ငံတော်တွင် လူဦးရေတိုးလာသည်နှင့်အမျှ အသားစားသုံးမှုလည်း တိုးလာသကဲ့သို့ ဥစားသုံးမှုနှုန်းလည်း မြင့်တက်လာပါကြောင်း၊ ဥစားကြက်မွေးမြူရေးသည် စနစ်တကျလုပ်ကိုင်မည်ဆိုလျှင် နေ့စဉ်ဝင်ငွေရရှိစေသော တွက်ခြေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ဥစားကြက်များသည် အစာနှင့်ဆေးကောင်းလျှင် အကောင်ကြီးထွားနှုန်း၊ ဖြစ်ထွန်းမှုနှုန်းမြန်ပါကြောင်း၊ အစာနှင့်ရေကို အချိန်မှန်မှန်အထူးဂရုစိုက် တိုက်ကျွေး၍ ရောဂါကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ထိုးနှံခြင်းများပြုလုပ်ပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
▪️ ထို့နောက် မျိုးဇမ္ဗူသမဝါယမအသင်း၏ တာဝန် ရှိသူက ဥစားကြက်မွေးမြူရေးလုပ်ငန်းအကြောင်းကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 March 2026
▪️ ၂၀၀ ကျပ်တန် မြန်မာ့ကော်ဖီခင်းပုံ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို ယခုလ ၂၇ရက်မှစတင်ကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
▪️ အဆိုပါ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်ကို မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့် မြန်မာ့ကော်ဖီကို ဂုဏ်ပြုသောအားဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး
မတ်လ ၂၇ရက်နေ့တွင် နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၆ ခုနှစ်၊ မတ် (၂၇)ရက် (သောကြာနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 25 March 2026
▪️ ယမန်နေ့ညပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်းတွင်ဆီဘောက်ဆာယာဉ်နှင့် Light Truckယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်လျှက်ရှိရာ အဆိုပါလူကိုအသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ ၂၄.၃.၂၀၂၆ ရက်နေ့၊ ည၇နာရီ၅၀ မိနစ်အချိန်က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာနယ်မြေ၊ အောင်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Light Truck ယာဉ်မှ ဆီဘောက်ဆာယာဉ်အား အနောက်မှဝင်တိုက်မိရာ Light Truck ယာဉ်အား မောင်းနှင်သူ ကျား(၁)ဦး ညပ်နေကြောင်း သတင်းရရှိသဖြင့် လယ်ဝေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အေလာနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအား သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ပေးပြီးနောက် ည၈နာရီ ၃၃ မိနစ်အချိန်တွင် ကျား(၁)ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။
#YMG/SW #Yangon_Times
ဒုတိယအကြိမ်မြောက်တိုင်း၊ခရိုင်၊မြို့နယ်ယဉ်ကျေးလိမ္မာစာမေးပွဲ၌ ထူးချွန်စွာအောင်မြင်သူတွေအတွက် ဆုပေးပွဲအခမ်းအနားကို လာမယ့် မေလအတွင်းမှာ ကျင်းပသွားမယ်လို့ ရန်ကုန်တိုင်းသာသနာ့နုဂ္ဂဟအသင်းကသိရပါတယ်။
#Local_News
Published 25 March 2026
#ယဉ်ကျေးလိမ္မာစာမေးပွဲ #ဆုပေးပွဲ
#YMG/NN #Yangon_Times
ပြည်တွင်းလေကြောင်းခရီးစဉ်များ အားလုံးယနေ့ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 25 March 2026
#ပြည်တွင်းလေကြောင်း
#YMG/SW #Yangon_Times
ရန်ကုန်မြို့၌CNGလာရောက်ဖြည့်တင်းတဲ့ တက္ကစီတွေနဲ့ YBSယာဉ် သုံးသောင်းကျော်ခန့်အားနေ့စဉ် သဘာဝဓာတ်ငွေ့ရောင်းချပေးနေတယ်လို့
စွမ်းအင်ဝန်ကြီးဌာန ၊ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာ၀ဓာတ်ငွေ့ဌာနကသိရပါတယ်။
#Local_News
Published 25 March 2026
#CNG #မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့
#YMG/NN #Yangon_Times
မြန်မာသင်္ဘောသားများအတွက် Collective Bargaining Agreement( CBA )နဲ့ Seafarers' Employment Agreement ( SEA ) ဗဟုသုတမျှဝေခြင်းဟောပြောပွဲနဲ့ သင်္ဘောသားများနဲ့ ၎င်းတိုရဲ့ မိသားစုများအတွေ့အကြုံခံစားချက်များနဲ့လူမှုရေးဖွံဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို အကဲဖြတ်နိုင်ဖို့ စစ်တမ်းတစ်ခုကောက်ယူ သွားမယ်လို့ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF) က သိရပါတယ်။
#Local_News
Published 25 March 2026
#မြန်မာသင်္ဘောသား #CBAနှင့်SEA
#YMG/NN #Yangon_Times
Page 68 of 2354