ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်စရိတ်မြင့်တက်လာတာကြောင့် သားငါးဈေးတွေမြင့်တက်လာတယ်လို့ ဈေးကွက်စာရင်းများအရသိရပါတယ်။
#Local_News
Published 26 March 2026
#သားငါးဈေး
#YMG/SW #Yangon_Times
ရန်ကုန်မြို ပန်းဆိုးတန်းနဲ့ ဒလမြိုသို့ ခရီးသည်များသယ်ယူပို့ဆောင်ပေးနေတဲ့ချယ်ရီကူးတို့သင်္ဘောရဲ့ နောက်ဆုံးပြေးဆွဲချိန်ကို မတ်လ၂၈ရက်မှ စတင်ကာ ပြောင်းလဲပြေးဆွဲပေးသွားမယ်လို့သိရပါတယ်။
#Local_News
Published 26 March 2026
#ပန်းဆိုးတန်း_ဒလ #ချယ်ရီကူးတိုသင်္ဘော
#YMG/SW #Yangon_Times
#Daily_News
Published 26 March 2026
၁။ ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်းတွင် DEMU ရထားတစ်စင်း ထပ်မံတိုးချဲ့ပြေးဆွဲမည်
၂။ ငါးမွေးမြူရေးကန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေး
၃။ ထုတ်လုပ်မှုနှင့်သယ်ယူပို့ဆောင်စရိတ်မြင့်တက်လာခြင်းကြောင့် သားငါးဈေးများမြင့်တက်လာ
၄။ စွမ်းအင်သစ်မော်တော်ယာဉ်ဝယ်ယူသူများအတွက် တစ်နာရီအတွင်းလိုင်စင်နံပါတ်ပြားပိုဆောင်ပေးသည့်ဒရုန်းစနစ် တရုတ်၌တရားဝင်စတင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 26 March 2026
▪️ ၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်လိုက်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော်ပြပါ တိုင်းတာမှတ် (၃) နေရာတွင် Ambient Air Quality Monitoring Station with Mobile Car- (AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65) စက်များကို အသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10) ၊ Sulphur Dioxide (SO2)၊ Nitro-gen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆) မျိုးကို (၂၄) နာရီ ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။
▪️ လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထု အရည်အသွေးတိုင်းတာသည့်နေရာ အနီးဝန်းကျင်အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ်ရရှိ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 March 2026
▪️ မင်္ဂလာဒုံစက်မှုဇုန်ဝန်း၌ယနေ့ ညသန်းခေါင်အချိန်၌ မီးလောင်မှူဖြစ်ပွားရာသုံးနာရီကျော်ကြာငြိမ်းသတ်ခဲ့ရကြောင်းသိရသည်။
▪️ မတ်လ၂၆ ရက်နေ့၊ ည၁၂နာရီ ၁၀ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၊မင်္ဂလာဒုံစက်မှုဇုန်ဝန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ ယာဉ်အုပ်စုများ ထွက်ခွာ ည၁၂နာရီ ၁၅ မိနစ် အချိန် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိပြီး ည၁၂နာရီ ၅၀ မိနစ်အချိန်တွင် Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ရာ မနက်၂ နာရီ၂၈မိနစ် အချိန် ၌ မီးထိန်းနိုင်ခဲ့ပြီး ၃ နာရီ ၃၃ မိနစ်အချိန်၌ မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ စက်မှုဇုန်ဝင်း၌ မီးလောင်မှုဖြစ်စဉ်မှာ ဓာတ်အားခွဲရုံ လောင်ကျွမ်းပေါက်ကွဲမှု အသေးစားဖြစ်ပွားပြီး ကိုက် ၁၀၀ ပတ်လည်အတွင်းရှိ မှန်ဘီလူးထုတ်လုပ်သည့် စက်ရုံစီ ဂိုဒေါင်မှ စတင်ကာ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုဆက်လက်စုံစမ်းနေကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 March 2026
▪️ မန္တလေးတိုင်းဒေသကြီးရှိမိတ္ထီလာမြို့စက်မှုဇုန်(၂)လမ်းနှင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၈၇ လမ်း၊ ၃၇ လမ်းကြားတွင် ယနေ့မနက်ပိုင်းတွင်မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ မတ်လ၂၆ ရက်နေ့၊ မနက်၄ နာရီ၅၇မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ စက်မှုဇုန်(၂)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ နယ်မြေ(၁) အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ် ရေသယ်ယာဉ်(၁)စီး၊ နယ်မြေ(၂) အရန် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စက်မှုဇုန်အရန်မီးသတ်စခန်းမှ မီးသတ် ရေသယ်ယာဉ်(၁)စီး၊ ဈေးအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၅ နာရီ၃၁မိနစ် အချိန်၌ မီးငြိမ်းခဲ့ကြောင်းသိရသည်။
▪️ ထို့အပြင် မတ်လ ၂၆ ရက်နေ့၊ မနက်၉ နာရီ ၃၀မိနစ် အချိန်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၇ လမ်း၊ ၃၇ လမ်းကြားတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၉ နာရီ ၅၅ မိနစ်အချိန်၌ မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 March 2026
■ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ငွေကျပ် ၃ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း သိရသည်။
■ လုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့က မတ်လ ၂၄ ရက် နံနက် ၂ နာရီခွဲခန့်တွင် တပ်ကုန်း-ကျောက်ဆည်ခရိုင်ချင်းဆက်လမ်းပေါ်ရှိ နန်းလုံကျေးရွာနှင့် ကျည်စုကျေးရွာကြား၌ ပင်လောင်းမြို့နယ်ဘက်မှ ဆာလာအိတ်များ တင်ဆောင်လာသည့် Shayan အမျိုးအစား ဆိုင်ကယ် ၂ စီးနှင့် Kenbo အမျိုးအစား ဆိုင်ကယ် ၁ စီးတို့ကို စစ်ဆေး ရှာဖွေခြင်းများ ဆောင်ရွက်ရန် တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ ခွန်လိမ္မာ ၊ ၄၀ နှစ်၊ (ဘ) ဦးထွန်းလှိုင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လူဖဲခြမ်းကျေးရွာနေသူအား ဆိုင်ကယ် ၃ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
■ အဆိုပါ ဆိုင်ကယ်များပေါ်တွင် တင်ဆောင်ထားသည့် ဆာလာအိတ်များကို ရှာဖွေ စစ်ဆေးခဲ့ရာတွင်လည်း ဆာလာအိတ် ၆ အိတ်အတွင်းမှ ငွေကျပ် ၃ ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၀၀၀,၀၀၀ ပြားတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
■ အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး အမှုဖွင့်ဆောင်ရွက်ထားရှိကာ ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/PP #Yangon_Times
Page 67 of 2354