ဆန်ဈေးကွက်အတွင်း သိုလှောင်ဈေးကစားသူတွေကို ထိန်းကျောင်းဖို့ ခက်ခဲနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 29 November 2024
#ဆန်ဈေးကွက် #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
#Local_News
Published 29 November
▪️ ကာဗွန်လျှော့ချရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် MSMEs လုပ်ငန်း များကို အမေရိကန်ဒေါ်လာ လေးသိန်းအထိထောက်ပံ့မည်ဖြစ်ကြောင်း စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သိရသည်။
▪️ ထိုသို့ ထောက်ပံ့ပေးအပ်ရန် U.S-ASEAN Smart Cities Partnership (USASCP) Business Innovation Fund (BIF) သို့ အဆိုပြုချက် တင်သွင်းနိုင်ရေး အတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အကြောင်း ကြားလာခြင်းဖြစ်ကြောင်း၊ အဆိုပါ ထောက်ပံ့မှုသည် အာဆီယံနိုင်ငံများအတွင်းရှိ မြို့ပြစိန်ခေါ်မှုများအတွက် Carbon Neutral Solution နှင့် စပ်လျဉ်း၍ စွန့်ဦးဆောင်ရွက်နေသည့် NGO များ၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးကူညီရန်ဖြစ်ပြီး အမေရိကန်ဒေါ်လာ နှစ်သောင်း မှ အမေရိကန်ဒေါ်လာ လေးသိန်းအထိ အထောက်အပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပြုချက်တင်သွင်းရန် ခေါ်ယူမှုမှာ မြန်မာနိုင်ငံအပါအဝင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊လာအို၊ အင်ဒိုနီးရှား၊မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် တို့လည်း ပါဝင်ကြောင်း၊ အသေးစိတ်အချက် အလက်များ ကို U.S-ASEAN Smart Cities Partnership (USASCP)၏ ဝက်ဘ်ဆိုက် တွင်ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပြီး အမျိုးအစားနှစ်မျိုးခွဲခြားက ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်နှင့် ဖေဖော်ဝါရီလ ၁၅ရက် နောက်ဆုံးထားကာ အဆိုပြုချက်များ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW#Yangon_Times
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်ဈေးကွက်အတွက် ဒီကနေ့ ထုတ်ပြန်ချက်အရ စက်သုံးဆီဈေးနှုန်းအားလုံးမြင့်တက်လာတယ်လို့ သိရပါတယ်။
#Local_News
Published 29 November 2024
#စက်သုံးဆီ #စက်သုံးဆီဈေးနှုန်းမြင့်တက်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထိုင်းဘတ် ၅ သန်းနီးပါး ကို ယမန်နေ့က ထပ်မံ ထုတ်ရောင်းလိုက်ပါတယ်။
#Local_News
Published 29 November 2024
#ထိုင်းဘတ်၅သန်း #ဗဟိုဘဏ်ထပ်မံရောင်း
#YMG/NN #Yangon_Times
အခုအပတ် ငါးရက်တာအတွင်း ပြင်ပရွှေ ဈေး ၁၂သိန်းကျော်ကျဆင်းလာတယ်လို့ ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 29 November 2024
#ပြင်ပရွှေဈေးကျဆင်း #ရွှေဈေးကွက်
#YMG/NN #Yangon_Times
၂၉ နိုဝင်ဘာ ၂၀၂၄
CLMV နိုင်ငံများအကြား လေးနိုင်ငံ ခရီးစဉ်တစ်ခု “ Four Countries, One Destination “ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေး အဆိုပါလေးနိုင်ငံက အဆိုပြုလိုက်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်တွင်ကျင်းပတဲ့ ကမ္ဘောဒီးယား၊ လာအို၊မြန်မာ၊ဗီယက်နမ် CLMV နိုင်ငံများရဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးများ ၏ ၇ ကြိမ်မြောက် အစည်းအဝေးအတွင်း ယင်းကို အဆိုပြု ခဲ့တာဖြစ် ပါတယ်။
ခရီးသွားလုပ်ငန်းတွေထပ်မံမြှင့်တင်ဖို့အတွက် အဆိုပါ “လေးနိုင်ငံ ခရီးစဉ်တစ်ခု” ကို ဆွေးနွေးပြီး အဆိုပြုခဲ့ကြတာဖြစ်ပါတယ်။ ခရီးသွားဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ CLMV နိုင်ငံများရဲ့ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး (၂၀၂၅-၂၀၂၆) အလုပ်အစီအစဉ်ကိုလည်း အတည်ပြုခဲ့ကြ ပါတယ်။
ယင်းအလုပ်အစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် လေးနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတွေရဲ့ အကြီးတန်းအရာရှိများနှင့် ဦးဆောင် နိုင်ငံ ညှိနှိုင်းဆောင်ရွက်ရေးမှူးတွေကိုလည်း အစည်းအဝေးက တာဝန်ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့တာကိုလည်း အစည်းအဝေးက အသိအမှတ် ပြု ချီးကျူးခဲ့ပါတယ်။
အစည်းအဝေးတွင် မြန်မာနစကအစိုးရရဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီးကမ္ဘောဒီးယား၊လာအို၊ ဗီယက်နမ်တို့မှ ခရီးသွားလာရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
@knl/ymg
#Local_News
Published 29 November
▪️ ပဋိပက္ခများကြောင့်နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာသူ ၃.၄သန်းခန်းရှိလာပြီဖြစ်သော်လည်း လူဦးရေ၃သန်းခန့်ကိုသာ လူသားချင်းစာနာမှုအကူအညီများပေးနိုင်သေးကြောင်း ကုလသမဂ္ဂလူသားချင်ယစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)၏လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွာမှ သိရသည်။
▪️ မရပ်မနားဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများမြင့်တက်နေပြီး အရပ်သား ကာ ကွယ်စောင့်ရှောက်ရေးလိုအပ်ချက်များနှင့်အတူ မြန်မာနိုင်ငံက လူသားချင်းစာနာမှုအကျပ်အတည်း သည် ဆက်လက်ဆိုးဝါးနေဆဲဖြစ်ကြောင်း ၊လက်နက်ကိုင်အဖွဲ့အစည်းအမျိုးမျိုးနှင့် တပ်မတော်တို့အကြားက ပဋိပက္ခသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်ကာ ပြင်းထန်လာခဲ့ပြီးနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၅ ခုမှ ၁၂ ခုသည်တိုက်ပွဲဒဏ်ကို ခံနေရကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
▪️ "ပဋိပက္ခမှာပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်တွေကို အဟန့်အတားမရှိ ခွင့်ပြုပေးရမှာဖြစ်ပြီး၊ အရပ်သားပြည်သူတွေဆီ လူမှုဘဝကယ်ဆယ်ရေးအ ကူအညီ တွေရောက်ရှိဖို့ ရှုပ်ထွေးတဲ့ကန့်သတ်ချက်တွေ ဖယ်ရှားပေးရပါမယ်" ဟု OCHA Myanmar မှ တာဝန်ရိသူတစ်ဦးကပြောသည်။
▪️ ပြင်းထန်သည့်တိုက်ပွဲများကြောင့် အရပ်သားပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်းမှာ စံချိန်တင်များ ပြားလာပြီး၊ နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၄ သန်းရှိလာပြီဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်အစမှ စက်တင်ဘာလကုန်အထိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည်လူဦးရေ ၃ သန်းနီးပါးကို အကူအညီပေးခဲ့ပြီးဖြစ်သော်လည်း ရန်ပုံငွေရရှိမှုအလွန်အမင်းနည်းပါးခဲ့ခြင်းကြောင့် ပြည့်ပြည့်ဝဝ အကူအညီမပေးနိုင်ခဲ့ကြောင်း၊ နှစ်ကုန်ပိုင်းသို့ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း၂၀၂၄ ခုနှစ် လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့်တုန့်ပြန်ရေးလုပ်ငန်းစီမံချက်အတွက် ရန်ပုံငွေသည် ၃၄ ရာခိုင်နှုန်းခန့်သာရရှိခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် အရေးပေါ်အကူအညီများပေးရန်များစွာထိခိုက်ရကြောင်း အစီရင်ခံစာဖော်ပြချက်အရသိရသည်။
#YMG/SW#Yangon_Times
Page 640 of 2421