၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ခေါ်ယူထားတဲ့ရွှေကြိုမောင်မယ်လျှောက်ထားသူတွေရဲ့"ပဏာမလူတွေ့စစ်ဆေးခြင်း"ကို ယခုလ၁၅ရက်မှာ ပြုလုပ်သွားမယ်လို့ ရွှေကြိုရွေးချယ်ရေးကော်မတီ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။
#Local_News
Published 12 December 2024
#ရွှေကြိုမောင်မယ် #လူတွေ့စစ်ဆေး
#YMG/SW #Yangon_Times
#Local_News
Published 12 December 2024
▪️ IBEC Buddhist University ၌ ကျင်းပမည့် သုတေသနစာတမ်းဖတ်ပွဲနှင့် ဒုတိယအကြိမ်မြောက်ကျွန်းလှဗုဒ္ဓတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနား၌ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိသူများအား ဘွဲ့များပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သုတေသနစာတမ်းဖတ်ပွဲနှင့် ဒုတိယအကြိမ်မြောက်ကျွန်းလှဗုဒ္ဓတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားကို လာမည့် ဒီဇင်ဘာ ၂၁ ရက်နံနက် ၈ နာရီတွင် IBEC Buddhist University ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပမည်ဖြစ်သည်။
▪️ IBEC Buddhist University နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တို့၏ တက္ကသိုလ်ဆီးနိတ်မှ ပထမဆုံးချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ (Honorary Doctorate)ရရှိသူ(၇)ဦးရှိပြီး ကျွန်းလှဗုဒ္ဓတက္ကသိုလ်၏ နာယကဆရာတော်၊ ပါမောက္ခဒေါက်တာစောပြုံးနိုင်(ပါမောက္ခချုပ် (ငြိမ်း) စစ်ကိုင်းပညာရေးတက္ကသိုလ်)(ဧည့်ပါ မောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာတင်မောင်ဝင်း(ဒု-ပါမောက္ခချုပ်(ငြိမ်း) လွိုင်ကော်တက္ကသိုလ်)(ဒု-ပါမောက္ခချုပ် (သင်ကြား) ကျွန်းလှဗုဒ္ဓတက္ကသိုလ်)တို့ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
▪️ ထို့ပြင် ပါမောက္ခဒေါက်တာရီအေး(ပါမောက္ခ ချုပ်(ငြိမ်း)၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ စစ်ကိုင်း)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာမို့မို့ရီ(ပါမောက္ခချုပ်၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ စစ်ကိုင်း)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာအောင်ဆန်းလင်း(ပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်၊ ရတနာပုံ ဆိုက်ဘာစီးတီး)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ဒေါက်တာပိယရတနမဟာရာဂျန်
(နိုင်ငံတကာပူးပေါင်းဆောင်ရွက်သူ၊ နီပေါ)(ဧည့်ကထိက၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)တို့ကိုလည်း ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များ ချီးမြှင့်အပ် နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 December 2024
▪️ မန္တလေးတိုင်းဒေသကြီး ၊အမရပူရမြို့နယ်ရှိ သီရိမင်္ဂလာကားဝင်းအတွင်း၌ မီးလောင်မှုတစ်ခု ယနေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဒီဇင်ဘာ ၁၂ ရက်နေ့၊ မနက် ၂ နာရီ ၃၈မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ဝဝကျေးရွာ၊ သီရိမင်္ဂလာကားဝင်းအတွင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၃နာရီ ၁၁မိနစ် အချိန်၌ မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြေင့် ဆုံးရှုံးမှုတန်ဖိုးများအားဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 December 2024
▪️ ပဲခူးတိုင်းဒေသကြီး၏ ဒေသထုတ်ကုန်များရောင်းချမည့်တတိယမြောက်အရောင်းစင်တာကိုတောင်ငူမြို့တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
▪️ တတိယမြောက် ပဲခူးတိုင်းဒေသကြီးဒေသထုတ်ကုန် အရောင်းစင်တာကို တောင်ငူမြို့ အမှတ်(၁၄) ရပ်ကွက်၊ နံပါတ်(၁)လမ်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် အဆောက်အဦးတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အရောင်းစင်တာဖွင့်လှစ်နိုင်ရန်အတွက် အဆောက်အဦ ပြင်ဆင်မွမ်းမံခြင်းကို တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ကလည်းကောင်း၊ အရောင်းစင်တာအတွင်း ပစ္စည်းတင်စင်များပြင်ဆင်ခြင်း၊ ရောင်းချမည့်ပစ္စည်းများစုဆောင်းခြင်းကို တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှလည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ပဲခူးတိုင်းဒေသကြီး ဒေသထုတ်ကုန်အရောင်းစင်တာများကို ပဲခူးမြို့နှင့် ပြည်မြို့တို့တွင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင် တောင်ငူမြို့၌ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ အဆောက်အဦ ပြင်ဆင်ခြင်းလုပ်ငန်း ပြီးစီးတော့မည်ဖြစ်၍ မကြာမီကာလအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_12 Dec 2024
▪️ မန္တလေးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ်ဆောင်သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန်ခန့် ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့ကြောင်း သိရသည်။
▪️ ဒီဇင်ဘာလ ၃ ရက်ညနေ ၅ နာရီအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ အနီးတွင် သိန်းထိုက်အောင် မောင်းနှင်သည့် ISUZU ၁၂ ဘီး မော်တော်ယာဉ်နှင့် ကျော်ဝင်း မောင်းနှင်သည့် FUSO ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီး ပေါ်တွင် နွားချေးမြေဩဇာများဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့် ယင်းထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂ တန်ခန့်ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ စစ်ဆေးဖော်ထုတ်ချက်အရ ကဖင်းများတရားမဝင် သယ်ဆောင် ရောင်းဝယ်ရာတွင်ပါဝင်သူ နေအောင် အား ဒီဇင်ဘာလ ၄ ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျကျေးရွာ၌ ဖမ်းဆီးရမိခဲ့ပြီး ကဖင်းများကို မန္တလေးမှရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ်ဆောင်ခိုင်းသူ အိုက်စိုးပေါက်(ခ)စိုင်းထွန်းထွန်း နှင့် ရင်အောင်သူ တို့အား ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် FORD RANGER မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း၊ ချမ်းမြသာ စည် မြို့နယ်ရှိ ရင်အောင်သူ ၏နေအိမ်မှ TOYOTA LANDCRUISER မော်တော်ယာဉ်တစ်စီးကို လည်းကောင်း၊ ပူးပေါင်းပါဝင်သူများဖြစ်သည့် အောင်စိုးလင်း(ခ) အောင်အောင် အား အမရပူရမြို့နယ်တွင်လည်းကောင်း၊ စိုင်းသီဟငယ်(ခ)သီဟ(ခ)မောက်ဆိုင် အား ပုသိမ်ကြီးမြို့နယ်တွင်လည်းကောင်း၊ ဒီဇင်ဘာလ ၆ ရက်တွင် မန္တလေးမှ ကဖင်းအိတ်များ သယ်ဆောင်ခဲ့သူ စိုင်းနေမင်းထွန်း အား အောင်မြေသာစံမြို့နယ်တွင် ကဖင်းများ သယ်ဆောင်ပေးခဲ့သည့် PRADO မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း၊ မန္တလေးမြို့၌ ကဖင်းအိတ်များသို လှောင်ပေးခဲ့သည့် ဂိုဒေါင်ပိုင်ရှင် ချစ်စိန်အား မဟာအောင်မြေမြို့နယ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
▪️ ယခုအခါ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း များကို မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နေ ယုံကော ၏ အစီအမံဖြင့် မန္တလေးတိုင်းဒေသကြီးမှ တစ်ဆင့် ရှမ်းပြည် နယ်(မြောက်ပိုင်း)သို့ တရားမဝင်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီများ၏ သုတေသနပြုသတင်းဖလှယ်ချက်များအရ ကဖင်း တစ်တန်အား အခြားဓာတုပစ္စည်းများနှင့်ရောစပ်၍ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်မည်ဆိုပါက ဆေးပြား ၁၄ သန်းခန့် ထုတ်လုပ်နိုင်ကြောင်းသိရှိရပြီး မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း နယ်စပ် ဒေသများမှတစ်ဆင့် တရားမဝင်တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂၄ တန်ကျော် ဖမ်းဆီးအရေးယူထားရှိသဖြင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆ သန်းကျော် ထုတ်လုပ်ခြင်းကို တားဆီးကာကွယ် နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့က သိရသည်။
#Yangon_Times/PP
၁၁ ဒီဇင်ဘာ ၂၀၂၄
ရန်ကုန်မြို့၏ ပွဲတော်ညဈေးများတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ ကျွန်းတောပွဲတော်ဈေးကို စမ်းချောင်း မြို့နယ် ကျွန်းတောလမ်းမကြီးပေါ်တွင် ကျင်းပလျက်ရှိနေပါတယ်။
ယမန်နေ့ ဒီဇင်ဘာ ၁၀ရက်ကစခဲ့တဲ့ ပွဲတော်ဈေးမှာ ဒေသခံများရဲ့လက်လုပ် မြန်မာမုန့်၊ မြန်မာ့ရိုးရာ အစားအစာ များ၊အသုတ်စုံ၊အကြော်၊ရေမုန့်စသည်တို့ဖြင့် သွားရေယိုစရာအစားအစာစုံကို ခင်းကျင်း ရောင်းချနေပါတယ်။
အဲဒီအပြင် ပျော်ရွှင်ဆော့ကစားစရာ ချား၊ရဟတ်များကိုလည်း ထည့်သွင်းထားလို့ အစားအသောက်မြတ် နိုးသူတွေ၊ ဆော့ကစားသန်တဲ့ကလေးသူငယ် လူငယ်လူရွယ်တွေအများစုနှင့် ပွဲတော်ဟာ စည်ကားနေပါ တယ်။
ကျွန်းတောပွဲတော်ဈေးကို ဒီဇင်ဘာ ၁၆ ရက်နေ့အထိကျင်းပသွားမယ်လို့သိရပါတယ်။
#Daily_News
Published 11 December 2024
၁။ ပြည်တွင်းစားဆန် ဈေးကျပ်၈၅,၀၀၀ မှ ၁၅၀,၀၀၀ ကျပ်အကြား သတ်မှတ်ထားပြီး ၈ ရာခိုင်နှုန်းထက်ပို၍ ရောင်းချခြင်းမပြုရ
၂။ တစ်နိုင်ငံလုံးနှင့် တိုင်းရင်းသားအားလုံး ပါဝင်ဆင်နွှဲနိုင်သောကြောင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ယူနက်စကိုဝင်ခဲ့ဟုဆို
၃။ တရုတ်ယွမ် ၉ သိန်းနီးပါး ဗဟိုဘဏ်ထပ်မံထုတ်ရောင်း
၄။ ၂၀၂၄ ၏ ပထမ(၁၁)လသည် ကမ္ဘာ့အပူနွေးဆုံးကာလအဖြစ်စံချိန်တင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 624 of 2421