#Daily_News
Published 4 February 2025
၁။ နာမည်ကြီးရွှေဆိုင်အချို့၏ ဆိုင်ခွဲများလိုင်စင်တင်ခြင်းမရှိ ဟုဆို
၂။ ပြည်ပပြန်လုပ်သားများအား ပြည်တွင်း၌အလုပ်အကိုင်ချိတ်ဆက်ပေးမည်
၃။ မိန်းမလှကျွန်းဘေးမဲ့တော၌ ဆောင်းခိုငှက်မျိုးစိတ် ၁၄၀ ကျော်လာရောက်ကျက်စား
၄။ ဖိလစ်ပိုင်တွင် အစိုးရဘတ်ဂျက်အား ပြည်သူများဆန္ဒပြကန့်ကွက်
... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 4 February 2025
▪️ ထားဝယ်မြို့တွင် ဆီပိဿာချိန်၆၀၀၀ခန့်ကိုသတ်မှတ်ရည်ညွှန်း စျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
▪️ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၅၃)ပေပါသည် ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ၁၁း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ် ကွက်၊ ရေးလမ်းရှိ ရွှေမြင့်မိုရ်ယာဥ်ရပ်နားစခန်းသို့ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါစားအုန်းဆီစုစုပေါင်း(၅၃)ပေပါအား ကုမ္ပဏီ၏လက်ကားအရောင်းကိုယ်စားလှယ်မှ တစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင်လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်း စျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 4 January 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တရုတ်ယွမ် ၅ သိန်း ကို ယမန်နေ့က ထုတ်ရောင်းခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ငွေလဲနှုန်း ၅၄၁ ကျပ်ဖြင့် တရုတ်ယွမ် ၅ သိန်းကို ဖေဖော်ဝါရီလ (၃) ရက်နေ့၌ ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။
▪️ ၎င်းအပြင် AD လိုင်စင်ရဘဏ်များ၌ လုပ်ငန်းရှင်များအကြား အမေရိကန်ဒေါ်လာ ၁၃.၀၂၃ သန်း၊ တရုတ်ယွမ် ၂.၉၉၉ သန်းနှင့် ထိုင်းဘတ် ၇၀.၉၅၄ သန်း အလွှဲအပြောင်းရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 4 January 2025
▪️ ဂျပန်ပညာရေးပြပွဲကို ရန်ကုန်မြို့၌ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကို ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ အမှတ် (၅၂၇) M-Tower ၁၈ လွှာမည် ကျင်းပသွားမည်ဖြစ်သည်။
▪️ ယင်းပြပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ MAJA Education Center၊ OJEIC တို့က ပါဝင်ဆွေးနွေးကြမည်ဖြစ်ပြီး ဂျပန်နိုင်ငံရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ အသက်မွေးဝမ်းကျောင်း ကောလိပ်များနှင့် ဂျပန်နိုင်ငံသင်တန်းကျောင်းများမှ တာဝန်ခံဆရာ/ဆရာမများက လာရောက်ရှင်းလင်းပြောကြားကြမည်ဖြစ် ကြောင်း သိရသည်။
▪️ ဂျပန်-မြန်မာ စကားပြန်များကိုလည်း စီစဉ်ပေးထားပြီး လွတ်လပ်စွာ တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်မည့် အပြင် ပါဝင်ပြသကြမည့် ဂျပန်စာသင်ကျောင်းများအကြောင်း မိတ်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။
▪️ ပြပွဲ၌ ဂျပန်ပညာတော်သင်ဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေးခြင်း၊ ပညာသင်ထောက်ပံ့ကြေးဆိုင်ရာ အခွင့်အလမ်းများ၊ တက္ကသိုလ် တက်ရောက်နိုင်မည့် အခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ အချိန်ပိုင်းအလုပ်များနှင့် ပညာတော်သင်ဆိုင်ရာ အတွေ့အကြုံများကို ဆွေးနွေးပြောကြားသွားမည် ဖြစ်သည်။
▪️ ၎င်းအပြင် ပညာတော်သင်ထောက်ပံ့ကြေးရရှိရန် ကျောင်းသား/ကျောင်းသူများအတွက် MAJA နှင့် OJEIC အဖွဲ့အစည်းမှ နှစ်စဉ်ပေးအပ်လေ့ရှိသည့် Scholarship Program များ၊ စာပေပြိုင်ပွဲများကိုလည်း ပြပွဲတွင် ရှင်းလင်းပြောကြားပေးသွားမည်ဖြစ်သည်။
▪️ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ တွင်ပါဝင်မည့်အဖွဲ့အစည်းများနှင့် ကျောင်းများမှာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး Kyoto University of Advanced Science၊ Chinzei Gakuin University၊ Yu Language Academy၊ Okayama University Japan Education Information Center(OJEIC)၊ Myanmar Association of Japan Alumni(MAJA) တို့ဖြစ်ပြီး ပြပွဲသို့ ကျောင်းသားမိဘများနှင့် ဂျပန်စာသင်တန်းကျောင်းများမှ ဆရာ/ဆရာမများလည်း တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
အကောက်ခွန်ကုန်လှောင်ရုံတွေမှာ ပို့ကုန်သွင်းကုန် ထည့်သွင်းခွင့်အတွက် CMP လုပ်ငန်းဆောင်ရွက်ခွင့်ရ ကုမ္ပဏီတွေ လျှောက်ထားနိုင်တယ်လို့ အကောက်ခွန်ဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 4 February 2025
#CMP #အကောက်ခွန်ကုန်လှောင်ရုံ
#YMG/SW #Yangon_Times
နှစ်လတာအတွင်း မိန်းမလှကျွန်းဘေးမဲ့တောမှာ ဆောင်းခိုငှက်မျိုးစိတ် ၁၄၀ ကျော်လာရောက်ကျက်စားဆောင်းခိုခဲ့တယ်လို့ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကသိရပါတယ်။
#Local_News
Published 4 February 2025
#မိန်းမလှကျွန်းဘေးမဲ့တော #ဆောင်းခိုငှက်မျိုးစိတ်
#YMG/NN #Yangon_Times
ပြည်ပနိုင်ငံတွေကနေ ပြည်တွင်းကို ပြန်လည်ရောက်ရှိလာတဲ့ လုပ်သားတွေကို ပြည်တွင်းမှာပဲ အလုပ်အကိုင်အခွင့်အလမ်းရရှိစေဖို့ ချိတ်ဆက်ဆောင်ရွက်ပေးလျှက်ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 4 February 2025
#အလုပ်သမားဝန်ကြီးဌာန #အလုပ်အကိုင်ချိတ်ဆက်ပေး
#YMG/SW #Yangon_Times
Page 562 of 2422