ဝင်္ဂဘော်ဆင်စခန်းက ဆင်အမွှာလေးကျော်ပုလဲယမန်နေ့က ကွယ်လွန်ခဲ့ ရှာပြီဖြစ်တာကြောင့် သဂြိုလ်ပြီးစီးပြီလို့ ယင်းဆင်စခန်းကနေ သိရပါတယ်။
#Local_News
Published 7 July 2025
#ဝင်္ဂဘော်ဆင်စခန်း #ဆင်အမွှာလေးကျော်ပုလဲကွယ်လွန်
#YMG/NN #Yangon_Times
ဂျပန်ရိုးရာကြယ်တာရာပွဲတော်ကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာမှာ ယနေ့စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 7 July 2025
#ဂျပန်ရိုးရာကြယ်တာရာပွဲတော် #ဂျပန်ယဥ်ကျေးမှုစင်တာ
#YMG/SW #Yangon_Times
ယခုနှစ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ဆန်စပါးတန်ချိန် (၃)သန်း တင်ပို့ရောင်းချနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 7 July 2025
#ဆန်စပါးတန်ချိန် #မြန်မာနိုင်ငံဆန်စပါးအသင်း
#YMG/SW #Yangon_Times
#Local_News
Published 7 July 2025
▪️ မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၈) ခုရှိ မြို့နယ် (၅၄) ခုရှိ နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိခဲ့ရာ အဆိုပါ ငလျင်ဒဏ်သင့် နေအိမ်များအတွက် ငွေသားနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကျပ် ၁.၆ ထရီလီယံကျော် ထောက်ပံ့သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ် ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
▪️ ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများ၏ နေအိမ်ပေါင်း (၅၀၀၀၀)ကျော်အတွက် ဘိလပ်မြေ၊ သံချောင်း၊ သစ်၊ အိမ်မိုးသွပ်များ စသည့် ဆောက်လုပ် ရေးဆိုင်ရာပစ္စည်းများဝယ်ယူရန်အတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ရန်ပုံငွေဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ထိုသို့ထောက်ပံ့ပေးရာတွင် နေအိမ်အမျိုးအစားပေါ်မူတည်၍ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 7 July 2025
▪️ လေယာဥ်စီးနင်းသူများ၏ လက်ဆွဲအိတ်(Hand Carry Baggage)အတွင်း ပါဝါဘဏ် (Power Bank) များကို သယ်ဆောင်ခွင့်ပြုသော်လည်း လေယာဥ်ပေါ်တွင် အသုံးပြုခွင့်မပြုကြောင်း Myanmar Airways International(MAI) မှ ထုတ်ပြန်ထားသည်။
▪️ MAI အနေဖြင့် ခရီးသည်များ၏ ဘေးကင်းရေးအတွက် အကောင်းဆုံး ဦးစားပေး ဆောင်ရွက်လျှက်ရှိပြီး နိုင်ငံတကာလေကြောင်းဘေးကင်းရေးစည်းမျဉ်းများနှင့်အညီ အပြည့်အဝလိုက်နာမှုလျှက်ရှိရာ ပါဝါဘဏ်များသယ်ဆောင်ခြင်းနှင့်ပတ်သက်သော နောက်ဆုံးပေါ်မူဝါဒကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယခုလ ၁ရက်မှ စတင်ကာ လေယာဉ်ပေါ်လိုက်ပါသူအားလုံးအတွက် ဘေးကင်း လုံခြုံသော ခရီးစဥ်ဖြစ်စေရေးအတွက် ခရီးသည်တစ်ဦးလျှင် 100Wh ပါဝါဘဏ် နှစ်လုံး သို့မဟုတ် 100Wh-160Wh ပါဝါဘဏ်တစ်လုံးကို လက်ဆွဲအိတ်(Hand Carry Baggage)အတွင်း သယ်ဆောင်ခွင့်ပြုပြီး လေယာဥ်ပေါ်တွင် မိမိထိုင်ခုံ၏အောက် သို့မဟုတ် ထိုင်ခုံအိတ်ကပ် အတွင်း၌သာ ထားရှိရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
▪️ သို့သော်လေယာဥ်ပေါ်သို့ ပါဝါဘဏ်သယ်ဆောင်ခွင့်ပြုသော်လည်း ပါဝါဘဏ်ကို အားသွင်းခြင်းနှင့် ပါဝါဘဏ်အသုံးပြုကာ အခြားDevice များသို့ အားသွင်းအသုံးပြုခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း၊ ထို့ပြင်ပျက်စီးနေသည့် ပါဝါဘဏ်များကိုလည်း သယ်ဆောင်ခွင့်မပြုကြောင်း သိရသည်။
▪️ အဆိုပါ မူဝါဒအသေးစိတ်အချက်အလက်အပြည့်အစုံနှင့် ထုတ်ပြန်ထားသော တရားဝင်လမ်းညွှန်ချက်များကို ချက်အင်ကောင်တာများတွင် ဖတ်ရှုနိုင်ကြောင်း MAI က အသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 7 July 2025
▪️ အိုမန်နိုင်ငံ၊ ဆိုဟာမြို့တွင်မြန်မာအမျိုးသမီးအချင်းချင်းသတ်ဖြတ်မှု တစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့တယ်လို့ မြန်မာအလုပ်သမား အသိုင်းအဝိုင်းမှ သိရသည်။
▪️ အဆိုပါ နိုင်ငံသို့ အိမ်အကူလုပ်ငန်း လုပ်ကိုင်ရန် မြန်မာအမျိုးသမီးက အိုမန်တွင် ရုံးထိုင်ပြီး အလုပ်သမားနှင့် အိမ်ရှင်များအကြား ညှိနှိုင်းပေးသည့် ကြားခံအကျိုးဆောင် မြန်မာအမျိုးသမီးကို ဓားဖြင့်ထိုး၍ သ- တ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ 'ရုံးထိုင်ကလည်း နည်း နည်းမောက်မာတဲ့အပိုင်းမှရှိတယ် ပြောတယ်၊ သတင်းတွေကတော့ အမျိုးမျိုးပြောနေကြပါတယ်၊ အခုဖြစ်သွားတာက ခံလိုက်ရတဲ့သူအတွက်လည်း မကောင်းပါဘူး၊ ဒီနိုင်ငံဖြစ်ဖြစ် ဘယ်နိုင်ငံပဲဖြစ်ဖြစ်သည်းမခံနိုင်ရင်မလာကြတာပဲ ကောင်းပါတယ်၊ ညီမတို့ဆို အားလုံးကို ဒီလိုပဲအရမ်းသည်းခံရတာ'ဟု အိုမန်နိုင်ငံ မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့်ဧရာဝတီတိုင်း၊ မြန်အောင်မြို့ဇာတိဖြစ်သည့်
အသက် ၂၃ နှစ်အရွယ်ရှိ မယုနန္ဒာ ေ-သဆုံးခဲ့ရကြောင်း သိရသည်။
▪️ ထို့အပြင် ပြစ်မှုကျူးလွန်သူဟု ယူဆခံထားရသူသည် ရန်ကုန်မြို့၊ သန်လျင်ဇာတိဖြစ်သည့် အသက် ၄ဝ အရွယ်အမျိုးသမီးဖြစ်ပြီး အိုမန်သို့ ရောက်ရှိသည်မှာ ရက်ပိုင်းပဲရှိသေးကြောင်း သိရသည်။
▪️ ကနဦးသတင်းများအရ အိမ်ရှင်နှင့်ပတ်သက်သည့် မကျေနပ်ချက်အချို့ကို ရုံးထိုင်အကျိုးဆောင်သို့ ဆက်သွယ်အကြောင်းကြား ညှိနှိုင်းဖြေရှင်းကြရာ အဆင်မပြေဖြစ်ဖြစ်ပြီး လူသတ်မှုအထိဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်ကိုဆော်ဒီအာရေဗျရှိ မြန်မာသံရုံးမှလည်း ဆက်သွယ်မေးမြန်းမှုများ လုပ်နေသည့်အပြင်ကျူးလွန်သူဟုယူဆရသူကို သက်ဆိုင်ရာနိုင်ငံရှိ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားပြီး တိုက်ရိုက်ကိုင်တွယ်နေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
၇ ဇူလိုင် ၂၀၂၅
▪️ မြန်မာ့တပ်မတော်က မိုးဗြဲမြို့ကို ဇူလိုင်လ ၆ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြုပြောကြားပါတယ်။
▪️ ဇူလိုင်လ ၆ ရက်နေ့က နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အဆိုပါသတင်းကို အထောက်အထား ဓာတ်ပုံများ ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
▪️ မိုးဗြဲမြို့ကို မြန်မာ့တပ်မတော်မှ ပြန်လည်သိမ်းပိုက်ရရှိရေး စစ်ဆင်ရေးဆင်နွှဲခဲ့ရာတွင် တိုက်ပွဲများ အတွင်း ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့တဲ့ Free Burma Rangerလို့ခေါ်တဲ့ နိုင်ငံခြားသား အဖွဲ့များနှင့် လူသားချင်းစာနာထောက်ထားခြင်းခေါင်းစဉ်ဖြင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆေးကုသရေး အဖွဲ့များအား အပြီးတိုင်ချေမှုန်းသုတ်သင်ခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
▪️ ခြောက်လကြာမြင့်ခဲ့တဲ့ အဆိုပါ အတွင်း မြန်မာ့တပ်မတော်သည် တိုက်ပွဲကြီးပေါင်း ၂၁၅ ကြိမ်၊ ထိတွေ့မှုပေါင်းကြိမ် ၄၀၀ ဖြစ်ပွားခဲ့ပြီး မိုးဗြဲမြို့၏ တောင်ဘက်အစွန်ဆုံးမွေတော်ဘုရားရှိရာ မြို့မ ရပ်ကွက်အား ဇူလိုင်လ ၅ ရက်နေ့တွင်လည်းကောင်း၊ အရှေ့ဘက်အစွန်ဆုံးရပ်ကွက်ဖြစ်သည့် ညောင်ဝိုင်းရပ်ကွက်အား ဇူလိုင်လ ၆ ရက်နေ့၊နေ့လယ်ပိုင်းတွင်လည်းကောင်းပြန်လည်သိမ်းပိုက်ရရှိ ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
▪️ စစ်ဆင်ရေးတစ်ခုလုံးတွင် တိုက်ပွဲကြီးငယ် ၆၁၅ ကြိမ်၊ ရန်သူအလောင်း ၂၄ လောင်း၊ လက်နက်မျိုးစုံ ၆၃ လက်အပါအဝင် အခြားအရေးကြီး စာရွက်စာတမ်းများနှင့် Video File များ သိမ်းဆည်းရမိခဲ့ပါတယ်။
▪️ KNPP ၊ KNDF နှင့် ၎င်းတို့၏ မဟာမိတ် အကြမ်းဖက်အဖွဲ့ တပ်ပေါင်းစုများသည် မိုးဗြဲမြို့အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်အဆောက်အအုံများအကြားနှင့် အများပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေး လမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့် အညီဆောင်ရွက်ခဲ့ရပါတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
▪️ ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့တို့အား ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်ရှိ ရှင်းလင်းရန်ကျန်ရှိနေသည့် ၄ ဒသမ ၅ ကီလိုမီတာအကွာအဝေးအား အပြီးတိုင် ဆက်လက်ရှင်းလင်းပေးခြင်းဖြင့် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းဆက်သွယ်ရေးလမ်းမကြီးအား မကြာမီအချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
#ymg/knl
Page 360 of 2399