#Local_News
Published 7 July 2025
▪️ လေယာဥ်စီးနင်းသူများ၏ လက်ဆွဲအိတ်(Hand Carry Baggage)အတွင်း ပါဝါဘဏ် (Power Bank) များကို သယ်ဆောင်ခွင့်ပြုသော်လည်း လေယာဥ်ပေါ်တွင် အသုံးပြုခွင့်မပြုကြောင်း Myanmar Airways International(MAI) မှ ထုတ်ပြန်ထားသည်။
▪️ MAI အနေဖြင့် ခရီးသည်များ၏ ဘေးကင်းရေးအတွက် အကောင်းဆုံး ဦးစားပေး ဆောင်ရွက်လျှက်ရှိပြီး နိုင်ငံတကာလေကြောင်းဘေးကင်းရေးစည်းမျဉ်းများနှင့်အညီ အပြည့်အဝလိုက်နာမှုလျှက်ရှိရာ ပါဝါဘဏ်များသယ်ဆောင်ခြင်းနှင့်ပတ်သက်သော နောက်ဆုံးပေါ်မူဝါဒကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယခုလ ၁ရက်မှ စတင်ကာ လေယာဉ်ပေါ်လိုက်ပါသူအားလုံးအတွက် ဘေးကင်း လုံခြုံသော ခရီးစဥ်ဖြစ်စေရေးအတွက် ခရီးသည်တစ်ဦးလျှင် 100Wh ပါဝါဘဏ် နှစ်လုံး သို့မဟုတ် 100Wh-160Wh ပါဝါဘဏ်တစ်လုံးကို လက်ဆွဲအိတ်(Hand Carry Baggage)အတွင်း သယ်ဆောင်ခွင့်ပြုပြီး လေယာဥ်ပေါ်တွင် မိမိထိုင်ခုံ၏အောက် သို့မဟုတ် ထိုင်ခုံအိတ်ကပ် အတွင်း၌သာ ထားရှိရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
▪️ သို့သော်လေယာဥ်ပေါ်သို့ ပါဝါဘဏ်သယ်ဆောင်ခွင့်ပြုသော်လည်း ပါဝါဘဏ်ကို အားသွင်းခြင်းနှင့် ပါဝါဘဏ်အသုံးပြုကာ အခြားDevice များသို့ အားသွင်းအသုံးပြုခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း၊ ထို့ပြင်ပျက်စီးနေသည့် ပါဝါဘဏ်များကိုလည်း သယ်ဆောင်ခွင့်မပြုကြောင်း သိရသည်။
▪️ အဆိုပါ မူဝါဒအသေးစိတ်အချက်အလက်အပြည့်အစုံနှင့် ထုတ်ပြန်ထားသော တရားဝင်လမ်းညွှန်ချက်များကို ချက်အင်ကောင်တာများတွင် ဖတ်ရှုနိုင်ကြောင်း MAI က အသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times