#Local_News
Published 7 July 2025

▪️ မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၈) ခုရှိ မြို့နယ် (၅၄) ခုရှိ နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိခဲ့ရာ အဆိုပါ ငလျင်ဒဏ်သင့် နေအိမ်များအတွက် ငွေသားနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကျပ် ၁.၆ ထရီလီယံကျော် ထောက်ပံ့သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ် ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

▪️ ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများ၏ နေအိမ်ပေါင်း (၅၀၀၀၀)ကျော်အတွက် ဘိလပ်မြေ၊ သံချောင်း၊ သစ်၊ အိမ်မိုးသွပ်များ စသည့် ဆောက်လုပ် ရေးဆိုင်ရာပစ္စည်းများဝယ်ယူရန်အတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ရန်ပုံငွေဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ထိုသို့ထောက်ပံ့ပေးရာတွင် နေအိမ်အမျိုးအစားပေါ်မူတည်၍ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times