အခုရက်ပိုင်းအတွင်း စားသုံးဆီလုပ်ငန်းရှင်တွေကို နိုင်ငံခြားငွေကြေးတွေ ထုတ်ရောင်းပေးခဲ့သလို စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင် တွေကိုလည်း ဒေါ်လာ ၃၃သန်းထပ်မံ ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးလာပါတယ်။
#Local_News
Published 17 July 2025
#စားသုံးဆီလုပ်ငန်းရှင် #ဒေါ်လာထုတ်ရောင်းပေး
#YMG/NN #Yangon_Times
Brave Heart (Individual) တစ်ဦးချင်း မီးသတ်စွမ်းရည်ပြိုင်ပွဲမှာ နိုင်ငံအဝှမ်းမှ မီးသတ်သမား၄၇ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က အသိရပါတယ်။
#Local_News
Published 17 July 2025
#မီးသတ်စွမ်းရည်ပြိုင်ပွဲ #မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်
#YMG/NN #Yangon_Times
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပမယ့် အဝတ်အထည်ဆင်ယင်မှုအရင်းအမြစ်ပြပွဲမှာ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က ပါဝင်ပြသသွားမယ်လို့ သိရပါတယ်။
#Local_News
Published 17 July 2025
#ပဲရစ်အဝတ်အထည်ဆင်ယင်မှု #မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း
#YMG/SW #Yangon_Times
#Local_News
Published 17 July 2025
▪️ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် သက်သာသောအတိုးနှုန်းဖြင့်ကျပ်ဘီလီယံ ၇၀၀ထုတ်ချေးသွားမည်ဖြစ်ကြောင်း ယမန်နေ့ကပြုလုပ်သည့် အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ ကြီးကြပ်မှုဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးမှ သိရသည်။
▪️ ဇူလိုင် ၇ ရက်တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီကိုလည်းကောင်း၊ ဇူလိုင် ၁၁ ရက်တွင် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲကိုလည်းကောင်း ဖွဲစည်းခဲ့ပြီးဖြစ်ကြောင်း၊ ရန်ပုံငွေထူထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသောစီးပွားရေး လုပ်ငန်းများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရန်၊ ပြည်သူများ၏ အိုးအိမ်များ ပြန်လည်ထူထောင်ရန်နှင့် နေထိုင်မှုအဆင်ပြေစေရန် သက်သာသောအတိုးနှုန်းဖြင့် တစ်ဖက်တစ်လမ်းမှ ချေးငွေပံ့ပိုးပေးနိုင်ရန်၊ ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက် အထူးချေးငွေအစီအစဉ်တွင် ပါဝင်သည့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ ပံ့ပိုးမှုတို့ဖြင့် ရန်ပုံငွေအား စုစုပေါင်းငွေကျပ်ဘီလီယံ ၇၀၀ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အစည်းအဝေးတွင် ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌက တက်ရောက်လာသူများ၏ ဆွေးနွေးအကြံပြုချက်များအရ ဦးစားပေးကဏ္ဍများအနေဖြင့် MSME လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ပုဂ္ဂလိကစာသင်ကျောင်းများ၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ ပျက်စီးသွားသော လူနေအိမ်များအား ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ အမြန်ဆုံးထုတ်ချေးသွားနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
▪️ ထိုသို့ထုတ်ချေးရာတွင်အဆောက်အအုံနှင့် နေအိမ်များ ပြန်လည်တည်ဆောက်မွမ်းမံရေးအတွက် အတိုးနှုန်း ၃ ရာခိုင်နှုန်း၊ MSME များ၏ လုပ်ငန်းလည်ပတ်ရင်းနှီးငွေ (Working Capital) နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအတွက် အတိုးနှုန်း ၅ ရာခိုင်နှုန်း၊ စက်ရုံလုပ်ငန်းကြီးများ၏ စက်ယန္တရားများနှင့် ရင်းနှီးမြှုပ်နှံမှုစရိတ်အတွက် အတိုးနှုန်း ၇ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် ယာယီချေးငွေ (Bridging Loan) အတွက် အတိုးနှုန်း ၇ ရာခိုင်နှုန်းတို့ဖြင့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
၁၇ ဇူလိုင် ၂၀၂၅
▪️ နစကဒုတိယဥက္ကဋ္ဌ၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အိန္ဒိယတပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနှင့်အိန္ဒိယနယ်စပ်တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
▪️ နစက ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် မြန်မာနိုင်ငံတွင် ရောက်ရှိနေတဲ့ အိန္ဒိယတပ်မတော်ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ် (ထောက်လှမ်းရေး) Lieutenant General Shrinjay Pratap Singh, AVSM, YSM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်၁၆ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
▪️ ထိုသို့တွေ့ဆုံကြရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဧည့်သည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ကြုံတွေ့ခဲ့ရချိန်၌ အိန္ဒိယနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အချိန်နှင့်တစ်ပြေးညီ ကူညီပေးအပ်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာများတွင်လည်း ဆက်လက်ကူညီပေးသွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကို အနှစ်သာရရှိစွာဖြင့် ကျင်းပသွားမည်ဖြစ်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
▪️ အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယဧည့်သည် Lieutenant General Shrinjay Pratap Singh, AVSM, YSM နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel Jaswinder Singh Gill နှင့် အိန္ဒိယတပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
#ymg/knl
#Local_News
Published 17 July 2025
▪️ Tiktok ဆော့ရင်းနှစ်ထပ်တိုက်ပေါ်က ပြုတ်ကျခဲ့သောကြောင့် အကူအညီလှမ်းတောင်းသည့်အတွက် ဆေးရုံသိုလိုက်ပါ ပို့ဆောင်ခဲ့ရကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
▪️ ယမန်နေ့ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် ၄၅ / ၄၆ ကြား၊ ၁၁၄ လမ်းရှိ ၂ ထပ်တိုက်ပေါ်မှ Tiktok ဆော့ရင်း ပြုတ်ကျနေ၍ ဖုန်းဆက်အကူအညီတောင်းခံလာခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ယင်း ဖြစ်စဥ်နေရာသိုသွားရောက်ကူညီပြီး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိ အမျိုးသမီး အသက် ၁၄ နှစ်အား မန္တလေးဆေးရုံကြီးသိူ ပိုဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_17 July 2025
▪️ နိုင်ငံရေးပါတီ ၂၁ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်ကာ နိုင်ငံရေးပါတီ ၅ ပါတီကို ငြင်းပယ်ပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဇူလိုင်လ ၁၆ ရက်ထိစာရင်းများအရ သိရသည်။
▪️ နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ဇူလိုင်လ ၁၆ ရက်အထိ ပါတီတည်ထောင်ခွင့်လျှောက် ထားလာသည့်အဖွဲ့ ၂၇ ဖွဲ့ ရှိပြီး၊ ယင်းသို့လျှောက်ထားသည့်အဖွဲ့ များအနက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မျိုးဆက်သစ်ဝံသာနုပါတီ တို့သည် နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်များကို ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
▪️ ပြည်သူ့အင်အားဒီမိုကရေစီပါတီ [People Power For Democracy Party (PPD)]လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသောကြောင့် လည်းကောင်း၊ လီရှောအမျိုးသားပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသောကြောင့်လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၃၀/၂၀၂၅) ဆုံးဖြတ်ချက်အရ ယင်းပါတီများ၏ ပါတီတည်ထောင်ခွင့် လျှောက် ထား ချက် များကို ကော်မရှင်က ဇူလိုင်လ ၁၆ ရက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ (ဂ) ဖြင့် ငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
Page 267 of 2318