#Local_News
Published 27 November 2025
▪️ မိုးနှောင်းဝါမျိုးများ ယှဉ်ပြိုင်စမ်းသပ်ခြင်းသုတေသနဆောင်ရွက်နေ
ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
▪️ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမာန် နေ့မနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ၏ သုတေသနဝင်းအတွင်း၌ စမ်းသပ်စိုက်ပျိုးထားသည့် မိုးနှောင်းဝါမျိုးများ ယှဉ်ပြိုင်စမ်းသပ်ခြင်း သုတေသနစိုက်ကွင်းကို ကြည့်ရှုစစ်ဆေးသည်။
▪️ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက မိုးနှောင်းချဉ်မျှင်ရှည်ဝါ စမ်းသပ်စိုက်ပျိုးထားသည့် KTK-1 ၊ ငွေချည်-၁၁ ၊ RaKA-666 ၊ ရွှေတောင်-၈ ၊ B-31 မျိုးများ ယှဉ်ပြိုင် စိုက်ပျိုးထားခြင်း၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် မျက်မြင်တွေ့ရှိမှုမှတ်တမ်းများကို တင်ပြကြသည်။
▪️ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဝါသီးနှံကဏ္ဍ အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးအတွက် ဝါမျိုးမြှင့်တင်ခြင်းလုပ်ငန်းကို အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ လိုအပ်သည့်ပညာရှင်များ မွေးမြူလေ့ကျင့်ပေးရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်ဝါမျိုးစေ့ လွှမ်းခြုံမှုအားကောင်းလာစေရေးအတွက် မျိုးစေ့အရည်အသွေးကို မှန်ကန်စွာဖော်ပြသည့် Truthfully Leveled Seed System ကို ဝါစိုက်ပျိုးတောင်သူများ ပါဝင်ဆောင်ရွက်စေခြင်း၊ မျိုးစေ့သက်သက်ကြိတ်ဝါးသည့် ဝါကြိတ်စက်များပေါ်ပေါက်လာစေခြင်း ဖြင့် ရေရှည်တည်တံ့သော ဒေသန္တရမျိုးစေ့စနစ် ပေါ်ပေါက်လာစေရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လေ့လာမှုစစ်တမ်းများအရ ဝါတစ်ဧက ဆေးဖျန်းကုန်ကျစရိတ်သည် သုံးသောင်းခွဲကျပ်မှ ငါးသောင်းကျပ်ဝန်းကျင် ကုန်ကျပြီး ဝါစိုက်ပျိုးသည့် တစ်ရာသီအတွက် ပိုးသတ်ဆေးဖျန်း ခြင်း သုံးကြိမ်မှငါးကြိမ်ခန့်အထိ ဆောင်ရွက်ကြရသဖြင့် စုစုပေါင်းဝါစိုက်ဧကအတွက် ဝါစိုက်တောင်သူများက လိုအပ်မှ ထိရောက်စွာဆေးဖျန်းပါက လျော့ကျသွားမည့် ကုန်ကျစရိတ်ကိုတွက်ချက်၍ စီးပွားရေးတွက်ခြေကိုက်မှုကို စိစစ်စေလိုကြောင်း ၊တောင်သူများအနေဖြင့် သီးနှံပင်များ ဖျက်ပိုးကျရောက်ပြီး စီးပွားရေးအရပျက်စီးဆုံးရှုံးမှု စတင်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်အဆင့် (Economic Threshold Level – ETL)ကို သိရှိပြီး ပိုးသတ်ဆေးသုံးစွဲသည့် အကြိမ်ရေလျှော့ချနိုင်ရေး အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပေးရမည် ဖြစ်ကြောင်း၊ ဝါသီးနှံဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်နေကြသည့် သုတေသီနှင့် နည်းပညာပြန့်ပွားရေး ပညာရှင်များအနေဖြင့် ဝါသီးနှံ၏ သဘာဝနှင့်လိုအပ်ချက်များအပြင် မျိုးဗီဇထိန်းသိမ်းခြင်းကိုဆောင်ရွက်မည့် သုတေသီများ၊ ဝါသီးနှံဆိုင်ရာ ဇီဝကမ္မဗေဒ၊ ဝါသီးနှံဆိုင်ရာ ရောဂါဗေဒ၊ ဝါသီးနှံဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များ၊ ဝါသီးနှံအထူးပြု စိုက်ပျိုးစီးပွားနှင့် လူမှုဘဝသုတေသီပညာရှင်များ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အာဟာရဓာတ်အသုံးချမှု ထိရောက်စေရန်၊ အထွက်နှုန်းနှင့် အရည်အသွေးမြှင့်တင်နိုင်ရန်၊ စိုက်ပျိုးမှုကုန်ကျ စရိတ်ထိရောက်စေရန်နှင့် မြေဆီလွှာကျန်းမာရေး တိုးတက်စေရန်တို့အတွက် ဝါပင်၏ ပင်ပိုင်းကြီးထွားမှုအဆင့်နှင့် မျိုးပွားကာလတွင် ဝါပင်အတွင်းဖြစ်ပေါ်ပြောင်းလဲမှုများကို စူးစမ်းရှာဖွေသွားကြရန် မှာကြားသည်။
▪️ ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝဌာနခွဲ၊ ဥယျာဉ်ခြံဌာနသို့ သွားရောက်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း အမယ်သစ်သီးနှံ ရရှိရေး စမ်းသပ်စိုက်ပျိုးထားသည့် ဆင်ခရမ်းချဉ်စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 November 2025
▪️ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ ပန်ဒါနီလေးများရောက်ရှိလာပြီး ပြသထားပြီဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)ကအသိပေးထားသည်။
▪️ အဆိုပါ တိရိစ္ဆာန်ဥယျာဉ်သို့ နိုဝင်ဘာ၂၆ရက်က ရောက်ရှိ၍ ပြသထားပြီဖြစ်ကာ လက်တလောတွင် ပန်ဒါနီလေးကောင်ကို ပြသထားကြောင်းသိရသည်။
▪️ "ဒီလို ချစ်မြတ်နိုးဖွယ်ကောင်းပြီး ရှားပါးမျိုးစိတ်ဖြစ်သည့် ပန်ဒါနီလေးများကို တိရစ္ဆာန်ဥယျာဉ် ( ရတနာပုံ )တွင်အခုပဲမြင်တွေ့နိုင်ပြီ " ဟုဆိုထားသည်။
▪️ အဆိုပါ ပန်ဒါနီလေးများသည် ဝိုင်းစက်၍ လှပသောမျက်ဝန်းလေးများ ၊ အနီရောင် နှင့် အညိုရောင်ရှိသည့် အမွှေးပွပွလေးများ ၊ တုတ်ခိုင်သည့် အမြှီးရှည်လေးများ ပိုင်ဆိုင်ထားကြောင်းသိရသည်။
▪️ ထို့အပြင် ချစ်စဖွယ်ဟန်ပန် အမူအယာလေးများကိုလည်း ပိုင်ဆိုင်ထား သောကြောင့် လာရောက်ကြည့်ရှုူ့ကြရန်လည်း ဖိတ်ခေါ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
၂၆ နိုဝင်ဘာ ၂၀၂၅
မြန်မာနိုင်ငံတွင်မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲပေးခွင့်ရရှိစေရေးအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပုဒ်မ ၅၀၅-က ဖြင့် အရေးယူအပြစ်ပေးခံရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နှင့် စွဲဆိုဆဲယင်းအမှုများကိုပါ ပိတ်သိမ်းပေးမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၆ ရက်ညတွင် အမိန့်များထုတ်ပြန်ကြေညာခဲ့သည်။
အမိန့်အမှတ်၁၀/၂၀၂၅ ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှု ထင်ရှားစီရင်ခံရပြီး အကျဉ်း ထောင်/အချုပ်ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၇၂၄ ဦးကို “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက်ကျခံပါ မည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
အမိန့်အမှတ် ၁၁/၂၀၂၅ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှု ထင်ရှားစီရင်ခံ ရပြီး အကျဉ်း ထောင်/အချုပ်ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား /အကျဉ်းသူ ၂၃၆၁ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ် များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည်။
ထို့အပြင် အမိန့်အမှတ် ၁၂/၂၀၂၅ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုဖြင့် ထွက်ပြေး တိမ်းရှောင်နေ သဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံရသူ ၅၅၈၀ ဦး တို့၏ ကြားနာစစ် ဆေးဆဲ အမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှ လွှတ်ခဲ့ကြောင်း သိရသည်။
မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး နှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေး အတွက် ယခုကဲ့သို့ အမိန့်များထုတ်ပြန် လွတ်ငြိမ်းခွင့်များပေးခဲ့ခြင်းဖြစ်ကြောင်း အမိန့်များတွင် ဖော်ပြ ထားသည်။ End-
၂၀၂၅ ခုနှစ် အကြိမ် (၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
မှာ ပုလဲ၊ကျောက်စိမ်းနဲ့ကျောက်မျက်အတွဲပေါင်း ၄၀၀၀ကျော်အားရောင်းချနိုင်ခဲ့တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 26 November 2025
#မြန်မာ့ကျောက်မျက်ရတနာ # ပုလဲ_ကျောက်စိမ်း
#YMG/NN #Yangon_Times
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ နှစ်စဉ်ကျင်းပ နေတဲ့ တောင်ဝိုင်းတောင်တက်လမ်းလျှောက်ရာသီ ကို ဒီဇင်ဘာလ ၁ ရက်မှာ စတင်မယ်လို့ သိရပါတယ်။
#Local_News
Published 26 November 2025
#မွန်ပြည်နယ် #မော်လမြိုင်မြို့ #ဒီဇင်ဘာ
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းနဲ့အတူ မြန်မာ့ရွှေဈေးလည်းလိုက်ပါမြင့်တက်လာတယ်လို့ ရွှေဈေးကွက်အသိုင်းအဝိုင်းက သိရပါတယ်။
#Local_News
Published 26 November 2025
#ကမ္ဘာ့ရွှေဈေး #ရွှေ
#YMG/SW #Yangon_Times
#Local_News
Published 26 November 2025
▪️ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် တန် ၁၅၀ ဆန်စက်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် အကွက်အမှတ် (၅၉၀) ၌ ကျင်းပခဲ့ပြီး အဆိုပါဆန်စက်တွင်သမဝါယမသက်မွေးပညာသင်တန်းကျောင်းဆင်းများကို အလုပ်ခန့်ထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ဆန်စက်ဖွင့်ပွဲအခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့ဖွင့်လှစ်လိုက်သည့် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် Royal Ruby Flower တန် ၁၅၀ ကျ ဆန်စက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လည်ပတ်လျက်ရှိသည့် ဆန်စက်များအနက် အဆင့်မြင့်ဆန်စက်ကြီးတစ်ခုဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း တောင်သူလယ်သမားများ၏ လယ်ယာမြေများမှထွက်ရှိလာသော စပါးများ အလေအလွင့်မရှိစေရေး၊ ဈေးကွက်ရရှိရေး၊ အခြေခံတောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားလာစေရေး၊ ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးတို့ကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့အနေဖြင့်လည်း သွင်းအားစုများ ပံ့ပိုးမှု၊ ထွက်ရှိသီးနှံများ ဈေးကွက်ချိတ်ဆက်ပေးမှုတို့ဖြင့် အကျိုးတူလယ်ယာစနစ် (Contract Farming System) ကို ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း ပြောကြားခဲ့သည်။
▪️ ထို့နောက် မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌက တန် ၁၅၀ ဆန်စက် စီမံကိန်းဖြစ်ပေါ်လာပုံနှင့် ယခု တန် ၁၅၀ ဆန်စက်တွင် သမဝါယမကောလိပ်ကျောင်းဆင်းများနှင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းဆင်းများ အလုပ်အကိုင်ခန့်ထားပေးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 216 of 2398