#Local_News
Published 04 September 2025
▪️ Express ယာဉ်သည် ဘရိတ်ပေါက်၍ ဆိုင်ကယ်ပြင်ဆိုင်အား ဝင်ရောက်တိုက်မိပြီး ချောက်အတွင်းသို့ ထိုးကျကာ ချောက်အတွင်းရှိ နေအိမ်ပေါ်သို့ ပိမိမိမှုဖြစ်ပွားခဲ့ရာ နှစ်ဦး ေ-သဆုံးပြီး ၉ဦးဒဏ်ရာရရှိခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ ဖြစ်စဉ်မှာ စက်တင်ဘာ၃ရက်နေ့၊ ည၁၂နာရီ ၅၀မိနစ် အချိန်ခန့်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနား- တောင်ညိုကားလမ်း၊ မိုင်တိုင်အမှတ်(၁၇/၄)၊ မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းလမ်းဆုံတွင် Express ယာဉ်သည် ဘရိတ်ပေါက်၍ ဆိုင်ကယ်ပြင်ဆိုင်အား ဝင်ရောက်တိုက်မိပြီး ချောက်အတွင်းသို့ ထိုးကျကာ ချောက်အတွင်းရှိ နေအိမ်ပေါ်သို့ ပိမိနေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တောင်ညို(ယာယီ)နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ဆိုင်ကယ်ပြင်ဆိုင်အတွင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မ(၁)ဦး သေဆုံး၊ နေအိမ်အတွင်းရှိ ကျား(၁)ဦး သေဆုံးနှင့် ယာဉ်ပေါ်ပါ ကျား(၂၁)ဦး၊ မ(၆)ဦး စုစုပေါင်း(၂၇)ဦး အနက် ကျား(၄)ဦး၊ မ(၅)ဦး စုစုပေါင်း(၉)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား တံတားဦးကျေးရွာမှ သုခဒါနပရဟိတအသင်းမှ သူနာတင်ယာဉ်(၃)စီးဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 03 Sept 2025
၁။ ထိုင်းကွန်ဒိုဝယ်ယူမှုအများဆုံးဒုတိယနေရာတွင် မြန်မာရပ်တည်နေ
၂။ Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၂၀၀ကျော် တွေ့ရှိထား ၊ကရုဏာထောက်ပံ့ကြေးတစ်ဦးလျှင် ကျပ်သိန်း(၁၀၀)ပေးအပ်မည်
၃။ ပြည်ပသို့ ကန်ဒေါ်လာ(၁)သန်းကျော်ရှိ ပျားရည်တန်ချိန်(၇၀၀)ကျော်တင်ပို့ထား
၄။ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်ရေးအစီအစဉ်အား SCOအစည်းအဝေး၌ရှီကျင့်ဖျင်အဆိုပြု... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ရဲ့ ဖိတ်ကြားချက်အရ ပေကျင်းမြို့ကိုရောက်နေတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီကနေ့ စက်တင်ဘာလ ၃ ရက်နံနက်ပိုင်းတွင် ပေကျင်းမြို့၊ Tiananmen ရင်ပြင်မှာပြုလုပ်တဲ့ “တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့်ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား”ကို တက်ရောက်ခဲ့ပါတယ်။
#Local_News
Published 03 Sept 2025
#တရုတ်ပြည်သူ့သမ္မတနိုင်ငံ #ပေကျင်းမြို့
#YMG/PP #Yangon_Times
အခုဘဏ္ဍာနှစ် လေးလတာအတွင်းပြည်ပနိုင်ငံတွေကို အမေရိကန် ဒေါ်လာ(၁)သန်းကျော်တန်ဖိုးရှိ (၇၀၀)ကျော်တင်ပို့ထားတယ်လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံဖြိုးရေး ဌာနခွဲကသိရပါတယ်။
#Local_News
Published 03 Sept 2025
#ပျားရည် #ကန်ဒေါ်လာ(၁)သန်း
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးဒဏ်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့က Sky Villa အဆောက်အဦးကနေ ဒီကနေ့အထိ
ရုပ်အေ-လာင်း (၂၀၀) ကျော်ရှာဖွေတွေ့ရှိထားပြီး ၊ကရုဏာ
ထောက်ပံ့ကြေးတစ်ဦးကို ကျပ်သိန်း(၁၀၀)ပေးအပ်သွားမယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ဆောက်လုပ်ရေးကုမ္ပဏီက သိရပါတယ် ။
#Local_News
Published 03 Sept 2025
#Sky_Villaကွန်ဒို #ငလျင်
#YMG/NN #Yangon_Times
၂၀၂၅ ခုနှစ်ရဲ့နောက်ဆုံးရစစ်တမ်းတွေအရ ထိုင်းနိုင်ငံရှိကွန်ဒိုဝယ်ယူမှုအများဆုံးဒုတိယနိုင်ငံအဖြစ် မြန်မာနိုင်ငံကရပ်တည်နေတယ်လို့ Nation Thailand ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
#Local_News
Published 03 Sept 2025
#ထိုင်းကွန်ဒို #Nation_Thailand
#YMG/SW #Yangon_Times
#Local_News
Published 03 September 2025
▪️ လိုင်စင်ဆိုင်ရာအခကြေးငွေ ပေးသွင်းခြင်းမရှိသည့် ကုမ္ပဏီများအား အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားသည်။
▪️ အသိပေးချက်တွင်လိုင်စင်ဆိုင်ရာ အခကြေးငွေများပေးသွင်းခြင်းနှင့် လုပ်ငန်းအစီရင်ခံစာများပေးပို့ခြင်းတို့အား ဆောင်ရွက်ရန်ပျက်ကွက်လျက်ရှိသည့် (၁) Sane Shwe Htin Co., Ltd [ NFS(C) လုပ်ငန်းလိုင်စင်ရ]
(၂) Thunder Arrow Co., Ltd [ NFS(C) လုပ်ငန်းလိုင်စင်ရ]ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းနှစ်ခုသည် ၂၀-၂-၂၀၂၃ နေ့တွင် လိုင်စင်ရရှိထားသော်လည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၁၅ အရ လိုင်စင်ရရှိသူ၏ တာဝန်များအား လိုက်နာရန်ပျက်ကွက်ခြင်းကြောင့် စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း၊လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများ အပိုဒ် ၃၉ (က) (၂) အရ ထိုက်သင့်သောအခွင့်အရေးပေးသည့်အနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဖြေရှင်းချက်နှင့်အတူ သက်ဆိုင်ရာအခကြေးငွေများ လာရောက်ပေးသွင်းပါရန်နှင့် သတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းအမှတ် ၀၆၇-၃၄၀၇၄၇၉ သို့လည်းကောင်း စုံစမ်းမေးမြန်းနိုင်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
Page 211 of 2316