#Local_News
Published 12 January 2025
▪️ ပြီးခဲ့သည့်ရက်ပိုင်းက ယာယီ ရပ်နားထားရသည့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်များကို ယခုအခါ ပြန်လည်ပေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။
▪️ ပဲခူးတိုင်းဒေသကြီး၊ တောကျွဲအင်းမြို့နှင့် အနီးဝန်းကျင်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် လုံခြုံရေးအခြေအနေအရ ရန်ကုန်- နေပြည်တော်-မန္တလေး အမှတ်(၃၁)အဆန် DEMU ရထားနှင့် ရန်ကုန်-မန္တလေး အမှတ်(၁၁) အဆန် အမြန် ရထားနှစ်စင်းလုံး၏ ခရီးစဉ်များကို ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် လုံခြုံရေးအခြေအနေ အရပြေးဆွဲမှုများကို ယာယီရပ်နားခဲ့ခြင်းဖြစ်ပြီး ရထားခရီးစဉ်များ ယာယီရပ်နားခဲ့သည့်အတွက် ကြိုတင်လက်မှတ် ဝယ်ယူထားသူများ ကိုလည်း လက်မှတ်ခငွေကို ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည် ။
▪️ ယခုအခါ ယာယီရပ်နားခဲ့သည့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်များကို ဇန်နဝါရီ ၁၁ ရက်၊ မနက်ပိုင်း ရထားခရီးစဉ်မှစတင်၍ ပုံမှန်အချိန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားသို့ သုံးလကျော်ကာလအတွင်းခရီးသွားခုနှစ်သိန်းခုနှစ်သောင်းကျော် ဝင်ရောက်ထားတယ်လို့ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ကသိရပါတယ်။
#Local_News
Published 10 January 2026
#ကျိုက်ထီးရိုး
#YMG/NN #Yangon_Times
စားအုန်းဆီဈေးအနည်းငယ်ပြန်တက်လာတယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ဈေးနှုန်းတွေအရ သိရပါတယ်။
#Local_News
Published 10 January 2026
#စားအုန်းဆီ #စားသုံးဆီ
#YMG/SW #Yangon_Times
နေပြည်တော် ကောင်စီနယ်မြေအတွင်း အဆင့်မြင့်အိမ်ရာစီမံကိန်းသုံးခုကိုအကောင်အထည်ဖော်တည်ဆောက်သွားမယ်လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှသိရပါတယ်။
#Local_News
Published 10 January 2026
#နေပြည်တော် #စည်ပင်သာယာရေးကော်မတီ
#YMG/SW #Yangon_Times
ပြည်ပနိုင်ငံတွေကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလအတွင်း ဆန်နဲ့ဆန်ကွဲတန်ချိန် သုံးသိန်းကျော်နဲ့ စံချိန်တင် တင်ပိုနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ
ဆန်စပါးအသင်းချုပ်ကသိရပါတယ်။
#Local_News
Published 10 January 2026
#ဆန် #ဆန်ကွဲ
#YMG/NN #Yangon_Times
#Daily_News
Published 10 January 2026
၁။ ပြည်ပသို့ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသိန်းကျော်ဖြင့်စံချိန်တင် တင်ပို့နိုင်ခဲ့
၂။ နေပြည်တော်တွင် အဆင့်မြင့်အိမ်ရာစီမံကိန်းသုံးခုတည်ဆောက်မည်
၃။ စားအုန်းဆီ ဈေးအနည်းငယ်ပြန်တက်လာ
၄။ သမ္မတနီကိုလတ်စ်မဒူရိုနှင့်ဇနီးအားအမေရိကန်ပြန်လွှတ်ပေးရန် ဗင်နီဇွဲလားပြည်သူများဆန္ဒပြ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 January 2025
▪️ ရန်ကုန်-ပုသိမ်လမ်း၌ Toyota Mark II အမျိူးအစား(အဖြူရောင်)ယာဉ်မှ သစ်ပင်ဝင်တိုက်ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
▪️ အောက်တိုဘာ(၁၀)ရက်နေ့၊ မနက်၃နာရီ ၄၀မိနစ်အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာအုပ်စု၊ သဲကုန်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၇၇/၃) နှင့် (၇၇/၄)ကြားတွင် ရန်ကုန်မှ-ပုသိမ်သို့ မောင်းနှင်လာသော Toyota Mark II အမျိူးအစား(အဖြူရောင်)ယာဉ်သည် လမ်းချော်၍ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးတွင်ရှိသော မလေးရှား ပိတောက်ပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည် ။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကျောင်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မနက်၄ နာရီ ၃၅မိနစ်အချိန်တွင်ပြီးစီးခဲ့ကြောင်းသိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး (ထိခိုက်ဒဏ်ရာ)မစိုးရိမ်ရနှင့် မ(၁)ဦး (ထိခိုက်ဒဏ်ရာ)မစိုးရိမ်ရတို့အား ကျောင်းကုန်းလူငယ်များ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 175 of 2398