#Local_News
Published 11 October 2025
■ ပြီးခဲ့သည့်အပတ်က စတင် ကျဆင်း သည့် စက်သုံးဆီ အမျိုးအစားအားလုံး ယခုအပတ်မှာလည်း တစ်လီတာလျှင် (၄၀)ကျပ်မှ (၁၀၀)ကျပ်အတွင်းဆက်လက် ကျဆင်းလာကြောင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယခုတစ်ပတ်အတွက်ထုတ်ပြန်ချက်အရ သိရသည်။
■ ထိုသို့ကျဆင်းရာတွင်ပြီးခဲ့သည့် အပတ်က 92 ဓာတ်ဆီ ဈေးနှုန်းတစ်လီတာလျှင် (၉၀)ကျပ်နှင့်ယခုအပတ်တွင် (၁၀၀)ကျပ်အထိ ၊95 ဓာတ်ဆီ ဈေးနှုန်းတစ်လီတာလျှင် (၈၅)ကျပ်မှ ယခုအပတ်တွင် (၉၅)ကျပ် အထိ ဆက်လက်ကျဆင်းလာကြောင်းသိရသည်။
■ ဒီဇယ်ဈေးနှုန်းတစ်လီတာလျှင် (၃၅)ကျပ် မှ ယခုအပတ်တွင် (၄၀) ကျပ် ၊နှင့်ပရီမီယမ်ဒီဇယ် ဈေးနှုန်းတစ်လီတာလျှင် (၆၀) ကျပ် မှ ယခုအပတ်တွင် (၆၅) ကျပ် အထိဈေးနှုန်း အသီးသီးကျဆင်းလာကြောင်း သိရသည်။
■ ယခုတစ်ပတ်အတွက်စက်သုံးဆီ ရည်ညွှန်းဈေးများမှာ 92 တစ်လီတာလျှင်၂ ,၇၃၀ ကျပ်၊95 တစ်လီတာလျှင် ၂,၈၀၀ကျပ် ၊ဒီဇယ်ဆီတစ်လီတာလျှင် ၂,၅၀၅ ကျပ် ၊ ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ၃,၀၅၀ ကျပ်အထိ ဈေးနှုန်းအသီးသီးရှိနေကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 11 October 2025
■ မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး မျက်စိရောဂါဖြစ်သော အတွင်းတိမ်ရောဂါ လျော့နည်းကျဆင်းစေရေးအတွက် အတွင်းတိမ်ခွဲစိတ်ခြင်းကို ဆေးရုံများ၌သာမက ကွင်းဆင်ကုသမှုအနေဖြင့် ကွင်းဆင်းအတွင်းတိမ်ခွဲစိတ်ခြင်း (Outreach Cataract Surgery)ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောသည်။
■ နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန (ရုံးအမှတ်-၄) အစ ည်းအဝေးခန်းမ၌ "ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့" အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ(၁၀)ရက်က ကျင်းပစဉ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
■ ထို့အပြင် နိုင်ငံအတွင်း မျက်ခမ်းစပ်ကဲ့သို့ ကူးစက်နိုင်သော မျက်စိရောဂါများ လျော့နည်းသွားသော်လည်း ဆီးချို၊ သွေးတိုးရောဂါများ၏ နောက်ဆက်တွဲ မျက်စိရောဂါပြဿနာများ ဦးမော့မလာစေရေးအတွက် မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ ထို့ပြင် ကလေးငယ်များ မျက်စိကျန်းမာရေးအတွက် ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်များတွင် မျက်စိကျန်းမာရေးစစ်ဆေးခြင်းကို ထည့်သွင်းဆောင်ရွက် နေကြောင်း သိရသည်။
#YMG/NN #Yangon_Times
၁၁ အောက်တိုဘာ ၂၀၂၅
မြန်မာနိုင်ငံ ကမ်းလွန်လုပ်ကွက်အသစ် အောင်သိင်္ခစီမံကိန်းမှ ၂၀၂၈ ခုနှစ်တွင် ပထမဦးဆုံး သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ ထိုင်းနိုင်ငံ၊ PTTEP International Limited တို့ အကျိူးတူပူးပေါင်းဆောင်ရွက်မယ်လို့ သိရပါ တယ်။
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အောက်တိုဘာ ၁၀ ရက်က ထိုင်းနိုင်ငံ PTTEP International Limited ၏ အမှုဆောင်အရာချုပ်ဖြစ်သူ Mr. Montri Rawanchaikul နှင့်အဖွဲ့ကို နေပြည်တော်ရှိ ဝန်ကြီးဌာနတွင်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အဆိုပါကိစ္စ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
၂၀၂၈ ခုနှစ်တွင် ပထမဦးဆုံး သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေး ကြိုးစားဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပြီး စာချုပ်များ အမြန်ဆုံးချုပ်ဆိုနိုင်ရေးအတွက် လည်း ဝန်ကြီးဌာနမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း ဆက်လက် ပြောကြားတယ်လို့ စွမ်းအင်ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါကမ်းလွန် အောင်သိင်္ခစီမံကိန်းသည် ပြည်တွင်း လျှပ်စစ်ထုတ်လုပ်မှုတွင် အသုံးပြုရန် ရည်ရွယ် ဆောင်ရွက်နေသည့် စီမံကိန်းအသစ်ဖြစ်တယ်လို့သိရပါတယ်။
PTTEP အမှုဆောင်အရာရှိချုပ်က အထွက် နှုန်းကျဆင်းနေသော ကမ်းလွန်စီမံကိန်းများဖြစ်သည့် ရတနာနှင့် ဇောတိကစီမံကိန်းများမှ သဘာဝ ဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး တွင်းအသစ်များ တူးဖော်ဆောင်ရွက်သွားမည့်အခြေအနေကို တင်ပြခဲ့ရာ ဇောတိက စီမံကိန်းတွင် တူးဖော်နေသည့် တွင်းအသစ်များမှ သဘာဝဓာတ်ငွေ့များ ၂၀၂၆ ခုနှစ် နှစ်ဆန်း ပိုင်းတွင် စတင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
ပြည်ထောင်စုဝန်ကြီးက အာမခံ ချက်ကောင်းမွန်သည့် ကမ်းလွန်စီမံကိန်းအသစ်များတွင်လည်း ရင်းနှီးမြှပ်နှံနိုင်ရန် အခွင့်အလမ်းများ ရှိကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကံပေါက်ဒေသမှ တစ်ဆင့် ပြည်တွင်းနှင့် ထိုင်းနိုင်ငံသို့ LNG တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် လာ ရောက်ရင်းနှီးမြှုပ်နှံရန်လည်း PTTEP ကို ဖိတ်ခေါ်ခဲ့ပါတယ်။
#ymg/knl
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာသန်း ၃၀ ထပ်မံရောင်းချပေးသွားမယ်လို့ ယခုလ(၈)ရက်မှာထုတ်ပြန်ထားပါတယ်။
#Local_News
Published 10 October 2025
#မြန်မာနိုင်ငံတော်ဗဟိုဘဏ် #စက်သုံးဆီ
#YMG/SW #Yangon_Times
လာမယ့်ဒီဇင်ဘာလ၂၈ရက်မှာ စတင်ကျင်းပမယ့်ရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းကပ်ထားခြင်းကို ၇ရက်ထပ်တိုးထားတယ်လို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယမန်နေ့အောက်တိုဘာ ၉ ရက်၊ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။
#Local_News
Published 10 October 2025
#ရွေးကောက်ပွဲ #ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
#YMG/SW #Yangon_Times
ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်ခနှုန်းထား Tradenet 2.0 စနစ်အသုံးပြုမှု နှစ်စဉ်ကြေးတွေကို ပြောင်းလဲကောက်ခံသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 10 October 2025
#ဝန်ဆောင်ခ #Tradenet 2.0
#YMG/NN #Yangon_Times
#Daily_News
Published 10 October 2025
၁။ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်ခနှုန်းထားများပြောင်းလဲကောက်ခံမည်
၂။ ရွေးကောက်ပွဲအတွက် မဲစာရင်းကပ်ထားခြင်းကို(၇)ရက်ထပ်တိုးထား
၃။ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ကန်ဒေါ်လာသန်း (၃၀) ထပ်မံရောင်းချပေးမည်
၄။ နောက်ဆုံးပေါ်နည်းပညာများဖြင့်နိုင်ငံတကာရုပ်ရှင်လောကသိုထိုးဖောက်လာသည့် တရုတ်ရုပ်ရှင်လုပ်ငန်း... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 172 of 2316