ပန်းပဲ၊ ပန်းထိမ်၊ ပန်းပု၊ ပန်းချီ၊ ပန်းယွန်း အစရှိတဲ့ မြန်မာမှုပန်းဆယ်မျိုးကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတို ပြိုင်ပွဲတစ်ခု ကျင်းပသွားမယ်လို့မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံဖြိုးတိုးတက်ရေးအသင်း(ဗဟို)ရန်ကုန်မှ သိရပါတယ်။
#Local_News
Published 04 October 2025
#မြန်မာ့ပန်းဆယ်မျိုး #ပန်းပု_ပန်းချီ_ပန်းယွန်း
#YMG/SW #Yangon_Times
လာမယ့် ရွေးကောက်ပွဲအလွန်မှာ ကားဈေးကွက်အခြေအနေတွေ ကြီးမားတဲ့ ပြောင်းလဲမှုမဖြစ်ပေါ်နိုင်ဘဲ ပုံမှန်အတိုင်းသာဆက်ရှိနိုင်တယ်လို့မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 04 October 2025
#ကား #ရွေးကောက်ပွဲ
#YMG/NN #Yangon_Times
ဆီထွက်သီးနှံ တစ်ခုဖြစ်တဲ့ မြေပဲလှိုင်ချိန်မှာ စားအုန်းဆီ တင်သွင်းမှုများပြားပါက တောင်သူတွေ အခက်တွေ့နိုင်တယ်လို့ မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်းကသိရပါတယ်။
#Local_News
Published 04 October 2025
#မြေပဲ #စားအုန်းဆီ
#YMG/NN #Yangon_Times
(၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလပထမပတ်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ ကျင်းပသွားမယ်လို့သိရပါတယ်။
#Local_News
Published 04 October 2025
#မြန်မာ့ကျောက်မျက်ရတနာ #နေပြည်တော်
#YMG/SW #Yangon_Times
#Daily_News
Published 04 October 2025
၁။ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပြုလုပ်မည်
၂။ မြေပဲလှိုင်ချိန် စားအုန်းဆီတင်သွင်းမှုများပြားပါက တောင်သူများအခက်တွေ့နိုင်
၃။ ရွေးကောက်ပွဲအလွန်၌ ကားဈေးကွက်ပုံမှန်အတိုင်းသာဆက်ရှိနိုင်
၄။ ဖိလစ်ပိုင်ငလျင်လှုပ်ခတ်ပြီးနောက် အိမ်ခြေများပျက်စီးသဖြင့်ဒေသခံများအပြင်ဘက်၌အိပ်စက်နေထိုင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နေပြည်တော်၊ ၃ အောက်တိုဘာ၊၂၀၂၅
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရုရှားနိုင်ငံပိုင် ရေနံကုမ္ပဏီတို့ ပူးပေါင်း၍ ပန်းတောင်းမြို့နယ်ရှိ ကုန်းတွင်းလုပ်ကွက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ တူးဖော် ထုတ် လုပ်ရန် ဆောင်ရွက်နေကြောင်း သိရပါတယ်။
အဆိုပါ ကုန်းတွင်းလုပ်ကွက်ရှိ လုပ်ငန်းဆောင်ရွက်လျက်ရှိသော အစမ်းတွင်းအမှတ်(၁) နေရာသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် အောက်တိုဘာ၂ ရက်နေ့က သွားရောက်စစ်ဆေးကြည့်ရှုခဲ့တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပြည်ထောင်စုဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်နှင့် ပြည်တွင်းပြည်ပ ကုမ္ပဏီများ နှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး အစီအမံများချမှတ် ဆောင်ရွက်နေပါတယ်လို့ တာဝန်ရှိသူတွေနှင့်တွေ့ဆုံရာမှာ ပြောကြားပါတယ်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက် ရှိ ပြည်ရေနံမြေအစည်းအဝေးခန်းမတွင်လည်း တာဝန်ရှိသူများနှင့်တွေ့ဆုံကာပြည်ရေနံမြေတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
ရေနံမြေအထွေထွေမန်နေဂျာမှ ရေနံမြေဆိုင်ရာအချက်အလက်များ၊ ရှာဖွေရေးနှင့် ဖွံ့ဖြိုးရေးတွင်းများတူးဖော်၍ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ထုတ်လုပ်လျက်ရှိသည့် အခြေအနေ များအားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် HNA Myanmar Oil & Gas Ltd. မှ လုပ်ငန်း ဆောင်ရွက်နေသည့် အစီအမံများတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ပြည်ရေနံမြေသည် သက်တမ်းရင့်ရေနံမြေတစ်ခုဖြစ်သော်လည်း နိုင်ငံတော်မှလိုအပ် လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အလားအလာ ကောင်းများစွာရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
ယင်းအပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့နှစ်မျိုးလုံးအား တူးဖော်ထုတ်လုပ်နိုင်သည့် ရေနံမြေတစ်ခု ဖြစ်ပြီးခေတ်မီနည်းပညာနှင့် စက်ကိရိယာများ အသုံးပြုထုတ်လုပ်နိုင်ရေးအတွက် အစီအမံများ ချမှတ်၍ ဖြည့်ဆည်းပေးလျက်ရှိတယ်လို့လည်း ဝန်ကြီးက ဆက်လက်ပြောကြားတယ်လို့ သိရပါတယ်။
#ymg/knl
၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် ပထမခြောက်လတာအတွင်း ပြည်ပနိုင်ငံတွေကို ဆန်နဲ့ ဆန်ကွဲတန်ချိန်(၁၂)သိန်းကျော်တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 03 October 2025
#ဆန် #ဆန်ကွဲ
#YMG/NN #Yangon_Times
Page 178 of 2316