#Local_News
Published 15 October 2026

■ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစင်တာတွင် Weekend Market ပြုလုပ်၍ အမျိုးသမီးသင်တန်းကျောင်းများမှ ထွက်ကုန်များကို ဈေးကွက်ချဲ့ထွင်ရောင်းချနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

■ အဆိုပါကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာ ၁၂ ရက်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

■ တွေ့ဆုံစဉ် စင်တာရှိ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ အဆင့်မြှင့်တင်ရေး၊ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်ချဲ့ထွင်ရောင်းချနိုင်ရေးနှင့် ကျွမ်းကျင်သင်တန်းသူများ မွေးထုတ်ပေးနိုင်မည့် လေ့ကျင့်သင်ကြားရေးအစီအစဉ်များကို ဆွေးနွေးခဲ့ကြသည့်အပြင် စင်တာအတွင်းရှိ ရှေးဟောင်းအဆောက်အအုံကို ပြင်ဆင်မွမ်းမံရေးအစီအစဉ်ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

■ တွေ့ဆုံပွဲအပြီးတွင် စင်တာ၌ ဖွင့်လှစ်သင်ကြားပေးနေသည့် စက်ချုပ်သင်တန်းနှင့် လက်မှုပန်းထိုးသင်တန်းများ၊ ကုန်ချောထုတ်လုပ်ရောင်းချနေသည့် အရောင်းဆိုင်တို့ကို ကြည့်ရှုအားပေးခဲ့‌ေကြာင်း သိရသည်။

#YMG/SW #Yangon_Times