#Local_News
Published 20 January 2026
▪️ ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်အစောပိုင်းက လှုပ်ခတ်ခဲ့သည့် ပြင်းအား(၄ ဒသမ ၅) အဆင့်ရှိ ငလျင်နှစ်ကြိမ်လှုပ်ခတ်မှုကို ရန်ကုန်မြို့နေပြည်သူများ သိသာစွာခံစားခဲ့ရကြောင်းသိရသည်။
▪️ "အစကငလျင်လှုပ်တယ်မထင်ဘူး။လူကနေမကောင်းလို့ မူးနေတယ်ထင်တာ။ နောက်ရေဗူးတွေကြည့်လိုက်မှ ရေတွေလှုပ်နေတေယ့ ငလျင်လှုပ်မှန်းသိတာ ။ သိသိသာသာတော့လှုပ်သွားတယ်" ဟု ဗဟန်းမြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။
▪️ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၁၉ ရက် ည ၁၀ နာရီ ၁၄ မိနစ်ခန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၄) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တိုက်ကြီးမြို့၏ အနောက်တောင်ဘက် (၁၈) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇ ဒသမ ၁၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၇၅) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း သိရသည်။
▪️ ထို့အတူဇန်နဝါရီလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁) နာရီ၊ (၂၆) မိနစ်၊ (၃၁) စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ညောင်တုန်းမြို့၏ အရှေ့မြောက်ဘက် (၁၁) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၁၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၇၃) ဒီဂရီ၊ အနက် (၁၀) ကီလို မီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
#YMG/SW #Yangon_Times