#Local_News
Published 20 January 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်နှင့်ဒလမြို့နယ်များ၌ ယနေ့မနက်အစောပိုင်းတွင် မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ ဇန်နဝါရီ ၂၀ရက်နေ့၊ မနက် ၇ နာရီ ၂၉မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဘူတာရုံရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် level 1 ယာဉ်အုပ်စုများထွက်ခွာခဲ့ကာ
၇ နာရီ၃၅ မိနစ်အချိန် တွင် မီးထိန်းနိုင်ခဲ့ပြီး ၇နာရီ ၄၀ မိနစ် အချိန်တွင်မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
▪️ အလားတူ ဇန်နဝါရီ ၂၀ ရက်နေ့၊ မနက်၅နာရီ ၃၇ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊
ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးကျေးရွာတွင် နွားခြံမီးလောင်နေကြောင်း သတင်းရရှိသဖြင့် ဒလမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၆ နာရီ၁၅မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times