#Local_News
Published 20 January 2026
▪️ မြန်မာ-ရုရှားနှစ်နိုင်ငံဗီဇာကင်းလွတ်ခွင့်(၂၇) ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က မင့်ခ်မြို့ (Minsk) တွင် လက်မှတ်ရေးထိုးခဲ့သော ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရတို့အကြား နှစ်နိုင်ငံ နိုင်ငံသားများ ဗီဇာလိုအပ်ချက် ကင်းလွတ်ခွင့်ပြုရေး သဘောတူစာချုပ်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင်အသက်ဝင်မည် ဖြစ်ကြောင်း၊အဆိုပါ သဘောတူစာချုပ်အရ ရုရှားနိုင်ငံသားများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ရာတွင် အမြဲတမ်းနေထိုင်ခြင်း၊ ပညာသင်ကြားခြင်း သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) လိုအပ်သည့် မည်သည့်လုပ်ငန်းကိုမျှ လုပ်ကိုင်ခြင်းမရှိပါက ဗီဇာမလိုဘဲ တစ်ခေါက်လျှင် ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သဘောတူစာချုပ်အရ မြန်မာနိုင်ငံသားများအနေဖြင့်လည်း ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ရာတွင် အလားတူ အခွင့်အရေးများကို ရရှိမည်ဖြစ်ကြောင်း၊ထို့ပြင် ပြက္ခဒိန်တစ်နှစ်အတွင်း စုစုပေါင်း နေထိုင်ခွင့်ကာလသည် ရက်ပေါင်း ၉၀ ထက် ကျော်လွန်ခွင့်မရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times