#Local_News
Published 5 April 2025
ယနေ့ ဧပြီလ ၅ရက် နေ့မနက်ပိုင်းမှ နေ့လယ် ၂နာရီ ကျော်အထိ တစ်ရက်ထဲ ငလျင်လေးကြိမ် ထိ ထပ်မံ လှုပ် ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင် ကြိမ်ရေ၈၀အထိရှိလာကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ နောက်ဆက်တွဲ ငလျင်ငယ်များသည်အမြင့်ဆုံး ရစ်(ခ်) တာစကေး ၇ ဒဿမ ၅ အဆင့်မှ အနိမ့်ဆုံး ရစ်(ခ်) တာစကေး၂ ဒသမ ၈ အဆင့်အထိ ရှိကြပြီး မိတ္ထီလာ၊ သံတောင်ကြီး၊ ထီးချိုင့် ၊ စစ်ကိုင်း၊ နေပြည်တော်၊ မလှိုင်၊ တပ်ကုန်း၊ ပျဉ်းမနား၊ မြို့လှ၊ ဧလာ၊ ရေတာရှည်၊ ရွာငံ၊ ဝမ်းတွင်း၊ ကျောက်ဆည် ၊ ထန်းတပင်၊ ပုသိမ်ကြီး၊ ကျောက်မြောင်း ၊ ဝက်လက် ၊ သာဂရ၊ နထိုးကြီး၊ စဉ့်ကိုင်၊ တောင်ငူ၊ သာစည်၊ အုတ်တွင်း၊ မတ္တရာ၊ ဖြူး၊ ပြင်စလူ၊ကျောက်တံခါး ၊ပင်လောင်း၊ ပြင်ဦးလွင် စသည်တို့တွင် လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
ယနေ့မတ်လ၅ ရက်မနက်အစောပိုင်းမှ နေ့လယ်ပိုင်းအချိန်အထိ ငလျင်ငယ် လေးကြိမ်အထိလှုပ်ခတ်ခဲ့ပြီး ယင်းငလျင်ငယ်များမှာ မနက်ပိုင်း၆ နာရီ ၂၉မိနစ်၀၅ စက္ကန့်အချိန်တွင်ပြင်ဦးလွင်မြို့၏ အနောက်မြောက်ဘက် (၁၂) မိုင်ခန့်အကွာတွင် ရစ်(ခ်) တာစကေး ၃ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခုနှင့် မနက် ၁၀ နာရီ ၄၁မိနစ်၃၀စက္ကန့်အချိန်၌ ပင်လောင်းမြို့၏ အနောက်တောင်ဘက် (၁၈) မိုင်ခန့်အကွာတွင် ဗဟိုပြု၍ ရစ်(ခ်) တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် ငလျင်တစ်ခု၊
နေ့လယ် ၁၂ နာရီ ၂၀မိနစ်၈ စက္ကန့် အချိန်၌ မတ္တရာမြို့၏ အရှေ့မြောက်ဘက် (၁၇) မိုင်ခန့်အကွာတွင် ဗဟိုပြု၍ ရစ်(ခ်)တာစကေး၃ ဒသမ ၃အဆင့်ရှိ တစ်ခု၊နေ့လယ် ၁နာရီ ၉မိနစ် ၄၄စက္ကန့် အချိန်၌ဖြူးမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၅) မိုင်ခန့် အကွာတွင် ဗဟိုပြု၍ ရစ်(ခ်)တာစကေး၄ ဒသမ ၁အဆင့်ရှိ တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times