#Local_News
Published 29 March 2025
▪️ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ယွမ် ၁၀၀ သန်း တန်ဖိုးရှိသော ငလျင်ဘေး အန္တရာယ်ကယ်ဆယ်ရေး အရေးပေါ်လူသားချင်းစာနာမှုအကူအညီများ ပံ့ပိုးပေးမည် ဖြစ်ရာ တရုတ်အစိုးရ၏ ပထမအသုတ်အကူအညီပစ္စည်းများ မတ်လ ၃၁ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
▪️ မြန်မာအစိုးရ၏ တောင်းဆိုချက်အရ တရုတ်အစိုးရသည် မြန်မာနိုင်ငံသို့ အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ယွမ် ၁၀၀ သန်း ပံ့ပိုးရန် ဆုံးဖြတ်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ ၂ ဖွဲ့စေလွှတ်ကာ တဲများ၊ စောင်များ၊ အရေးပေါ်ဆေးဘက်ဆိုင်ရာအထုပ်များ၊ အစားအစာနှင့် သောက်သုံးရေစင်များစသည့် ဘေးဒဏ်သင့်ဒေသများ အရေးတကြီးလိုအပ်နေသော ပစ္စည်းများ ထောက်ပံ့မည်ဖြစ်ကြောင်း၊ ပထမဆုံးကယ်ဆယ်ရေးအဖွဲ့သည် မတ်လ ၂၉ ရက်တွင် ရန်ကုန်သို့ ရောက်ရှိခဲ့ပြီးဘေးဒဏ်သင့်ဒေသများသို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျှက်မည်ဖြစ်ကြောင်း၊ CIDCA ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Junfeng အပါအဝင် အရာရှိများက လေဆိပ်တွင် ကယ်ဆယ်ရေးအဖွဲ့ကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။
▪️ ထိုမတိုင်မီ ယူနန်ပြည်နယ်မှ ဒေသဆိုင်ရာကယ်ဆယ်ရေးအဖွဲ့များသည် ပထမဦးဆုံး ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး ဖြစ်ကာ တရုတ်အစိုးရ၏ ပထမအသုတ်အကူအညီပစ္စည်းများကို မတ်လ ၃၁ ရက်နေ့တွင် စတင်ပို့ဆောင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်များအရ နောက်ထပ်အကူအညီများ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times