#Local_News
Published 23 June 2025
▪️ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ Unique ID (UID )နံပါတ် ရရှိရန် သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်များသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။
▪️ မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လစာထုတ်ယူလျက်ရှိသောနိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအနေဖြင့် ပင်စင်လစာထုတ်ယူရာ၌ လူပုဂ္ဂိုလ်စိစစ်မှုအား တိကျမှန်ကန်မြန်ဆန်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ e-ID စနစ်တို့ချိတ်ဆက်၍ ခေတ်မီနည်းပညာအသုံးပြု စိစစ်ဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးများက အငြိမ်းစားဝန်ထမ်းများ၏ Biographic/Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခြင်းဖြစ်သည်။
▪️ ထိုသို့ဆောင်ရွက်ပေးလျက်ရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် UID နံပါတ်ရရှိရေးအတွက် မြို့နယ်ဦးစီးမှူးရုံးများသို့ လာရောက်လျှောက်ထားဆောင်ရွက်မှုများ များပြားလျက်ရှိနေသည့်အတွက် လုပ်ငန်းများအဆင်ပြေလွယ်ကူစေရန် အထူးအစီအစဉ်တစ်ရပ်အဖြစ် ယနေ့ ဇူလိုင် ၂၃ ရက်မှစ၍ ပင်စင်လစာထုတ်ပေးသည့်ကာလအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများက သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်များသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆိုထားသည်။
▪️ အဆိုပါ လုပ်ငန်းစဉ်အား သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်များ၌ One Stop Service ဖြင့် နေ့ချင်းပြီး အဆင်ပြေစွာ ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် UID လျှောက်ထားရယူမှုအပေါ် စိုးရိမ်ပူပန်မှုမရှိဘဲ အဆင်ပြေလွယ်ကူစွာ သွားရောက်ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times