#Local_News
Published_23 July 2025
▪️ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို လာမည့် ဇူလိုင်လ ၂၇ ရက် နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။
▪️ အဆိုပါအောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည့်အပြင် ယင်းနေ့နံနက် (၄) နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် လည်း ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
▪️ ယင်းအပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်က ကြေညာပေးမည်ဖြစ်ကြောင်း သိရ သည်။
▪️ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် သက်ဆိုင်ရာစာစစ်ဌာနများ၌ အောင်စာရင်း ကြည့်ရှုရန် လာ ရောက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းကူညီ ဆောင် ရွက်ပေးကြရန်လည်း ပန်ကြားထားသည်။
▪️ ၎င်းအပြင် အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် (၀၁-၆၅၃၅၀၉) သို့ အောင်စာရင်းထုတ်ပြန်ကြေညာမည့် ၂၇-၇-၂၀၂၅ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း ပါရှိသည်။
▪️ ၂၀၀၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန ၈၁၇ ခု ထဲမှ ဝင်ရောက်ဖြေဆိုရန် စာရင်း ပေး သွင်းသူဦးရေ ၂၂၀၈၄၃ ဦးရှိခဲ့ပြီး ဖြေဆိုရက်နောက်ဆုံးနေ့ထိ လာရောက်ဖြေဆိုသူ ၂၀၈၄၅၄ ရှိခဲ့ကြောင်း ၊ယင်းအပြင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ဖြေဆိုရမည့်သူ ၆၃၆၇၃ ဦး ရှိခဲ့ရာ နောက်ဆုံးနေ့ထိ ဖြေဆိုသူ ၉၈ ရာခိုင်နှုန်းကျော်ရှိခဲ့ကာ ပျက်ကွက်သူ အနည်းငယ်သာရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
#Yangon_Times/PP