#Local_News
Published_23 July 2025
▪️ DPLA အဖွဲ့ဝင် ၁၉ ဦး ယနေ့ ဇူလိုင်လ ၂၂ ရက်တွင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နီးစပ်ရာ တပ်မတော်စခန်းများမှ တစ်ဆင့် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကောင်း သိရသည်။
▪️ အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ကနဦးပြောကြား ချက်များအရ အများစုသည် ရိုးသားစွာ တောင်ယာလုပ်ငန်းလုပ်ကိုင် နေကြသူများ ဖြစ်ကြောင်းနှင့် အတင်း အဓမ္မခြိမ်းခြောက်ဖမ်းဆီး၍ လူသစ်စု ဆောင်း ခံရသူများဖြစ်ပြီး သီပေါမြို့၏ အနောက်ဘက် ၁၀ မိုင်ခန့်အကွာမန်လွယ်ကျေးရွာအနီးတွင် သင်တန်း တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းသည့်အခါ နယ်မြေအလိုက် အခြေပြုလှုပ်ရှားသည့် ကျေးရွာများ၊ တော တွင်း စခန်းများတွင် အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် လူ့အခွင့်အရေးများ ဆုံးရှုံးကာ နည်းမျိုးစုံဖြင့် ညှင်းပမ်း နှိပ်စက်မှုဒဏ်ကို ခံခဲ့ရပြီး အဓမ္မစေခိုင်းချက်အရ အကြမ်းဖက်လုပ်ငန်း များကို လုပ်ဆောင်ခဲ့ရကြောင်းသိရသည်။
▪️ ယင်းကြောင့် ဥပဒေဘောင်အတွင်းဝင်ရောက်ရန်အတွက် အင်ကြင်းကုန်းကျေးရွာ မှတစ်ဆင့် သုံးဆယ်ကျေးရွာ၊ ထိုမှတစ်ဆင့် လွယ်ခွန်ကျေးရွာ၊ ၎င်းမှတစ်ဆင့် ဇီးဖြူပင်ကျေးရွာလမ်းကြောင်းအတိုင်း ထွက်ခွာလာခဲ့ပြီး နောင် ချိုမြို့နယ်၊ ယင်းငူပင် ကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းထံသို့ သတင်းပို့ကာ ယခုကဲ့သို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံအဖွဲ့ဝင်များ ဥပဒေဘောင်အတွင်း ဝင်ရောက်လာ မှုများမှာ ဇူလိုင်လ ၁၇ ရက်က ယနေ့အထိTNLAအဖွဲ့ဝင် ၄ ဦး ၊ MDY-PDF အဖွဲ့ဝင် ၁၅ဦးနှင့် DPLA အဖွဲ့ဝင် ၄၁ဦး ဖြစ်ပြီး လက်နက်မျိုးစုံ ၁၃ လက်နှင့် ကျည်မျိုးစုံ ၁၅၁၅ တောင့် ကျည်အိမ် ၁၂ ခုနှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP