#Local_News
Published 2 July 2025
▪️ မန္တလေးမြို့တွင်း၌ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် CCTV ကင်မရာများ ကို ပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက်လျှက်ရှိရာ လတ်တလောတွင် CCTV ကင်မရာပေါင်း (၁၅၀)ကျော် ပြင်ဆင်ပြီးပြီ ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ အဆိုပါ CCTV ကင်မရာများသည် ပြီးခဲ့သည့် မတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့ခြင်းဖြစ်ရာ ယခုအခါ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့်ကုန်ရုံဌာနမှ လတ်တလောတွင်အဓိကလမ်းများ၊ မီးပွိုင့်များတွင် တပ်ဆင်ထားသည့် CCTV ကင်မရာများအား ပြင်ဆင် ထိန်းသိမ်းမှုများ ဆောင်ရွက်နေခြင်း ဖြစ်သည်။
▪️ မန္တလေးမြို့၌ ကင်မရာ (၃၄၀) ကျော်ရှိရာ ငလျင်ကြီးဒဏ်ကြောင့် အချို့ကင်မရာများမှာ ငိုက်ဆင်းသွားခြင်း၊ တိုင်လဲကျခြင်းနှင့် ကြိုးပြုတ်ခြင်းများ ဖြစ်ခဲ့ရာ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းများကို နေ့စဥ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times