#Local_News
Published 2 July 2025
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၁၉/၇)နှင့် (၁၂၀/၀)ကြားတွင်ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲလမ်းမကြီးဘေးမြောင်းထဲသို့ ထိုးကျမှုတစ်ခု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ၁.၇.၂၀၂၅ရက်၊ညေန ၁၆နာရီ၅၀မိနစ်အချိန်ခန့်ကရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၁၉/၇)နှင့်(၁၂၀/၀)ကြားတွင်နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့၊ မောင်းနှင်လာသော SUZUKI CIAZ အမျိုးစား(အဖြူ)ရောင်ယာဉ်သည် အဆိုပါမိုင်တိုင်အရောက်တွင်အရှိန်မထိန်းနိုင်ဘဲ၊လမ်းမကြီးဘေးမြောင်းထဲသို့ ထိုးကျကာရပ်တန့်သွားခဲ့ခြင်းဖြစ်ေကြာင်း သိရသည်။
▪️ ယာဉ်မတော်တဆမှုဖြစ်ပွားရာသို့ ၁၁၅မိုင်(ဖြူး)အမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်၊(၁+၄)ဦး၊၁၁၅ မိုင်(ဖြူး)အမြန်လမ်းရဲစခန်းမှ စခမ အပါတပ်ဖွဲ့ဝင်(၃+၇)ဦးနှင့်အတူကူညီကယ်ဆယ်ရေးလုပ်ငန်းသွားရောက်ဆောင်ရွက်ခဲ့ရာယာဉ်မတော်တဆမှုကြောင့်ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား(၃)ဦးအနက် ကျား(၁)ဦး၊ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့်ဖြူးမြို့နယ်ပြည့်သူဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times