Published_ 23 September 2023
၂၃ စက်တင်ဘာ ၂၀၂၃ယခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃ လအတွင်း ပြည်ပသို့ တစ်လလျှင် ပျမ်းမျှ ဆန်တန်ချိန် ၂ သိန်းကျော်ခန့် တင်ပို့နိုင်ရန် လျာထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။
ယနေ့ စက်တင်ဘာ ၂၃ ရက်တွင် အွန်လိုင်းမှတဆင့် ပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ်အတွင်း ပြီးခဲ့သည့်လများတွင် ပြည်ပသို့ ဆန်တင်ပို့မှု ဆက်တိုက်လျော့ကျခဲ့သော်လည်း လာမည့် ပွင့်လင်းရာသီကာလတွင်မူ ဆန်တင်ပို့မှုများ ပြန်မြင့်တက်လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
‘’အောက်တိုဘာလမှာ ပြည်ပကို ဆန်တန်ချိန် ၂ သိန်း၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာတော့ ပြည်ပကို ဆန်တန်ချိန် ၂ သိန်းခွဲစီ တင်ပို့နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်’’ ဟု ဦးရဲမင်းအောင်က ပြောသည်။
ပြီးခဲ့တဲ့နှစ်များက မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လစဉ် ဆန်တန်ချိန် ပျမ်းမျှ ၂ သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ပြည်တွင်း ဆန်ဈေးနှုန်းများ စံချိန်တင်မြင့်တက်နေသည့်အတွက် တစ်လလျှင် ပျမ်းမျှ ဆန်တန်ချိန် ၁ သိန်းအောက်သာ တင်ပို့နိုင်ခဲ့သည့် အခြေအနေရှိကြောင်း စီးပွား/ ကူးသန်း၏ အချက်အလက်များအရ သိရသည်။
လက်ရှိကာလတွင် အိန္ဒိယနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု ပိတ်ပင်ထားသဖြင့် ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပြည်ပဆန်တင်ပို့မှုများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ဆန်ကုန်သည်တစ်ဦးက သုံးသပ်သည်။
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လအထိ ၅ လအတွင်း မြန်မာနိုင်ငံက ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၃၇၉,၀၀၀ ကျော်သာ တင်ပို့ထားပြီး ပြီးခဲ့သည့်နှစ် ကာလတူထက် ထက်ဝက်ကျော် လျော့ကျနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
ယခုနှစ်အတွင်း ဖိလစ်ပိုင်၊ တရုတ်နှင့် ဥရောပနိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။
tkz/yt
#Local_News
#YMG #Yangon_Times #Yangon_Media_Group
YUFLနိုင်ငံခြားဘာသာအွန်လိုင်းသင်တန်းနှင့်အချိန်ပိုင်းသင်တန်းများအောင်တိုဘာတွင်ဖွင့်မည်
‘နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)အွန်လိုင်းသင်တန်းကိုအောက်တိုဘာလ(၁၃)ရက်၊ ရိုးရိုးအချိန်ပိုင်းသင်တန်းFace to Faceသင် တန်းကို အောက်တိုဘာလ(၁၄)ရက်မှဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် အောက်တိုဘာလ(၁၀)ရက်အထိ ကျောင်းအပ်လက်ခံသွားမှာဖြစ်တယ်’
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)
#Yangon_Times/tthl
#Published_ 23 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ယခုနှစ်အတွက် လှည်းကူး၌ ခရီးသွားSiteများ ပြင်ဆင်ထားပြီဖြစ် ၊ဒါးပိန်ပန်းပုရွာပါဝင်
‘ နိုင်ငံခြားသားခရီးသွားတွေအတွက် လက်မှုလုပ်ငန်းတွေလုပ်ကိုင်ကြတဲ့ ဒါးပိန်ကျေးရွာပန်းပုရွာအပြင် ဒေသရဲ့လုပ်ငန်းတွေဖြစ်တဲ့ ဆုံဆီ၊ကနုကမာလုပ်ငန်း၊ ကြိမ်ထည်ပစ္စည်းလုပ်ငန်းတွေကိုသွားရောက် ကြည့်ရူလေ့လာနိုင်အောင် ခရီးစဉ်တွေရေးဆွဲထားတယ်။ပြည်တွင်းခရီးသွားတွေအတွက် အပန်းဖြေနိုင်မယ့် Resortတွေရှိတယ်’ လှည်းကူးမြိုနယ်ယဉ်ကျေးမှုအမွေအနှစ်စောင့်ရှောက်ရေးအဖွဲမှတာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Published_ 23 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
မြန်မာဝူရှုးအားကစားမယ်တစ်ဦးဖြစ်တဲ့ စန္ဒီဦးဟာ ဝူရှုးအားကစားကို လိုက်စားလာခဲ့တာ ဆယ်စုနှစ် (၂)စုကျော်ကြာခဲ့ပါပြီ။ အခု သူမဟာ ၁၉ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရှင်ဖြစ်ဖို့ မျှော်မှန်းနေပါတယ်။စန္ဒီဦးဟာ ကစားပွဲများစွာ ကစားခဲ့တဲ့ အတွေ့အကြုံရှိတဲ့ အားကစားသမားတစ်ဦးပါ။ သူမဟာ အာရှအားကစားပြိုင်ပွဲရဲ့ ဝူရှုးပြိုင်ပွဲတွေ မှာ မြန်မာနိုင်ငံအတွက် ဆုတံဆိပ်တွေ ကိုယ်စားယူပေးပါလိမ့်မယ်။
၂၃ စက်တင်ဘာ ၂၀၂၃
ထိုင်းဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဆရက်သာ သာဗီဆင်းက ထိုင်းနိုင်ငံအနေနှင့် လူ့အခွင့်အရေး အရေးကြီးတာကို အလေးအနက်ထားပြီး နိုင်ငံထဲမှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို အကောင်းဆုံးစောင့်ရှောက်နေပါတယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။
မစ္စတာ ဆရက်သာက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် ကုလရုံးချုပ်မှာ တွေ့ဆုံအပြီး သတင်းထောက်တွေနှင့်တွေ့ဆုံရာမှာ အဲသလိုပြောကြားခဲ့တာလို့ ဘန်ကောက်ပို့စ်မှာ သတင်းဖော်ပြထားပါတယ်။
သူဟာ ကုလသမဂ္ဂ ၇၈ကြိမ်မြောက် အထွေထွေညီလာခံတက်ရောက်နေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနေနှင့် လူ့အခွင့်အရေး အရေးကြီးမှုကို ဦးစားပေးပြီး ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှုတွေကို ထောက်ခံတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ ဒုက္ခသည်တွေကို ကူညီပေးခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြည်တွင်းရေး ပဋိပက္ခတွေမှာ ဝင်ရောက်ပတ်သက်မှာမဟုတ်ဘူးလို့လည်းပြောပါတယ်။
ကုလအတွင်းရေးမှူးချုပ်ကလည်း သူ့ကို စိုးရိမ်ပူပန်ကြောင်းပြောခဲ့ပြီး ထိုင်းအနေနှင့် သူ့ရဲ့ အရေးတကြီးသတင်းစကားဖြစ်တဲ့ ဒုက္ခသည်တွေကို စောင့်ရှောက်ဖို့ဆိုတာကို ယူဆောင်သွားမှာပါလို့လည်းဆိုပါတယ်။
ရှေ့သို့ချီပါတီMFP ရဲ့ အမတ်တစ်ဦးဖြစ်တဲ့ ချူလာပွန်ယူကိတ်က ရှမ်းပြည်နယ်မငြိမ်မသက်မှုရဲ့ ရိုက်ခတ်မှုခံစားရတဲ့ မြန်မာတွေကို ကူညီဖို့ အစားအစာတွေ၊ဆေးဝါးတွေနှင့် အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးချင်နေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ကူညီဖို့ အစိုးရကို သောကြာနေ့ကတောင်းဆိုထားပါသေးတယ်။
#Daily_News
Published_ 22 September 2023
၁။ ရွှေတိဂုံတွင် Pagoda Digital Directory ထားရှိနိုင်အောင် ဆော့ဝဲလ်များပြင်ဆင်နေ၊
မုခ်လေးမုခ်တွင်Touch Screenများဖြင့် ထားရှိမည်ဟုဆို
၂။ ယခုတပတ်အတွင်း ပြည်တွင်းစက်သုံးဆီ တစ်လီတာကို ကျပ်၁၅၀ခန့် ဈေးပြန်ကျ
၃။ မုတ်သုန်ဆုတ်ခွာချိန်ဖြစ်၍ ဒေသအချို့တွင် မိုးပိုရွာမည်၊ လေဖိအားနည်းရပ်ဝန်းနှင့် မိုးသက်လေပြင်းများ တိုက်ခတ်နိုင်
၄။ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကျင်းပရာ ဟန်ကျိုးမြို့ အားကစားရွာတွင် နည်းပညာဆန်းသစ်တီထွင်မှုများ ပြသထား .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ပြည်ပလုပ်သားများရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို သွားရောက်မယ့် နိုင်ငံရှိဘဏ်နှင့် ပြည်တွင်းဘဏ် ချိတ်ဆက်ထားတဲ့ မည်သည့်ဘဏ်ကမဆို လွှဲနိုင်တယ်ဟုဆို
ပြည်ပနိုင်ငံ များကို တရားဝင် သွားရောက် အလုပ်လုပ်ကိုင်မယ့် သူတွေရဲ့လုပ်ခလစာကိုနိုင်ငံတော်သွင်းရတာမျိုးမဟုတ်ဘဲ မိသားစုထံ တရားဝင်လမ်းကြောင်းကနေ လွဲပို့ရမှာဖြစ်ပြီး ပြည်တွင်းရှိ ဘဏ်များနဲ့ သွားရောက်မယ့် နိုင်ငံမှာရှိတဲ့ ဘဏ်တွေ နဲ့ ချိတ်ဆက်ထားတဲ့ မည်သည့်ဘဏ်ကမဆို လွဲပို့နိုင်တယ်ဟု အလုပ်သမားဝန်ကြီးဌာန ရဲ့အသိပေးကြေညာချက်အရသိရပါတယ်။
#Yangon_Times/LW
#Published_ 22 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Page 1365 of 2529