#Daily_News
Published 12 November 2024
၁။မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူအသင်း၊လက်ဘနွန်အသင်းနှင့်ခြေစမ်းပွဲကန်မည်
၂။ခုနှစ်လတာအတွင်း ပြည်ပနိုင်ငံများသို့ ကန်ဒေါ်လာ သန်းပေါင်း၆၄၀ ကျော် တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ တန်ချိန်တစ်သန်းကျော်တင်ပို့ထား
၃။ဆောင်းတွင်းပုံမှန်ထက်အေးမည့်ဒေသ(၃)ခုရှိ၊ဒေသ(၅)ခုမြူကျရက်များမည်
၄။ မြောက်ကိုရီးယားနှင့်ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်၌ ရုရှားသမ္မတပူတင်လက်မှတ်ရေးထိုး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
၁၂ နိုဝင်ဘာ ၂၀၂၄
▪️ရန်ကုန်မြို့အခြေစိုက် အိန္ဒိယသံရုံး ယဉ်ကျေးမှုဌာန၊ အိန္ဒိယစင်တာက ကျင်းပတဲ့ “ ရာမယဏပန်းချီပြပွဲ" ကို ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် နိုဝင်ဘာ ၈ ရက်မှ ၁၅ ရက်နေ့အထိဖွင့်လှစ်ပြသနေပါတယ်။
▪️ဖွင့်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၂ ရက် ညနေ (၄)နာရီက အဆိုပါ အမျိုးသားပြတိုက်ခန်းမတွင်ကျင်းပခဲ့ရာ အိန္ဒိယံသံအမတ်ကြီး Mr. Abhay Thakur နှင့်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါတယ်။အဲဒီနောက်ပြပွဲဖြစ်မြောက်ရေးတာဝန်ရှိသူများကလည်းဆက်လက်ပြီးနှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြပါတယ်။
▪️အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ (ICCR) ၏ ကမကထပြုမှုဖြင့် အိန္ဒိယစင်တာကပြသတဲ့" ရာမယဏပန်းချီပြပွဲ"တွင် အိန္ဒိယနိုင်ငံ၏ နာမည်ကျော် ပန်းချီဆရာများရဲ့ ပန်းချီလက်ရာများကို ခင်းကျင်း ပြသထားပါတယ်။
▪️အိန္ဒိယနိုင်ငံ၏ အရေးပါသော စာပေကျမ်းဂန်ဖြစ်သည့် ရာမယဏ သည် အိန္ဒိယနှင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ စံနှုန်းတန်ဖိုးများနှင့် အတွေးအခေါ်များကို တူညီစွာ ထင်ဟပ်စေပါတယ်လို့ အိန္ဒိယသံရုံးက သတင်းထုတ် ပြန်ပါတယ်။
▪️အဆိုပါပြပွဲကို ပန်းချီချစ်မြတ်နိုးသူများနှင့် သုတေသီများ ပြည်သူများ မည်သူမဆို နိုဝင်ဘာ ၁၅ ရက်နေ့အထိ အမျိုးသားပြတိုက်တွင် သွားရောက်ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါတယ်။
အခုရက်ပိုင်းအတွင်း ရွှေရည်ညွှန်းဈေး ကျပ်ငါးသောင်းအထိကျဆင်းလာပြီး အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၅၄သိန်းကျော်အထိရှိလာတယ်လို့
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကသိရပါတယ်။
#Local_News
Published 12 November 2024
#ရွှေရည်ညွှန်းဈေးငါးသောင်းကျဆင်း #အခေါက်ရွှေကျပ်၅၄သိန်းကျော်
#YMG/NN #Yangon_Times
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ နိုဝင်ဘာလရဲ့ပျမ်းမျှအပူချိန်ထက်(၁.၅) ဒီဂရီစင်တီဂရိတ်အောက် လျော့နည်းနိုင်တယ်လို့ဆိုပါတယ်။
#Local_News
Published 12 November 2024
#ဆောင်းတွင်းပုံမှန်ထက်အေး #ဒေသ(၅)ခုမြူကျရက်များ
#YMG/tthl #Yangon_Times
#Local_News
Published 12 November 2024
▪️ Miss Universe Myanmar အလှမယ်သက်စံ၏ Project ဖြစ်သည့်လူငယ်များ၏ ပညာရေးနှင့်ဖွံံ့ဖြိုးရေးအတွက် အကျိုးပြု Project (Voice for Change Project) သည်အခုဆိုရင် Top (10) စာရင်းထဲကို ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
▪️ Top (10) Project ထဲမှာမြန်မာသည် Top(6)ထဲတွင် ဝင်ရောက်နေဝာာဖြစ်သည်။
▪️ Top (10) Project စာရင်းမှာ
(1)Eritiea၊
(2)Cambodia
(3)Cayman Islands
(4)Thailand
(5)Bolivia
(6)Myanmar
(7)Celinee Santos, Dominican Republic
(8)Martinique
(9)Chile
(10)Mexicoတို့ပါဝင်ခြင်းဖြစ်သည်။
▪️ MUM ၏ မိတ်ဖက် လုပ်ငန်းရှင်များ၊ အလှမယ်များ၊ ဒီဇိုင်နာများ၊ City Director များ ၊ မိတ်ဆွေများနှင့် သက်စံကိုချစ်ခင်စွာဖြင့် မိမိတတ်နိုင်သည့်ဘက်မှ နေ့စဉ်မပြတ် Vote ပေးခဲ့ကြသည့်မိဘပြည်သူများ အားလုံးကို သက်စံကိုယ်စား MUM Org မှကျေးဇူးတင်စကားဆိုထားကြောင်း သိရသည်။
#YMG/tthl #Yangon_Times
၂၀၂၄_၂၀၂၅ ဘဏ္ဍာနှစ် ခုနှစ်လတာအတွင်း ပြည်ပနိုင်ငံတွေကို အမေရိကန်ဒေါ်လာသန်းပေါင်း၆၄၀ ကျော် တန်ဖိုးရှိ ဆန်နဲ့ဆန်ကွဲ တန်ချိန်တစ်သန်းကျော်တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 12 November 2024
#ဆန်နှင့်ဆန်ကွဲတန်ချိန်တစ်သန်း #ကန်ဒေါ်လာသန်းပေါင်း၆၄၀
#YMG/NN #Yangon_Times
မြန်မာ့လက်ရွေးစင်အသင်းဟာ စင်ကာပူအသင်းနဲ့နိုဝင်ဘာ ၁၄ ရက်မှာစင်ကာပူ အမျိုးသား အားကစားကွင်းမှာ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲကစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 12 November 2024
#မြန်မာ့လက်ရွေးစင်အသင်း #စင်ကာပူး၊လက်ဘနွန်နဲ့ဖီဖာခြေစမ်းပွဲကစား
#YMG/tthl #Yangon_Times
Page 487 of 2281