#Local_News
Published 9 December 2024
▪️ ယနေ့ဒီဇင်ဘာလ ၉ရက် နံနက်စောပိုင်းက သိန္နီမြို့အနီး အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ချက်ထားသည်။
▪️ ထုတ်ပြန်ချက်တွင် ဒီဇင်ဘာလ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃)နာရီ၊ (၂၈)မိနစ်၊ (၀၃)စက္ကန့် အချိန်တွင် သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သိန္နီမြို့၏ အရှေ့မြောက်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၃၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၀၃) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိေကြာင်း ဖော်ပြထားသည်။
▪️ ယခုမြေငလျင်လှုပ်ခတ်မှုသည် ဒီဇင်ဘာလအတွင်း သုံးကြိမ်မြောက်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁ရက်ကကြံခင်းမြို့အနီးတွင် တစ်ကြိမ် ဒီဇင်ဘာလ ၂ရက်က မိုင်းပြင်းမြို့အနီးတွင်တစ်ကြိမ် လှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 07 December 2024
၁။ ထိုင်းရောက် မြန်မာလုပ်သားများသို့ သက်သေခံလက်မှတ်များထုတ်ပေးရာတွင် ငွေကြေးကောက်ခံခြင်းမရှိကြောင်း သံရုံးထုတ်ပြန်
၂။ တရုတ်-မြန်မာ အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲရန်ကုန်၌ ကျင်းပနေ
၃။ ပြည်တွင်းဆီစက် ၇၀ရာခိုင်နှုန်းအထိ ပြန်လည်လည်ပတ်လာနိုင်ခဲ့
၄။ တောင်ကိုရီးယား စစ်အုပ်ချုပ်ရေးအမိန့်ရုပ်သိမ်းပြီးနောက်တိုင်းပြည်စီးပွားရေးနှင့်ဘဏ္ဍာရေးထိခိုက်မှုမှကာကွယ်ရန်လိုအပ်ဟု ပညာရှင်များသတိပေး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပနိုင်ငံတွေကနေ စားအုန်းဆီတင်သွင်းတဲ့ မူဝါဒများပြောင်းလဲခဲ့ပြီးနောက် ပြည်တွင်းဆီစက်၇၀ရာခိုင်နှုန်းအထိ ပြန်လည်လည်ပတ်လာနိုင်ခဲ့တယ်လို့မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 7 December 2024
#ပြည်တွင်းဆီစက် #၇၀ရာခိုင်နှုန်းပြန်လည်လည်ပတ်
#YMG/NN #Yangon_Times
တရုတ်-မြန်မာအထည်အလိပ်နဲ့ စက်ယန္တရားကုန်စည်ပြပွဲကို ရန်ကုန်မြို့ရှိ Yangon Convention Center မှာ သုံးရက်ကြာကျင်းပနေပါတယ်။
#Local_News
Published 7 December 2024
#တရုတ်-မြန်မာ #အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲရန်ကုန်၌ကျင်းပ
#YMG/NN #Yangon_Timesmes
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေကို နိုင်ငံကူးလက်မှတ် (Passport - စာအုပ်အနီ) နဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI - စာအုပ်အစိမ်း)ထုတ်ပေးရာမှာငွေကြေးကောက်ခံခြင်းမရှိဘူးလို ဗန်ကောက်မြိုမှာရှိတဲ့ မြန်မာသံရုံးက ဒီဇင်ဘာလ၆ရက်က ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 7 December 2024
#နိုင်ငံကူးလက်မှတ်/သက်သေခံလက်မှတ် #ငွေကြေးကောက်ခံခြင်းမရှိ
#YMG/SW #Yangon_Times
#Local_News
Published 07 December 2024
▪️ ထိုင်းနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ နိုင်ငံကူးလက်မှတ်နှင့် CI စာအုပ် သက်တမ်းတိုးရန်အတွက် Mobile Team စေလွှတ်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ယနေ့ ဒီဇင်ဘာလ ၇ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
▪️ ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ၂၄-၉-၂၀၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံကူး လက်မှတ် နှင့် CI ကိုင်ဆောင်ထားသော မြန်မာလုပ်သားများအား ထိုင်းနိုင်ငံအတွင်း (၂) နှစ် သက်တမ်းရှိသည့် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုမှုကို ပေးအပ်မည်ဖြစ်ရာ နိုင်ငံကူးလက်မှတ်များ နှင့် CI စာအုပ်များ သက်တမ်းတိုးရန် လိုအပ်လာဖြစ်ကြောင်း၊ စက်ရုံ/အလုပ်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရမည့်သူအရေအတွက် ၄၀ဝ ဦးနှင့်အထက်ရှိပါက လုပ်ငန်းမရပ်တံ့စေရေးနှင့် လုပ်သားများနေ့တွက် စရိတ်မဆုံးရှုံးစေရေးကို ရည်ရွယ်၍ စက်ရုံ/အလုပ်ရုံနှင့် လုပ်ငန်းခွင်သို့ Mobile Team စေလွှတ်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်သားစာရင်းအား သတ်မှတ်ပုံစံ ဖြည့်စွက်၍ လုပ်ငန်းခွင်၏ HR Manager ထောက်ခံချက်နှင့်အတူ မြန်မာသံရုံး/ ကောင်စစ် ဝန်ချုပ်ရုံးတို့၏ ကောင်စစ်ဌာနသို့ (၉-၁၂-၂၀၂၄) ရက်မှစတင်၍ လာရောက်တင်ပြရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
▪️ နိုင်ငံကူးလက်မှတ်စာအုပ်များအနေဖြင့် (၂) နှစ် သက်တမ်းတိုးနိုင်ရန်အတွက် ပုံမှန်အားဖြင့် စာအုပ်သက်တမ်း အနည်းဆုံး ၂ နှစ် ၆ လခန့် ကျန်ရှိရန် လိုအပ်ကြောင်း၊ သို့ရာတွင် ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာဌာနများအနေဖြင့် စာအုပ်၏ လက်ကျန်သက်တမ်း အတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် (Work Permit / Visa) ကို ခွင့်ပြုဆောင်ရွက်ပေးမည်ဆိုပါလျှင် စာအုပ်သက်တမ်းကုန်ချိန် ရောက်ရှိပါက မြန်မာသံရုံး (ဗန်ကောက်) နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) တို့တွင် စာအုပ်အသစ်ပြုလုပ်ခြင်း၊ စာအုပ်နှစ်အုပ်မှာ တစ်ဉီးတည်းဖြစ်ကြောင်း ထောက်ခံချက် (လိုအပ်လျှင်) ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 07 December 2024
▪️ ရန်ကုန်-ပြည်လမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီ ၅၆ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာရှိ ရန်ကုန်-ပြည်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ လူညပ်နေကြောင်း သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့် မ(၁)ဦး(သေဆုံး)အား နိဗ္ဗာန်ချမ်းသာလူမှုကူညီရေးအသင်းယာဉ်ဖြင့် တိုက်ကြီးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 458 of 2281