#Local_News
Published 9 December 2024
▪️ ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လုပ်ခလစာများကို တရားဝင်ဘဏ် လမ်း ကြောင်းမှ တစ်ဆင့် လွှဲပို့ပါက EV ယာဉ်များ တင်သွင်းခွင့်ပြုမည်ဟု ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများက ဒီဇင်ဘာလ ၉ရက်က ထုတ်ပြန်ကြေညာထားသည်။
▪️ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၄င်းတို့၏ လုပ်ခလစာများကို မိသားစုထံသို့ တရားဝင်ဘဏ်လမ်းကြောင်းမှ တစ်ဆင့် ငွေလွှဲပြောင်း ပေးပို့မည်ဆိုပါက အထူးအစီအစဉ်အဖြစ် လျှပ်စစ်သုံး မော်တော်ယာဉ်/မော်တော်ဆိုင် ကယ် ဝယ်ယူတင် သွင်းခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အသိပေးကြေညာချက်တွင် ပြည်ပတွင်အလုပ်လုပ်ကိုင်နေ သောမြန်မာနိုင်ငံသားများ အတွက် ပုံမှန်လစာရရှိသူများ သင်္ဘောသားများအပါအဝင်နှင့် အခြားဝင်ငွေရရှိသူများ သည် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ငါးသောင်းနှင့်အထက် လွှဲပို့ပါက စုစုပေါင်း လွှဲပို့ငွေ၏ ၅ရာခိုင်နှုန်း တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ ထိုအချက်များကိုက်ညီသူများကို တစ်ဦးချင်းတင်သွင်းမှုအနေဖြင့်လည်းကောင်း၊ တစ်ဦးချင်းတင်သွင်းရန် ယာဉ်တန်ဖိုးမပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကိုလည်း ကောင်းခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ ထိုသို့တင်သွင်းမှုကို ၂၀၂၃ခုနှစ် အောက်တိုဘာလ ၂၆ရက်မှစတင်ကာခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် ရှစ်လတာအတွင်း အမေရိကန်ဒေါ်လာ သန်း၂၇၀ကျော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားခွင့်ပြုပေးခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က သိရပါတယ်။
#Local_News
Published 09 December 2024
#နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု #ကန်ဒေါ်လာသန်း၂၇၀
#YMG/NN #Yangon_Times
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် အခုနှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလက နေ နိုဝင်ဘာလကုန်အထိ ယာဉ်မတော်တဆမှုပေါင်း(၁၈၉)မှုဖြစ်ပွားခဲ့ပြီး ေ-သဆုံးသူ(၈၇)ဦးရှိခဲ့ပြီး ၃၀၀ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
#Local_News
Published 09 December 2024
#ရန်ကုန်-မန္တလေးအမြန်လမ်း #ယာဉ်မတော်တဆမှု
#YMG/NN #Yangon_Times
အခုနှစ် မိုးပြောင်းထွက်ရှိတဲ့ ရာသီချိန်မှာ ပြည်ပနိုင်ငံတွေက ဝယ်လိုအားများနေတာကြောင့် ဈေးကောင်းရနေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းကနေသိရပါတယ်။
#Local_News
Published 09 December 2024
#မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း #ပြောင်းဆံစျေးတက်
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နဲ့တိုင်း ၇ ခုတို့ရှိ နှစ်ပေါင်း ၁၀၀ နဲ့ အထက်သက်တမ်းရှိတဲ့ အဆောက်အအုံပေါင်း ၄၀ ခုကို ရှေးဟောင်းအဆောက်အအုံတွေအဖြစ်သတ်မှတ်လိုက်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ကသိရပါတယ်။
#Local_News
Published 09 December 2024
#ယဉ်ကျေးမှုဝန်ကြီးဌာန #ရှေးဟောင်းအဆောက်အအုံ
#YMG/NN #Yangon_Times
#Local_News
Published 9 December 2024
▪️ ဂျပန်ကုမ္ပဏီများအနေဖြင့် ပြည်တွင်းမှအလုပ်သမားများခေါ်ယူရန်အတွက် အလုပ်ကမ်းလှမ်းစာ (Demand Letter) စိစစ်နိုင်ရန် စာရွက်စာတမ်းများကိုတိုကျိုမြို့ရှိ မြန်မာသံရုံးသို့ ပေးပို့လျှက်ရှိရာကြိုတင်ပေးပို့သည့် ဂျပန်ကုမ္ပဏီများသည် အကျုံးဝင်မှုမရှိကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ဒီဇင်ဘာ ၉ ရက်က ထုတ်ပြန်သည်။
▪️ ထိုထုတ်ပြန်ချက်တွင် မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့်ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိရာတွင် ကုမ္ပဏီအချို့သည်ကြေညာချက်မထုတ်ပြန်မီကတည်းက သံရုံးသို့ စာရွက်စာတမ်း၊ အချက်အလက်များ ကြိုတင်ပေးပို့မှုများ ပြုလုပ်ထားကြရာ ထိုသို့ကြိုတင်ပေးပို့ခြင်းသည် အကျုံးဝင်မှု မရှိကြောင်းနှင့် ယခုကြေညာချက်တွင်ပါရှိမှသာ ကြေညာချက်အမှတ်စဉ်ဖော်ပြလျက် စာရွက်စာတမ်း၊ အထောက်အထားများကို စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
▪️ ထို့ကြောင့် စာရွက်စာတမ်း၊ အချက်အလက်များ ပေးပို့ပေးနိုင်ရန် ကုမ္ပဏီ ၂၀၇ ခု၏ စာရင်းအား ပူးတွဲပါထုတ်ပြန်ချက် (၄၈/၂၀၂၄) အနေဖြင့် ထုတ်ပြန်ထားပြီး အချက်အလက်များကြိုတင်ပေးပို့ထားသည့်ကုမ္ပဏီများအနေဖြင့် Labour Section၊ Myanmar Embassy,Tokyo နှင့် 4-8-26, Kita Shinagawa, Shinagawa Ku, Tokyo 140-0001သို့ လိပ်မူ၍ အချက်အလက်များကို စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ပေးရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 09 December 2024
▪️ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပလပ်စတစ်စက်ရုံတစ်ရုံတွင် ယနေ့ ဒီဇင်ဘာ ၉ ရက်နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် ပျဥ်းမနားအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
▪️ ဒီဇင်ဘာ ၉ ရက်နေ့၊ မနက်၆ နာရီ ၂၀မိနစ် အချိန်ခန့်က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရှိ ပလပ်စတစ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဗဟိုမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဥတ္တရခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ပျဉ်မနားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရွာကောက်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ပုဗ္ဗနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာ ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် မီးလောင်ချိန် ၂ နာရီခန့်အကြာ နံနက် ၈ နာရီ ၅ မိနစ်၌ မီးငြိမ်းသွားပြီး မီးလောင်မှုဖြစ်စဉ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအားဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 457 of 2281