အခုဘဏ္ဍာနှစ် ၈ လတာအတွင်း ပြည်ပနိုင်ငံတွေကို ပဲမျိုးစုံတင်ပို့တာကနေ အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရရှိထားတယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ နှမ်းနှင့် ပြောင်းကုန်သည်များအသင်းကနေ သိရပါတယ်။
#Local_News
Published 16 December 2024
#ပြည်ပသို့ပဲမျိုးစုံတင်ပို့ #ကန်ဒေါ်လာတစ်သန်း
#YMG/NN #Yangon_Times
MSME လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ လုပ်ငန်းတွေဖြစ်လာစေဖို့ နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ စက်ပစ္စည်းနဲ့မြေနေရာ လိုအပ်ချက်တွေကို နိုင်ငံတော်ဘက်က ဖြည့်ဆည်းပေးလျှက်ရှိတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ပြောကြားလိုက်ပါတယ်။
#Local_News
Published 16 December 2024
#MSME #စက်ပစ္စည်းနဲ့မြေနေရာ
#YMG/SW #Yangon_Times
#Local_News
Published 16 December 2024
▪️ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ Hong Kong Convention and Exhibition Center တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၁၈) ကြိမ်မြောက် အာရှဘဏ္ဍာရေးဆိုင်ရာဖိုရမ် (18th Asian Financial Forum-AFF) ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ဖိုရမ်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့အနေဖြင့် ပြခန်း (၁) ခန်း အခမဲ့ ပါဝင်ပြသနိုင်ကြောင်း ဟောင်ကောင်ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (HKTDC) မှ ဖိတ်ကြားလာကြောင်း၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့ အနေဖြင့် ယခင်ဖိုရမ်များတွင် ပါဝင်ပြသခဲ့ခြင်းမရှိသည့်အတွက် ပထမဆုံးအကြိမ် ပါဝင်ပြသမှုအဖြစ် ၆ စတုရန်းမီတာရှိ (standard hospitality booth) ပြခန်း (၁) ခန်း (ပြခန်းငှားရမ်းခ အမေရိကန်ဒေါ်လာ ၅၇၀ဝ) အား အခမဲ့ပါဝင်ပြသခွင့်ပြုမည်ဖြစ်ကြောင်း။ ပြပွဲတွင် ခင်းကျင်းပြုလုပ်သွားမည့် AFF ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုဇုံ (GIZ) ၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့အား ပထမဆုံးအကြိမ်အဖြစ် အခမဲ့ပါဝင်ပြသရန် ကမ်းလှမ်းလာခြင်းဖြစ်ကြောင်း သိရသည်။
▪️ အာရှဘဏ္ဍာရေးဆိုင်ရာဖိုရမ်သည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၌ နှစ်စဉ်ကျင်းပသည့် ပွဲတစ်ခုဖြစ်ပြီး အာရှဒေသဘဏ္ဍဍာရေးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက ရည်ရွယ်ကျင်းပသည့် Asian Financial Forum – AFF 2024 သို့ ကမ္ဘာ့နိုင်ငံ/ ဒေသပေါင်း ၅၀ ကျော်မှ လူကိုယ်တိုင် တက်ရောက်သည့် ကိုယ်စားလှယ် စုစုပေါင်း ၃,၆၀ဝ ကျော် တက်ရောက်ခဲ့ကြောင်း၊ ယခုနှစ်ကျင်းပပြုလုပ်မည့် AFF ကို “Powering the Next Growth Engine” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်ကျင်းပသည့် ငွေရေးကြေးရေးဆိုင်ရာ ဖိုရမ်ဖြစ်ပြီး တရုတ်ပြည်မ၊ ဟောင်ကောင်ဒေသနှင့် ကမ္ဘာအနှံ့မှ ကိုယ်စားလှယ်များနှင့် ပါဝင်တက်ရောက်ကြမည်ဖြစ်ရာ ပြပွဲများ၌ ပါဝင်ပြသသည့် အခြားကောင်စစ်ဝန်ချုပ်ရုံး ပြခန်းများတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် ကုန်သည်လုပ်ငန်းရှင်အဖွဲ့အစည်းများမှလည်းကောင်း၊ ကုမ္ပဏီအနေဖြင့်လည်းကောင်း မိတ်ဖက်ရှာဖွေလိုခြင်း၊ ရင်းနှီးမြှုပ်နှံမှု ရှာဖွေလိုခြင်းကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုများ ရှာဖွေလိုသည့် လုပ်ငန်းများအနေဖြင့် စီမံကိန်းများအလိုက် အသေးစိတ်ရှင်းလင်း၍ မိတ်ဖက်ရှာဖွေခြင်းများကို ပြုလုပ်လေ့ရှိကြောင်း သိရသည်။
▪️ ထို့ကြောင့် အာရှဘဏ္ဍဍာရေးဆိုင်ရာဖိုရမ် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့အနေဖြင့် အခမဲ့ ပါဝင်ပြသခွင့်ရရှိမည့် ပြခန်း (၁) ခန်းတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_ 16 December 2024
▪️ ဗီယက်နမ်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ ၂ ဦးဖြစ်သည့် မနွယ်နီဝင်းနှင့် မချစ်စုစုကျော်တို့အား မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၄ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေပြည်တော်သို့ ပျံသန်းထွက်ခွာသည့် တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
▪️ မနွယ်နီဝင်းနှင့် မချစ်စုစုကျော်တို့သည် တရားမဝင် အလုပ်အကိုင်ပွဲစား၏ ချိတ်ဆက် ပေးမှုဖြင့် ဗီယက်နမ်နိုင်ငံသို့ နိုဝင်ဘာ ၁၆ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ဗီယက်နမ်-တရုတ်နယ်စပ်ရှိ ဗီယက်နမ်ပြည်နယ်တစ်ခုဖြစ်သည့် Cao Bang ပြည်နယ်သို့ ပို့ဆောင်ချိန်တွင် မိုဘိုင်းဖုန်း၊ ငွေကြေးများကိုသိမ်းဆည်းပြီးနောက် ၎င်းတို့အား စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။
▪️ ၎င်းတို့အနေဖြင့် အခက်အခဲကြုံတွေ့နေခဲ့ပြီး ယင်းဒေသရှိ ဗီယက်နမ်ရဲစခန်းမှ တစ်ဆင့် မြန်မာသံရုံးသို့ ဒီဇင်ဘာ ၁၁ ရက်တွင် ဆက်သွယ် အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။
▪️ မြန်မာသံရုံးမှ တာဝန်ရှိသူများက ဗီယက်နမ်ရဲတပ်ဖွဲ့ဝင်များနှင့် ညှိနှိုင်းဆောင်ရွက်ကာ သံရုံးသို့ ခေါ်ဆောင်၍ ၎င်းတို့ခေတ္တနေထိုင် စားသောက်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးပြီး လိုအပ်သော ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။
▪️ မြန်မာနိုင်ငံသို့ ချောမောစွာ ပြန်လည်ထွက်ခွာခွင့်ရရှိရေးအတွက် ဗီယက်နမ်နိုင်ငံ တာဝန်ရှိ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ တပ်မတော်(လေ)မှ လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ခဲ့တာ ဖြစ်ပါတယ်။
▪️ အစိုးရအနေဖြင့် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများ၏ ညှိနှိုင်းကူညီ ဆောင်ရွက်ပေးမှု မှတစ်ဆင့် ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားများအား အစဉ်တစိုက် ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်းသိရပါတယ်။
#Ymg_mnn #Yangon_Media_Group
#Local_News
Published 16 December 2024
▪️ မြန်မာနိုင်ငံ၌ လာမည့်(၃၆)နာရီအတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်နိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင် သတင်းများစင်တာမှ အသိပေးထားသည်။
▪️ ပြည်တွင်း၌ ယခုလအတွင်း မြေငလျင်ငယ်များခပ်စိတ်စိတ်လှုပ်ခတ်လျှက်ရှိရာ ဒီဇင်ဘာ(၁၁)ရက်မှ ဒီဇင်ဘာ (၁၅)ရက်အထိ(၅)ရက်တာ ကာလအတွင်း စစ်ကိုင်းတိုင်း မော်လိုက်မြို့အနီးတွင် ၄ ဒသမ၇ အဆင့်ရှိ ငလျင်တစ်ခု အပါအဝင် မိုင်းဆတ်မြို့အနီး ၃ ဒသမ ၃ အဆင့် မြေငလျင်၊ ဟားခါးမြို့အနီး ၃ ဒသမ၈ အဆင့်မြေငလျင်၊ လင်းခေးမြို့တွင် ၂ ဒသမ၈ အဆင့်မြေငလျင်၊ ရန်ကုန်တိုင်း ဖောင်ကြီးမြို့အနီး ၂ဒသမ ၇ အဆင့်ရှိမြေငလျင်၊ ဖားကန့်မြို့အနီး ၃ ဒသမ ၆ အဆင့်ရှိ မြေငလျင် စသည်ဖြင့်မြေငလျှင်လှုပ်ခတ်မှု (၇) ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့အနီး၌ ဒီဇင်ဘာ(၁၅)ရက်က ၂ ဒသမ ၈ အဆင့်ရှိ မြေငလျင်ငယ်တစ်ခုလှုပ်ခတ်ခဲ့ ကြောင်း၊ ပြည်တွင်း၌လည်း ၃၆နာရီအတွင်း မြေငလျင်ငယ်လှုပ်ခတ်နိုင်သည့်အတွက် သတိပြုကြရန် မြေငလျင်စင်တာယမန်နေ့ညက သတိပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
၁၅ ဒီဇင်ဘာ ၂၀၂၄
တရုတ်နိုင်ငံအနောက်တောင် ယူနန်ပြည်နယ်မှာ မဲခေါင်မြစ်မှတစ်ဆင့် အာဆီယံနိုင်ငံတွေနှင့် ရေကြောင်း ချိတ်ဆက်နိုင်ဖို့အတွက် ကွမ်လေ ဆိပ်ကမ်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖွင့်လှစ်ခဲ့ပါတယ်။
အဲဒီဆိပ်ကမ်းဟာ ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား တိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနယ်ထဲက မင်ဂလာခရိုင်ထဲမှာ တည်ရှိပါတယ်။
Source CCTV+
#Daily_News
Published 14 December 2024
၁။ ထိုင်းဗီဇာလျှောက်ထားရာတွင် e-Visa (အွန်လိုင်း) စနစ်သစ်ဖြင့် လျှောက်ထားရမည်
၂။ အိန္ဒိယနှင့်ဖိလစ်ပိုင်သို့တင်ပို့နေသောကြောင့် ပြောင်းဈေးအတက်ဘက်သာရှိနေ
၃။ လတ်တလော ရွှေဈေးကွက်အေးနေပြီး ရွှေဈေးထပ်ကျဦးမည်
၄။ ကမ္ဘာ့စီးပွားရေး မရေရာမှုများရှိသော်ငြား တရုတ်စီးပွားရေးခံနိုင်ရည်ရှိမှုကြောင့် ဂျီဒီပီတိုးတက်မှု (၅)ရာခိုင်နှုန်းပြည့်မီဖွယ်ရှိဟုဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 448 of 2280