လာအိုကိုရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးဖို့ စီစဉ်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာနက တဆင့်သိရပါတယ်။
#Local_News
Published 14 January 2025
#မြန်မာရွှေ့ပြောင်းလုပ်သား #သက်သေခံလက်မှတ်ထုတ်ပေး
#YMG/SW #Yangon_Times
#Local_News
Published 14 January 2025
▪️ MSME လုပ်ငန်းများ၏ စားသောက်ကုန်များ၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ရေများကို စမ်းသပ်စစ်ဆေးပေးနိုင်ရန်အတွက် ဓာတ်ခွဲခန်းတစ်ခုကို ပြင်ဦးလွင်မြို့မှာဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
▪️ ဓာတ်ခွဲခန်းဖွင့်လှစ်မည့် အဆောက်အအုံကို ကောင်းမွန်သော ဓာတ်ခွဲခန်းအလေ့အကျင့် (GLP) များနှင့်အညီ တိတိကျကျလိုက်နာအကောင်အထည် ဖော်ဆောင်ရွက်ရန်၊ ဓာတ်ခွဲခန်းကို MSME များ ဖွံ့ဖြိုးတိုးတက်စေရေး အထောက် အကူဖြစ်စေရန်၊ ဓာတ်ခွဲခန်းအတွက် လိုအပ်သောစက်ပစ္စည်းကိရိယာများအား အချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးရန်တို့ကို ဇန်နဝါရီ ၁၂ရက်တွင်အဆိုပါ နေရာသို့ သွားရောက်ကြည့်ရှုခဲ့သည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။
▪️ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်လျက်ရှိသဖြင့် ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင်စီမံဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်နေစဉ် တွေ့ကြုံရသည့် အခက်အခဲများရှိပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်းတင်ပြရန်တို့ကို လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_14 Jan 2025
▪️ PDF အဖွဲ့သို့ ငွေကြေးထောက်ပံ့ပေးရန် ကမ္ဘောဇဘဏ်(၃၇) ကို ဝင်ရောက်ပစ်ခတ်လုယက်ခဲ့သူကို ဘဏ်ဝန်ထမ်းများ ဝိုင်းဖမ်းဆီးရာလက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်းသိရသည်။
▪️ ဇန်နဝါရီလ ၁၁ ရက်မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ် စဉ်ရပ်ကွက်၊ လမ်း ၄၀ ၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲ(၃၇)အတွင်းသို့ ပြောက်ကျားအင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် အနက်ရောင်ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦးက ငွေလွှဲ၊ငွေထုတ်ပြုလုပ်ဟန် ဆောင် ကာ ဝင်ရောက်လာပြီး ဘဏ်ကောင်တာအမှတ်(၄)ရှေ့အရောက်အသင့်ယူဆောင်လာသည့် သေနတ်ဖြင့် ဘဏ်ဝန်ထမ်းများအား ချိန်ရွယ်ခြိမ်းခြောက်၍ ၎င်းလွယ်လာသည့် ကျောပိုးအိတ်အတွင်း ငွေများကို ထည့်ခိုင်းကာ လုယက်ယူဆောင်၍ ဘဏ်အတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
▪️ ယင်းသို့ထွက်ခွာစဉ် ဘဏ်ဝန်ထမ်းများ နှင့် တာဝန်သိပြည်သူများက လုယက်သူအမျိုးသားအား ဝင်ရောက်လုံး ထွေးဖမ်းဆီးရာ ၎င်းမှ သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့သဖြင့် ဒုမန်နေဂျာဖြစ်သူ ဦးလမင်းကိုကို၏ ဝဲဘက်လက် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး လုယက်မှုကျူးလွန်သူ တရားခံအောင်ပြည့်ဖြိုး(ခ) ရောင်နီ (၃၂)နှစ်၊ မှန်တန်းရပ်ကွက်၊ အမရပူရမြို့နယ်နေသူအား လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းကျူးလွန်သူ တရားခံ အောင်ပြည့်ဖြိုး(ခ) ရောင်နီအား မဟာအောင်မြေမြို့နယ်၊ အမှတ်(၉)နယ်မြေရဲစ ခန်း ၌ (ပ)၁၁/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၃၀၇ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးခဲ့ရာ ဇန်နဝါရီလ ၁၁ ရက် ည ၆ နာရီ ၅ မိနစ်တွင် ၎င်း၏မိဘနေထိုင်ရာ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်ရှိ နေအိမ်ကို သွားရောက်ရှာဖွေခဲ့ရာ နေအိမ်ရှိ အိမ်သာအမိုးကြားမှ လက်လုပ်သေနတ်အတို ၂ လက်၊ ဂျင်ကလိ ၁၈ ချောင်း၊ တီရှပ်အင်္ကျီ ၁ ထည်တို့ကိုလည်းကောင်း၊ ည ၆ နာရီ ၂၀ မိနစ်တွင် ၎င်းငှားရမ်းနေထိုင်သည့် အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်ရှိ နေ အိမ်ကို သွားရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ၉ မမကျည် ၁၈ တောင့်၊ MDY 1W/59983 စူပါကတ်အမျိုးအစားဆိုင်ကယ် ၁ စီးတို့ကိုလည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
▪️ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ၆ လပိုင်းခန့်က ခင်မင်ရင်းနှီးသူ ကိုနိုင်ဦး(ခ)ကိုဦး(ခ)လောင်ချာ(စိစစ်ဆဲ)နှင့်အတူ စဉ့် ကိုင် မြို့နယ်၊ တဘတ်စွဲကျေးရွာအနီးရှိ သရက်ခြံအတွင်း ဖွင့်လှစ်သော PDF အကြမ်းဖက်သင်တန်း တက် ရောက်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်းများနှင့် နေအိမ် များ၌ ထပ်မံရှာ ဖွေသိမ်းဆည်းရမိသည့် လက်နက်၊ ခဲယမ်းများကို ကိုနိုင်ဦး(ခ)ကိုဦး(ခ)လောင်ချာထံမှ ဖုန်းဖြင့် ချိတ်ဆက် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကိုနိုင်ဦး(ခ)ကိုဦး(ခ)လောင်ချာ ထံဖုန်းဖြင့် ဆက်သွယ်၍ PDF အ မည်ခံ အကြမ်းဖက်အဖွဲ့ သို့ ငွေများကိုအကြိမ်ကြိမ်ထောက်ပံ့ခဲ့ ကြောင်းနှင့် အကြမ်းဖက်အဖွဲ့ သို့ ထပ်မံငွေ ကြေးထောက်ပံ့ပေးရန် ရည်ရွယ်၍ ကမ္ဘောဇဘဏ်(၃၇) ကို ဝင်ရောက်ပစ်ခတ်လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိတွင် ၎င်းအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
#Yangon_Times/PP
#World_Health
Published 14 January 2025
▪️ လူသားတွေ အိပ်စက်စဉ်မှာ ဦးနှောက်ထဲစုပြုံနေတဲ့ အဆိပ်အတောက်တွေ ရှင်းထုတ်ပေးတဲ့ ဂလင်ဖာတစ်စနစ်ကို ဒိန်းမတ်သိပ္ပံပညာရှင်တွေ လေ့လာခဲ့ကြပါတယ်။
▪️ ဒီစနစ်ဟာ ဦးနှောက်လုပ်ဆောင်ချက် ကောင်းမွန်ဖို့ မရှိမဖြစ် လိုအပ်ပြီး အယ်လ်ဇိုင်းမားလိုမျိုး ရောဂါတွေကို ကာကွယ်နိုင်မယ့် စနစ်ဖြစ်ပေမယ့် လူသုံးများတဲ့ အိပ်ဆေးတစ်ခုကြောင့် အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရပါတယ်။
▪️ ဂလင်ဖာတစ်စနစ်က အိပ်တဲ့အချိန်မှာ ဦးနှောက်ကိုဆေးကြောပေးပြီး ဦးနှောက်လန်းဆန်းစွာ နိုးထလာစေနိုင်တယ်လို့ ရိုချက်စတာနဲ့ ကိုပင်ဟေဂင်တက္ကသိုလ်တို့မှ ဦးဆောင်သုတေသီ မိုင်ကင်နက်ဒါဂတ်က ပြောသွားပါတယ်။
▪️ နက်ဒါဂတ်နဲ့အဖွဲ့က ကြွက်တွေအိပ်နေစဉ် သူတို့ဦးနှောက်ထဲမှာ ဘာတွေဖြစ်လဲဆိုတာကို လေ့လာခဲ့ရာမှာ စက္ကန့် ၅၀ နေတိုင်း ဦးနှောက်ပင်မစတမ်ကနေ နော်အက်ပီနက်ဖရင်းမော်လီကျူး လှိုင်းငယ်လေးတွေ ထုတ်လွှတ်ခဲ့တာကို တွေ့ခဲ့ကြပါတယ်။
▪️ သွေးကြောတွေ ကျဉ်းစေပြီး ခန္ဓာကိုယ်က တုံ့ပြန်မှုတွေ လှုံ့ဆော်ပေးကာ ဦးနှောက်ကနေ အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။
▪️ သွေးကြောတွေ ကျုံ့ခြင်းနဲ့ ဖြေလျှော့ခြင်းတို့ကို အလိုက်သင့်ထိန်းညှိပေးပြီး ဦးနှောက်ကျောရိုးရည်ကနေ စွန့်ထုတ်ပေးတယ်လို့ နောက်ထပ်ဦးဆောင်သုတေသီ နာတယ်လီဟော့ဂ်လန်းက ပြောပါတယ်။
▪️ ဒီနောက် Ambienအမှတ်တံဆိပ်ဖြင့် ရောင်းချနေတဲ့ အိပ်ဆေး zolpidemကို ကြွက်တွေမှာ အသုံးပြုစေခဲ့ပါတယ်။
▪️ zolpidemကြောင့် ကြွက်တွေ လျင်မြန်စွာ အိပ်ပျော်စေပေမယ့် နော်အက်ပီနက်ဖရင်း လှိုင်းလှုပ်ရှားမှုကတော့ တဝက်လောက်သာ ရှိခဲ့ပြီး ဦးနှောက်ထဲသို့ အရည်ပို့ဆောင်မှု ၃၀ ရာခိုင်နှုန်း လျော့နည်းသွားပါတယ်။
▪️ ဒါကြောင့် အိပ်ဆေးအာနိသင်က အိပ်နေစဉ် ဦးနှောက်ဆေးကြောခြင်းစနစ်ကို နှောင့်ယှက်စေတယ်လို့ ယူဆရပါတယ်။
▪️ အိပ်ဆေးအသုံးပြုသူတွေအနေနဲ့ ဒါကိုသတိပြုသင့်ပြီး လူတွေဟာ အိပ်စက်ခြင်းအကျိုးကျေးဇူး လုံလောက်စွာ မရပါက ဆုံးဖြတ်ချက်အမှားတွေ ပြုလုပ်လာနိုင်တယ်လို့ ဆိုပါတယ်။
▪️ ဒါကိုအတည်ပြုနိုင်ဖို့ လူသားတွေမှာပါ အလားတူစမ်းသပ်ချက်များ ပြုလုပ်သွားဖွယ်ရှိပြီး အိပ်ဆေးကို အတတ်နိုင်ဆုံး ရှောင်ရှားဖို့ဖြစ်လာလိမ့်မယ်လို့ နော့သ်ဝဲလ်ဟဲ့လ်စတေတင်ကျွန်း တက္ကသိုလ်ဆေးရုံမှ ဒေါက်တာ သောမတ်စ်ကီလ်ကင်နီက ပြောသွားပါတယ်။
#Source: New York Post
#Daily_News
Published 13 January 2025
၁။ စားအုန်းဆီရည်ညွန်းစျေး လေးပတ်ဆက်တိုက်တည်ငြိမ်နေ
၂။ တစ်နှစ်တာအတွင်း ပုဂံဒေသသို့ ခရီးသွား ၅သိန်းကျော်ဝင်ရောက်
၃။ နေရေးအခက်အခဲရှိသူများကို သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အခန်းများ ထပ်မံငှားရမ်းပေးမည်
၄။ ရုရှားသဘာဝဓာတ်ငွေ့ဖြတ်သန်း ပို့ဆောင်ခြင်းအား ယူကရိန်းရပ်ဆိုင်းလိုက်သဖြင့် ဥရောပ၌ခက်ခဲကြမ်းတမ်းသော ဆောင်းတွင်းကြုံတွေ့နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 13 January 2025
▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောကသားများအတွက် စားသောက်ကုန်များ ထောက်ပံ့လျှက်ရှိရာ ၁၆ကြိမ်မြောက်ထောက်ပံ့မည့် အစီအစဉ်ကို ယခုလ၂၂ရက်တွင် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ထောက်ပံ့ခြင်းကို ဇန်နဝါရီလ ၂၂ရက်နံနက်ပိုင်းတွင် အုပ်ချုပ်/ဖြန့်ချိအလွှာ ၊ မွန်းလွဲပိုင်းတွင် ဗီဒီယို၊ အဓိကသရုပ်ဆောင်နှင့် ဒါရိုက်တာ ဇန်နဝါရီလ ၂၃ရက်နံနက်ပိုင်းတွင် ဇာတ်ညွှန်း၊ထုတ်လုပ်၊မွန်းလွဲပိုင်းတွင် ရုပ်ရှင်နောက်ခံတေးဂီတနှင့်ပြဇာတ်၊တည်းဖြတ်၊ ဇန်နဝါရီလ ၂၄ရက်နံနက်ပိုင်းတွင် စက်မှု(၇၀ဝ၁-၇၀၅၀)၊ မွန်းလွဲပိုင်းတွင် (၇၀၅၁-၇၉၉၉)၊ ဇန်နဝါရီလ ၂၅ရက် နံနက်ပိုင်းတွင် ဇာတ်ပို့/ဇာတ်ရံ (၄၀ဝ၁-၄၅၀ဝ)၊ မွန်းလွဲပိုင်းတွင် ဇာတ်ပို့/ဇာတ်ရံ (၄၅၀၁-၄၉၉၉)၊တို့ကို လှူဒါန်းထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ လှူဒါန်းမှုကို လာရောက်ထုတ်ယူသူများအနေဖြင့် သက်တမ်းရှိ အစည်းအရုံးဝင်ကတ်ပြားဖြင့် ကိုယ်တိုင်လာရောက်ထုတ်ယူရမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်မလာရောက်နိုင်မပါ မိသားစုဝင်မှအပထုတ်ပေးမည်မဟုတ်ကြောင်း သိရသည်။
▪️ ၁၆ ကြိမ်မြောက် အဓိကအလှူရှင် Trust Double 9 သောက်ရေသန့်ကုမ္ပဏီမှဆန်အိတ် 10 Kg အိတ်(၁၅၀ဝ)နှင့် ဆီပိဿာ (၁၅၀ဝ) တို့ကို မ,တည်လှူဒါန်းထားကြောင်း၊ ထို့အပြင်အရံစားသောက်ကုန်များဖြစ်သည့် ငါးသေတ္တာ၊ ကြက်သွန်နီ၊ ကြက်ဥ၊ ပဲစတဲ့ စားသောက်ကုန်များကို အခြားအလှူရှင်များ၏ လှူဒါန်းမှုဖြင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက်ပိုင်းမှာအသိပေးထားပါတယ်။
#Local_News
Published 13 January 2025
#ကချင်နှင့်စစ်ကိုင်းမိုးရွာနိုင် #မိုးဇလအသိပေး
#YMG/NN #Yangon_Times
Page 412 of 2280