ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မှာ (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို မေလ ၁၁ ရက်(ကဆုန်လပြည့်နေ့) မနက် ၇ နာရီမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမယ်လို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 06 May 2025
#ရွှေတိဂုံစေတီတော် #ကဆုန်ညောင်ရေသွန်းပွဲတော်ကျင်းပ
#YMG/NN #Yangon_Times
ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်တွေကို ဒီကနေ့မှာ ယာယီဖျက်သိမ်းထားတယ်လို့ မော်လမြိုင်ဘူတာကြီးက သိရပါတယ်။
#Local_News
Published 06 May 2025
#ရန်ကုန်-မော်လမြိုင်ရထား #ယနေ့ယာယီဖျက်သိမ်း
#YMG/NN #Yangon_Times
#Local_News
Published 6 May 2025
▪️ တပ်မတော်အနေဖြင့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို မေ ၆ ရက်မှ ၃၁ ရက် အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
▪️ မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက် မှ ၃၀ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာနိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက်တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မေ ၆ ရက်မှ ၃၁ ရက် အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။
▪️ လက်ရှိကာလတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ထိခိုက်ပျက်စီးခဲ့ရသည့် အစိုးရရုံးဌာနများ၊ ပြည်သူများ၏ အိုးအိမ်နှင့် လမ်းပန်းဆက်သွယ်မှု လုပ်ငန်းများ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာမှလည်း ကူညီမှုများကိုဆောင်ရွက်ပေးလျက်ရှိရာယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေ ချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို့ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူ လူထုကိုကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 6 May 2025
▪️ မန္တလေးငလျင်ဒဏ်ကြောင့်ပြိုကျခဲ့ရသည့် မန္တလေးမြို့ရှိSky Villa မှ အမျိုးသားတစ်ဦး ရုပ်အ ေ-လာင်းကို ယနေ့ မနက်ပိုင်းတွင် ထပ်မံတွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ မေလ၆ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(B) အဆောင်၊ (C) အဆောင်နှင့် (D)အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ထိုသို့ ဆောင်ရွက်လျှက်ရှိရာ (B)အဆောင်မှ မနက်၁၁ နာရီ၂၀ မိနစ်အချိန်၌ ကျား(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_6 May 2025
▪️ PDF များပြန်ပေးဆွဲထားသည့် သားအမိ ၂ ဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့ကာ ဖြစ်စဉ်မှ အကြမ်းဖက် ၆ ဦးကို လက်နက်ခဲ ယမ်းများနှင့်အတူ ဖမ်းဆီးမိပြီး ၃ ဦးကို အသေဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
▪️ မေ ၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ် ကွက်၊ ပုဏ္ဏမီလမ်းနေ မနိုနို ဦးလွင်(၃၃)နှစ်သည် ၎င်း၏နေအိမ်နှင့် တွဲလျက်ဖွင့်လှစ်ထားသည့် Blue Liquor House ဆိုင်၌ မိသားစုဝင်များနှင့်အတူ ရှိနေစဉ် သေနတ်အတိုများကိုင်ဆောင်ထားသည့် PDF အမည်ခံအ ကြမ်း ဖက်သမား ၃ ဦးက ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး မနိုနိုဦးလွင်နှင့် ၎င်း၏သားဖြစ်သူ မောင်လင်္ကာ (၃) နှစ် တို့ ၂ ဦးအား သေနတ်ပြ ခြိမ်းခြောက်ကာ ဆိုင်ကယ်များဖြင့်တင်ဆောင်၍ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ (၈)၊ ကွမ်းခြံဘက်သို့ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
▪️ သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စုံစမ်းဖော် ထုတ်ခဲ့ရာ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် ပြန်ပေးဆွဲမှုကျူးလွန် ရာတွင် ပါဝင်ခဲ့သူများဖြစ်ကြသော နန္ဒဝန် ရပ်ကွက်၊ နယ်မြေ(၈)နေ သက်အောင်ဖြိုး(ခ) ကောင်းကင်၊ (၂၃) နှစ်ကိုလည်းကောင်း၊ ယင်းနေ့ ည ၁၀ နာရီ ၃၅ မိနစ်တွင် ကောင်းရှင်းသန့်(ခ) ပေါက်စီ (၁၇)နှစ်၊ဇင်မင်းထွန်း(ခ) ကိုမင်း၊ (၃၁) နှစ် နှင့် ရောင်နီဦး(ခ) ကတုံး(ခ) ရကောက်၊ (၂၆)နှစ်တို့ ၃ ဦးအား နန္ဒဝန်ရပ်ကွက်၊ နယ်မြေ(၈)၊ ကွမ်းခြံအစပ်၌လည်းကောင်း အသီး သီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
▪️ ဖမ်းဆီးရမိသူများအား စစ်ဆေးခဲ့ရာ မနိုနိုဦးလွင်နှင့် ၎င်း၏သား မောင်လင်္ကာတို့ ၂ ဦးအား ကွမ်းခြံအစပ်နှင့် မြို့ရှောင်လမ်းကြားတွင်ရှိသော သနပ်ခါးခြံအလယ်ရှိ ၎င်းတို့၏ အကြမ်းဖက်စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထား ကြောင်း၊ အဆိုပါစခန်း၌ အကြမ်းဖက်အဖွဲ့ ဝင်များမှ စောင့်ကြပ်လျက်ရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ် ဖွဲ့ဝင်များက အဖွဲ့ငယ်များခွဲ၍ တိတ်တဆိတ်ဝင်ရောက် ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်စဉ် အကြမ်းဖက်သမားများက လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ် ဖမ်းဆီးခဲ့ရာ အကြမ်းဖက် သမားများဖြစ်ကြသည့် ငထူး၊ ချိုကြီးနှင့် ပိုလီယိုတို့ ၃ ဦးအား လက်လုပ် သေနတ် ၂ လက်၊ ကျည်အချို့ နှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးတွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကာ မနိုနိုဦးလွင်နှင့် ၎င်း၏သား မောင်လင်္ကာတို့အား ဘေးအန္တရာယ် ကင်းရှင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
▪️ ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနယ်မြေအား ပိတ်ဆို့ရှင်းလင်းခြင်းဆောင်ရွက် ခဲ့ရာ မေလ ၅ ရက် နံနက် ၂ နာရီ ၄၅ မိနစ်တွင် အဆိုပါရပ်ကွက်၊ သုဗောဓာရုံကျောင်းလမ်း လမ်းသွယ်အရောက်၌ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်နေ ဇင်ကိုလင်း(ခ) သားချော(၃၃)နှစ် နှင့် စက်မှုဇုန်ရပ်ကွက်နေ ကျော်စိုးသူ (၃၃)နှစ် တို့ ၂ ဦးအား MG-1 လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ဆိုင်ကယ် ၁ စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး စစ်ကြောဖော်ထုတ်ချက်အရ သက်အောင်ဖြိုး(ခ) ကောင်းကင်၏ နေအိမ်အရှေ့ မြေကြီးအတွင်းမှ ဆာလာအိတ် ဖြင့်ပတ်၍ မြှုပ်နှံထားသည့် MA-2 သေနတ် ၁ လက်၊ ဘောက်ဝိုင်း ၁ ခု၊ ၎င်းကျည် ၄၆ တောင့်၊ လက်လုပ်သေ နတ် ၂ လက် (ကျည်အိမ်တပ်လျက်)၊ ၎င်းကျည် ၄ တောင်၊ 91 လက်ပစ်ဗုံး ၁ လုံးတို့ ကိုဖော်ထုတ်သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
Nay Pyi Taw, May 6, 2025 —The Office of the Commander-in-Chief of Defence Services has announced an extension of the Myanmar military’s (Tatmadaw) temporary ceasefire until May 31, 2025, to facilitate reconstruction efforts following the March 28 earthquake in Mandalay Region.
The initial ceasefire, effective from April 2 to April 30, was declared to ensure unimpeded humanitarian assistance and restoration work in the disaster-hit areas. The extension aims to sustain momentum in government-led and international recovery operations, particularly in rebuilding damaged infrastructure and housing.
In the official statement released on May 6, the Tatmadaw emphasized its intent to maintain national stability and support long-term peace. The statement noted that military restraint during this period is essential for the swift rehabilitation of earthquake-affected communities.
“The Tatmadaw will continue to support national interests by fostering peace and enabling uninterrupted recovery activities,” the announcement stated.
However, the military issued a strict warning to all ethnic armed groups and other armed organizations. The ceasefire terms explicitly prohibit any form of disruption to public transportation routes, attacks on civilians or military positions, and any attempts to mobilize forces or expand territorial control.
“Violations of the ceasefire that threaten peace and stability will prompt necessary defensive measures to protect the public,” the statement warned.
The Tatmadaw reiterated its call for all parties to refrain from actions that could jeopardize the fragile recovery period or derail peace-building efforts. The extension reflects the government’s prioritization of reconstruction, public safety, and long-term national reconciliation.
#ymg/knl
နေပြည်တော်၊ မေ - ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့မကြာမီ ချစ်ကြည်ရေးခရီးသွားရောက်မှာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မော်စကိုမြို့တော်တွင်ကျင်းပပြုလုပ်မည့်၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်မယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီအပြင်အခမ်းအနားသို့ တက်ရောက်လာကြသည့်နိုင်ငံ့ခေါင်းဆောင်များနှင့် သီးခြား တွေ့ဆုံဆွေးနွေး ခြင်းများကိုဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။
ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံ တွင်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အလားတူ ဗိုလ်ချုပ်မှူးကြီး၏ ဇနီး ဒေါ်ကြူကြူလှ သည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ Ms. Valentina Matvienko ၏ ဖိတ်ကြားချက်အရ ခရီးစဉ်မှာ တစ်ပါတည်း သွားရောက်မည်ဖြစ်ပြီးခရီးစဉ်အတွင်း ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်သွားမယ်လို့သိရပါတယ်။
ခရီးစဉ်တွင် နစက အဖွဲ့ဝင်များ၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမှာ ဖြစ်ပါတယ်။
#ymg/knl
Page 273 of 2278