#Daily_News
Published 11 June 2025
၁။ ပြည်ပတင်ပို့မည့်စိုက်ပျိုးရေးထွက်ကုန် အချို့ကိုအလိုအလျောက်လိုင်စင်စနစ်ဖြင့် ခွင့်ပြုမည်
၂။ ငွေကျပ် ၃၀ဘီလီယံ မတည်ထားသည့်ကမ္ဘောဇ ကယ်ဆယ်ကူညီထောက်ပံ့ရေးစင်တာ စတင်ဖွင့်လှစ်
၃။ ရန်ကုန်တိုင်း၌ မိုးစပါးဧက၁၁သိန်းကျော် စိုက်ပျိုးရန်လျာထား
၄။ တရုတ်ထိပ်သီး AI ကုမ္ပဏီများယှဉ်ပြိုင်ကြသည့် Win in AI plus ပြိုင်ပွဲကြီးဖိုင်နယ်အဆင့်ရောက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 11June 2025
▪️ ဈေးကွက်အတွင်း ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေးအတွက် ကွင်းဆင်းကြပ်မတ်ကာ အသိပညာပေးဆောင်ရွက်နေကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
▪️ အဆိုပါကွင်းဆင်းကြပ်မတ် အသိပညာပေးခြင်းကိုယခုလဆန်းမှစတင်ကာစားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများကကြည့်မြင်တိုင်မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်များအတွင်းရှိ ဆန်ဆိုင်များတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေး အတွက်စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင် မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အခုနှစ် ငါးလတာအတွင်းပြည်ပခရီးသွားဧည့်သည်တစ်သိန်းကျော်ဝင်ရောက်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။
#Local_News
Published 11 June 2025
#ပြည်ပခရီးသွားဧည့်သည် #ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန
#YMG/NN #Yangon_Times
အခု ၂ဝ၂၅-၂၀၂၆ ခုနှစ်မိုးရာသီမှာ ရန်ကုန်တိုင်းအတွင်းမှာ မိုးစပါး ဧက၁၁သိန်းကျော် စိုက်ပျိုးဖို့လျာထားတယ်လို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 11 June 2025
#မိုးစပါးဧက၁၁သိန်းကျော်စိုက်ပျိုးရန်လျာထား #တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန
#YMG/NN #Yangon_Times
ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် ရည်ရွယ်ဆောက်လုပ်တဲ့ ကမ္ဘောဇကယ်ဆယ်ကူညီထောက်ပံ့ရေး စင်တာ (မန္တလေး)ကို ယမန်နေ့ကစတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
#Local_News
Published 11 June 2025
#ကမ္ဘောဇကယ်ဆယ်ကူညီထောက်ပံ့ #ငလျင်ဘေးဒဏ်သင့်ပြည်သူတွေ
#YMG/SW #Yangon_Times
ငလျင်ဘေးအလွန် ပို့ကုန်လုပ်ငန်းတွေ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ပို့ကုန်လိုင်စင်ဦးစွာလျှောက်ထားပြီးမှ စိစစ်ခွင့်ပြုတဲ့စနစ်မှ အလိုအလျောက်လိုင်စင်စနစ်နဲ့ပြောင်းလဲခွင့်ပြုရာမှာ စိုက်ပျိုးရေးထွက်ကုန် အချို့လည်း ပါဝင်တယ်လိုသိရပါတယ်။
#Local_News
Published 11 June 2025
#ပို့ကုန်လိုင်စင်ဦးစွာလျှောက်ထား #လိုင်စင်စနစ်ဖြင့်ခွင့်ပြု
#YMG/SW #Yangon_Times
#Local_News
Published 11 June 2025
▪️ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့က အထူးမိုးလေဝသသတင်းထုတ်ပြန်၍ အကြံပြု သတိပေးထားသည်။
▪️ ဇွန်၁၀ရက်နေ့ မြန်မာစံတော်ချိန် ၁၆ နာရီ ခွဲအချိန်တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ဇွန် ၁၀ရက်နေ့ညနေပိုင်းကနေ ၁၆ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန် ၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေ မှ ၁၁ ပေခန့်ရှိနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 226 of 2277