#Local_News
Published_29July 2022
၂၀၂၂ ခုနှစ် 'တရုတ်နိုင်ငံနိုင်ငံတကာ ခရီးသွားပြပွဲ'ကို ဇူလိုင်လ (၂၄) ရက်ကတရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပပြီးစီးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှထုတ်ပြန်လိုက်သည်၊၊
အဆိုပါပွဲတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှား၊ တောင်ကိုရီးယားစသဖြင့် နိုင်ငံနှင့်ဒေသ(၇၁)ခုမှ အွန်လိုင်းနှင့်အော့ဖ်လိုင်းပုံစံဖြင့် ပြပွဲတွင် ပါဝင်ခဲ့ကြသည်။
လတ်တလောနှစ်များတွင် ယူနန်သည် အာဆီယံ (၁၀)နိုင်ငံကို ချိတ်ဆက်ပေးသော အရေးပါအချက်အချာနေရာနှင့် လမ်းကြောင်း အားသာချက်ကို ဖော်ထုတ်၍ ခရီးသွားဧည့်သည်များ အပြန်အလှန်သွားလာမှုကို မြှင့်တင်ပြီး နိုင်ငံအသီးသီး၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး စည်ပင်ဝပြောရေးကို အားဖြည့်ကူညီပေးခဲ့ပါသည်ဟုဆိုသည်၊၊
ယူနန်သည် ကူမင်း-ဘန်ကောက်၊ ကူမင်း-ဟနွိုင်း၊ ကူမင်း-ရန်ကုန်၊ လန်ချန်း-မဲခေါင်၊ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စသည့် နိုင်ငံတကာခရီးသွားစင်္ကြံ (၅)ခုကို ကြိုးပမ်းတည်ဆောက်ကာ လေ့လာရေးခရီး၊ ကျန်းမာရေးနှင့်ညီညွတ်စွာ အပန်းဖြေအနားယူနိုင်ရေး၊ အားလပ်ရက် အပန်းဖြေရေး၊ လက်တွေ့အတွေ့အကြုံများ ခံစားနိုင်ရေး စသည့်ခရီးသွားထုတ်ကုန်များကို ဖော်ထုတ်ဒီဇိုင်းဆွဲပြီး အရှေ့တောင်အာရှဒေသ ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောရေးကို မြှင့်တင်ရင်း အာရှ-ပစိဖိတ် အေးအတူပူအမျှအသိုက်အဝန်းမှ ပုံဖော်ထားသော သာယာလှပသည့်ရုပ်ပုံလွှာများကိုအကောင် အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်၊၊

ymg/tthl
#Yangon_Media_Group
#Local_News
Published - 28 July 2022
လက်ရှိအခြေအနေမှာတော့တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးက ပုံမှန်နီးပါးအတိုင်း ပြန်လည် လည်ပတ်နေပြီဖြစ်တယ်လို မူဆယ်ကုန်စည်ဒိုင်၊ ဆန်ကုန်သည်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 28 July 2022
ပြည်တွင်း ဆန်စပါးဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၇၀၀၀၀ ကျပ်ကနေ ၇၆၀၀၀၀ ကြား မြင့်တက်နေရတာဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်မြေမတည်ငြိမ်မှုတွေနဲ့ ဆက်စပ်နေတယ်လို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_28 July 2022
ဈေးကွက်အတွင်း ဘေးမကင်းတဲ့ စားသုံးဆီတွေ ရောင်းချနေတာတွေရှိနေတဲ့အတွက် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးများကွပ်ကဲရေးဦးစီးဌာန FDA မှ ကြပ်မတ်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 28 July 2022
၁။ ဗူးသွင်းထုတ်လုပ်သည့် စားသုံးဆီတိုင်းဘေးကင်းကြောင်း FDA ထောက်ခံချက်ရမှ ရောင်းချခွင့်ပြုမည်
၂။ ရွှေဘိုပေါ်ဆန်း လာမည့်ရက်ပိုင်းအတွင်း ဈေးအနည်းငယ်ပြန်ကျမည်
၃။ ချွေးကနေတဆင့် ကျန်းမာရေးအခြေအနေကိုစောင့်ကြည့်တင်ပြနိုင်မယ့် စမတ်ဆွဲကြိုးအား သိပ္ပံပညာရှင်များတီထွင်ထုတ်လုပ်
၄။ စပိန်မိသားစုထံမှ ရှေးဟောင်းပစ္စည်း(၂,၅၀၀)ခန့်အား မက္ကဆီကိုလက်ခံရယူ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_28 July 2022
ဆေးနဲ့ ဆေးပစ္စည်းတွေကို ကိုယ့်ရဲ့နိုင်ငံခြားငွေအစီအစဉ်နဲ့ တင်သွင်းလိုတယ်ဆိုရင်လည်း ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ခွင့်ပြုမှ စီးပွားကူးသန်းအနေနဲ့ လိုင်စင်ပေးတာဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 28 July 2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီမှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးကို တစ်ပိဿာ ကျပ် ၃၆၆၅ အဖြစ် ထပ်မံ သတ်မှတ်လိုက်ပြီး မြေပြင်လက်လီစျေးကွက်အတွင်း ကျပ် ၈၀၀၀ အထက်ရှိနေကြောင်း ရောင်းသူဝယ်သူများထံမှ သိရသည်။
ယခင်က တစ်ပိဿာ ၄၆၅၀ ကျပ် သတ်မှတ်ခဲ့သော်လည်း လက်ရှိတွင် ကျပ် ၁၀၀၀ နီးပါး ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ စားသုံးသူများအနေဖြင့် ဈေးကြီးပေးဝယ်နေရခြင်းကို ထိန်းချုပ်ရန်အတွက် စားအုန်းဆီတင်သွင်းသူအချို့ကို တစ်ပိဿာ ၃၈၀၀ ကျပ်နှင့် နေရာအချို့တွင် ရောင်းချမှုများ ပြုလုပ်နေကြောင်း သိရသည်။
"စားအုန်းဆီကအခု တစ်ပိသာကို ၈၃၀၀ ပေးဝယ်နေရတယ်။ အရင်က ၉၀၀၀ ကျော်တောင်ရှိတာ။ ပြန်ကျသွားတယ်လို့ ပြောလို့ရမယ်။ ဘာပဲပြောပြေ ာအဆင်မပြေဘူးလေ။ သူတို့က စျေးဘယ်လောက်ပဲသတ်မှတ်သတ်မှတ် မြေပြင်မှာတော့ ပြောင်းလဲသွားတာမရှိဘူး"ဟု စားအုန်းဆီဝယ်ယူသူ တစ်ဦးက ပြောသည်။
လက်ရှိတွင်လည်း စားအုန်းဆီများနှင့် ပတ်သက်၍ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူသွားမည်ဟု နစကဘက်မှ ထုတ်ပြန်ပြောဆိုထားသော်လည်း ပြည်သူများမှာ စားအုန်းဆီကို ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးနေရခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
Page 2118 of 2475