#Daily_News
Published 02 August 2025
၁။ လွိုင်ကော်စက်မှုဇုန်ရှိလုပ်ငန်းများအရှိန်အဟုန်ဖြင့် လည်ပတ်နိုင်ရန် ကူညီမည်
၂။ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ငါးထောင်အထိရှိလာပြီး ၂၆ ဦး ၊ ေ-သဆုံး
၃။ ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ထားသည့် မြန်မာအမျိုးသမီးများ အပြန်လေယာဉ်လက်မှတ်ခ စပေါ်ငွေပေးသွင်းခြင်းကို သံရုံးဘဏ်အကောင့်သို့ တိုက်ရိုက်ပေးသွင်းရမည်ဟုဆို
၄။ ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲကြောင့်စစ်ဘေးရှောင်နေကြသူများ နေရပ်ပြန်ချင်နေကြပြီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 2 August 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲလမ်းဆုံတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးလည်း အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ ယနေ့ ၂.၈.၂၀၂၅ ရက်နေ့၊ ၁၁ နာရီ ၀၅မိနစ် အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲလမ်းဆုံရှိ အဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပုလဲအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မီးလောင်မှုကို ၁၁ နာရီ ၂၂ မိနစ်အချိန် တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ယခုလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘောအစီး ၆၀ ဝင်ရောက်ဆိုက်ကပ်မှာဖြစ်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရပါတယ်။
#Local_News
Published 02 August 2025
#ရန်ကုန်ဆိပ်ကမ်း #မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
#YMG/SW #Yangon_Times
ကိုရီးယားနိုင်ငံသားနဲ့ လက်ထပ်ထားတဲ့ မြန်မာနိုင်ငံသူတွေပေးသွင်းရမယ့် Return Air-ticket Fee ကို ငွေသားလက်ခံခြင်းမှ မြန်မာသံရုံးငွေစာရင်းသို့ တိုက်ရိုက်ပေးသွင်းတဲ့စနစ်နဲ့ ပြောင်းလဲဆောင်ရွက်သွားမယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက အသိပေးထားပါတယ်။
#Local_News
Published 02 August 2025
#ကိုရီးယားနိုင်ငံသား #မြန်မာသံရုံး
#YMG/NN #Yangon_Times
ကယားပြည်နယ်၊ လွိုင်ကော်စက်မှုဇုန်အတွင်းက စက်မှုလုပ်ငန်းတွေအရှိန်အဟုန်နဲ့ လည်ပတ်လုပ်ကိုင်နိုင်ဖို့ နိုင်ငံတော်က ကူညီသွားမယ်လို့ ကယားပြည်နယ်စက်မှုဇုန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားမှာပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်ကပြောကြားခဲ့ပါတယ်။
#Local_News
Published 02 August 2025
#လွိုင်ကော်စက်မှုဇုန် #ကယားပြည်နယ်
#YMG/SW #Yangon_Times
မြန်မာနိုင်ငံမှာ အခုနှစ်အတွင်းသွေးလွန်တုပ်ကွေးဖြစ်ပွားသူ ငါးထောင်အထိရှိလာပြီး ၂၆ ဦး ေ-သဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 02 August 2025
#သွေးလွန်တုပ်ကွေး #ကျန်းမာရေးဝန်ကြီးဌာန
#YMG/NN #Yangon_Times
#Local_News
Published 2 August 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများအား ဒေါ်လာ ၁သန်းကျော်ကို ယမန်နေ့ကထုတ်ရောင်းခဲ့ကြောင်း သိရသည်။
▪️ CMP ကုမ္ပဏီများထံမှဝယ်ယူထားသည့် နိုင်ငံခြားငွေများမှ အမေရိကန်ဒေါ်လာ ၁.၀၄၂ သန်းကို ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
▪️ ထို့အပြင် အမေရိကန်ဒေါ်လာ ၄၃၄၄၈၇ ကိုလည်း စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံကိုလည်း ရောင်းပေးချပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 209 of 2324