#Local_News
Published 07 August 2025
▪️ ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်က ဖလမ်းဆောင် (RAMA-2) အမြန်လမ်းရှိ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်သည့် ကရိန်းသံဘောင်ပြိုကျမှုတွင် သေဆုံးခဲ့ရသည့် မြန်မာလုပ်သားအတွက် လူမှုဖူလုံရေး အာမခံကြေး ဘတ် (၇) သိန်းခွဲ ကို ကျန်ရစ်သူမိသားစုထံ ယခုလ၅ရက်နေ့ကပေးအပ်ခဲ့ကြောင်းမြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။
▪️ အဆိုပါ ဖြစ်စဉ်တွင် မြန်မာရွှေ့ပြောင်းလုပ်သား (၃) ဦးနှင့် ထိုင်းနိုင်ငံသား လုပ်သား (၃) ဦး သေဆုံးခဲ့ပြီးသေဆုံးခဲ့သည့် မြန်မာအလုပ်သမား (၃) ဦးမှာ ကိုဇင်ကိုအောင်၊ ကိုနေလင်းအောင်နှင့်ကိုထိုက်ဝေယံ တို့ ဖြစ်ကြောင်း၊ ယခု အာမခံကြေးကို MoU စနစ်ဖြင့် လာရောက်ခဲ့သည့် ကိုနိုင်လင်းအောင် အတွက် လူမှုဖူလုံရေးဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် လူမှုဖူလုံရေးအာမခံကြေး ဘတ် ၇၅၂,၅၉၀ ကို သံအရာရှိရုံး ကပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုကရိန်းသံဘောင်ပြိုကျမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူ ၂၉ ဦးခန့်ရှိပြီး ၄င်းတို့ထဲတွင် မြန်မာအလုပ်သမား ၁၀ ဦး ထက်မနည်းပါဝင်ကာ ထိခိုက်ဒဏ်ရာ ပြင်းထန်သူများလည်းရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
စားသုံးဆီနဲ့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေတွေကို နိုင်ငံခြားငွေများဆက်တိုက်ထုတ်ရောင်းနေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကသိရပါတယ်။
#Local_News
Published 07 August 2025
#စားသုံးဆီနဲ့စက်သုံးဆီ #နိုင်ငံခြားငွေဆက်တိုက်ထုတ်ရောင်း
#YMG/NN #Yangon_Times
အခု ဘဏ္ဍာနှစ်လေးလအတွင်း ပြည်တွင်းကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဒေါ်လာသန်း ၁၁၀ ကျော် ဝင်ရောက်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန - DICA ကသိရပါတယ် ။
#Local_News
Published 07 August 2025
#နိုင်ငံခြားရင်းနှီးမြုပ်နှံ #ဒေါ်လာသန်း၁၁၀
#YMG/NN #Yangon_Times
စွမ်းအင်ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာကုမ္ပဏီတွေရဲ့ကုန်းတွင်းလုပ်ကွက်များမှ တိုးတက်ထွက်ရှိလာတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့ စာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့ကနေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနမှ ကျင်းပခဲ့ပါတယ်။
#Local_News
Published 07 August 2025
#ရေနံနှင့်သဘာဝဓာတ်ငွေ့ #စာချုပ်လက်မှတ်ရေးထိုး
#YMG/SW #Yangon_Times
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ယခုလ (၈)ရက်တွင် ကျရောက်မယ့် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အခမ်းအနား၌ ပန်းပေါင်း ၈၄,၀၀၀ နဲ့ ပန်းစေတီကပ်လှူပူဇော်ပွဲကျင်းပသွားမှာဖြစ်တယ်လို ဂေါပကအဖွဲမှ သိရပါတယ်။
#Local_News
Published 07 August 2025
#ရွှေတိဂုံဘုရား #ဝါခေါင်လပြည့်ပန်းပေါင်း၈၄,၀၀၀ကပ်လှူပူဇော်ပွဲ
#YMG/SW #Yangon_Times
#Local_News
Published 07 August 2025
▪️ ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ အဋ္ဌမအကြိမ်မြောက် မေတ္တာ
သွေးလှူဒါန်းပွဲ ကျင်းပမည်ဖြစ်ကြောင်းဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ မှ
သိရသည်။
▪️ အဆိုပါ သွေးလှူဒါန်းပွဲကို ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ လေးလတစ်ကြိမ် ကျင်းပလျက်ရှိရာ ဩဂုတ်လ ၁၀ ရက် မနက်ပိုင်းတွင်အဋ္ဌမအကြိမ်မြောက်
သွေးလှူဒါန်းပွဲ ကျင်းပသွားမည်ဖြစ်သည်။
▪️ ပြီးခဲ့သည့် သတ္တမအကြိမ်သွေးလှူဒါန်းပွဲကိုလည်း အောင်မြင်စွာကျင်းပခဲ့ပြီး သွေးအိတ် စုစုပေါင်း ၈၁၀ အိတ်အထိ ရရှိလှူဒါန်းနိုင်ခဲ့ကြောင်း ယခုကျင်းပမည့် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ အဋ္ဌမအကြိမ်မြောက် သွေးလှူဒါန်းပွဲတွင် စေတီတော်ဝန်ထမ်းများနှင့်အတူ ဘုရားဖူးပြည်သူများပါ တပေါင်းတည်းကုသိုလ်ပြု၍ လာရောက်လှူဒါန်းနိုင်ရန်အတွက် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သို့စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 07 August 2025
▪️ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းများ မှ လွှင့်တင်မည့် Content များအား စိစစ်ရေးအဖွဲ့သို့ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးထားသည်။
▪️ ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့က အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်အမှတ် (၃၂/၂၀၂၄) ကို ၁၃-၃-၂၀၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ အဆိုပါ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ရယူထားသူသည် အမိန့်အမှတ်(၃၂/၂၀၂၄)အရ မိမိတို့လွှင့်တင်မည့် Content များအား စိစစ်ရေးအဖွဲ့ထံသို့ ဦးစွာတင်ပြခွင့်ပြုချက်ရယူရမည်ဖြစ်သည်။
▪️ သို့ရာတွင် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားသော AWS+ နှင့် cmapp.tv တို့သည် စိစစ်ရေးအဖွဲ့သို့ တင်ပြထားခြင်းမရှိသော ရုပ်ရှင်ဇာတ်ကားများကို ၎င်းတို့၏အက်ပလီကေးရှင်းများတွင် လွှင့်တင်ထားရှိကြောင်း စိစစ်တွေ့ရှိရ ကြောင်း သိရသည်။
▪️ ထို့ကြောင့် AWS+ နှင့် cmapp.tv တို့ကို စည်းမျဉ်းစည်းကမ်းများ မလိုက်နာသဖြင့် ၎င်းတို့၏ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို အမြဲတမ်းရုပ်သိမ်းထားပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
▪️ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူပြီး သူများအနေဖြင့် မိမိတို့လွှင့်တင်သည့် Content များကို စိစစ်ရေးအဖွဲ့ထံ တင်ပြနိုင်ရေးနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူထားခြင်းမရှိသောသူများအနေဖြင့်လည်း ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူရမည်ဖြစ်ကြောင်း အသိပေးကြေညာထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 203 of 2324