ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီအပူဇော်ခံပွဲ၌ ရိုးရာလှေပြိုင်ပွဲထည့်သွင်းကျင်းပသွားမယ်လို့ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားဂေါပကအဖွဲ့ကသိရပါတယ်။
#Local_News
Published 12 August 2025
#အင်းလေးဖောင်တော်ဦးဘုရား # ရိုးရာလှေပြိုင်ပွဲထည့်သွင်းကျင်းပ
#YMG/NN #Yangon_Times
အာဆီယံ-တရုတ်စင်တာမှ ကြီးမှူး၍ ယခုလ( ၉ )ရက်က ပြုလုပ်တဲ့ “Durian Fest: Bridging with Taste” ဟူသော ခေါင်းစဉ်ဖြင့်ကျင်းပသည့် အာဆီယံ-တရုတ်ဒူးရင်းပွဲတော်မှာ မြန်မာ့ဒူးရင်းထွက်ကုန်စားဖွယ်ရာများ ပါဝင်ပြသခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 12 August 2025
#ဒူးရင်းပွဲတော်ပြသ #အာဆီယံ-တရုတ်စင်တာ
#YMG/SW #Yangon_Times
#Local_News
Published 12 August 2025
သံလွင်နှင့်စစ်တောင်းမြစ်ရေ အနည်းငယ်ပြန်လည်ကျဆင်း လာသော်လည်း စိုးရိမ်ရေမှတ်အထက်၌ ဆက်ရှိမည်ဖြစ်ကြောင်း
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က အသိပေးထုတ်ပြန်ထားသည်။
ဘားအံမြို့ သံလွင်မြစ်ရေ နှင့် မဒေါက်မြို့ စစ်တောင်းမြစ်ရေသည် ယနေ့ ဩဂုတ် ၁၂ ရက်မနက်ပိုင်း တိုင်းတာချက်များအရ စိုးရိမ်ရေမှတ်အထက်မှာ တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက်ကို ၁ ပေကျော်လွန်နေပြီ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက် ကို ၂ ပေခွဲခန့်ကျော်လွန်နေကြောင်း သိရသည်။
ထိုကြောင့် ဘားအံမြို့နယ် နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနေထိုင်ကြရန်လည်း အသိပေးထား ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 August 2025
▪️ တရုတ်နိုင်ငံမှ လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ယမာန်နေ့က ရောက်ရှိလာ ကြောင်းသိရသည်။
▪️ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် T & Z Finance Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota bZ3X အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် NETA X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ၊ Shwe Thway Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD SONG L အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် BYD SEALION 07 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 August 2025
▪️ ပွင့်လန်းသာယာ လန်ချန်း-မဲခေါင်ဂေဟာ ရုပ်သံမှတ်တမ်း အစီအစဉ်ကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ရိုက်ကူးကြမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ရိုက်ကူးရန်အတွက် တရုတ်နိုင်ငံ ကွမ်ရှီး ရုပ်သံရိုက်ကူးရေးအဖွဲ့ မြန်မာနိုင်ငံသို့ ယမန်နေ့ နံနက်ပိုင်းကရောက်ရှိလာကြောင်း သိရသည်။
▪️ အဆိုပါ ပွင့်လန်းသာယာ လန်ချန်း-မဲခေါင်ဂေဟာ ရုပ်သံမှတ်တမ်း အစီအစဉ်ကိုပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် တရုတ်နိုင်ငံနန်နင်းမြို့ ကွမ်ရှီး အသံလွှင့်နှင့် ရုပ်မြင်သံကြားတို့ ပထမဦးဆုံး အကြိမ်ပူးပေါင်း၍ စီစဉ်ရိုက်ကူးကြမည်ဖြစ်ပြီး မဲခေါင်-လန်ချန်း ခြောက်နိုင်ငံတို့ အတူတကွပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြစ်သကဲ့သို့ တရုတ်-မြန်မာ ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနိုင်ရန်အတွက် စီစဉ်ရိုက်ကူးခြင်းဖြစ်ကြောင်း၊ အဆိုပါရိုက်ကူးရေးအဖွဲ့သည် တရုတ်နိုင်ငံတွင် လုပ်ငန်းထူးချွန်မှုအမြင့် ဆုံးဆုရရှိထားပြီး နေပြည်တော်နှင့် ရန်ကုန်မြို့ အနီးတစ်ဝိုက်တွင် ရိုက်ကူးကြမည်ဖြစ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်သံအမတ်ကြီးတို့နှင့်လည်း တွေ့ဆုံမေးမြန်း ရိုက်ကူးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံမီဒီယာတို့ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍအသစ်တစ်ခု ဖြစ်ကြောင်းလည်းသိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 11 August 2025
၁။ရန်ကုန်-ပဲခူး DEMU ရထားခရီးစဉ်များထပ်တိုးပြေးဆွဲ
၂။ ဝိုင်စပျစ်စီးပွားဖြစ်စိုက်ပျိုးရန် Contract farming စနစ်ဖြင့်ဆောင်ရွက်နိုင်
၃။အိုင်စီအာရ်စီ၏ မိသားစုခရီးစရိတ်ပံ့ပိုးကူညီမှုရယူလိုသူများ ဆက်သွယ်နိုင်
၄။ အာဖဂန်မြို့တော်၌မြေအောက်ရေပြတ်လပ်သဖြင့် ရေဝယ်ယူသုံးစွဲနေရပြီ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၃) နဲ့ဆောင်ရွက်တဲ့ ဆိုလာအသေးစားဓာတ်အားပေးစနစ်နဲ့ရေပေးဝေရေးလုပ်ငန်းပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 11 August 2025
#မဲခေါင်-လန်ချန်း #ဆိုလာအသေးစားဓာတ်အားပေးစနစ်
#YMG/SW #Yangon_Times
Page 198 of 2324