#DailyNews
Published - 11 June 2022
၁။ စက်သုံးဆီဈေးမြင့်တက်နေသော်လည်း နယ်စပ်ကုန်သွယ်ရေးပုံမှန်အရောင်းအဝယ်ဖြစ်နေ
၂။ နေအိမ်ဆုံးရှုံးပြီး စားဝတ်နေရေးခက်ခဲနေသည့် ကော့ကရိတ်ရှိ မသန်စွမ်းသူများ MPHA အသင်းကို ဆက်သွယ်အကူအညီတောင်းခံနိုင်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အီတလီပန်းထိမ်ဆရာကြီး၏ အနုပညာလက်ရာပစ္စည်းများအား နီကာရာဂွာဘုရားကျောင်းတွင် ပြန်လည်တွေ့ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 11 June 2022
မြန်မာနိုင်ငံမှာဇွန်လ(၁)ရက်မှ(၁၁)ရက်မနက်ပိုင်းအထိ မြေငလျင်စုစုပေါင်း (၇)ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်၊၊
ဇွန်လ(၁)ရက်မှာဂွမြို့အနီး အင်အားရစ်တာစကေး (၅.၄)၊ဇွန်(၂)ရက်မှာ ကွန်ဟိန်းမြို့အနီး အင်အားရစ်တာစကေး(၄.၁)၊ ဇွန်(၃)ရက်မှာ မတ္တရာမြို့အနီး အင်အားရစ်တာစကေး(၄.၄)၊ဇွန်(၅)ရက်မှာ ညောင်တုန်းမြို့အနီး အင်အားရစ်တာစကေး(၄.၂)၊ ဇွန်(၅)ရက်မှာပဲ မိုင်းပြင်းမြို့အနီး အင်အားရစ်တာစကေး(၃.၈)၊ ဇွန်လ(၈)ရက်မှာ မိုင်းပြင်းမြို့အနီး အင်အားရစ်တာစကေး(၅.၀)၊ ဇွန်လ(၁၁)ရက်မှာ စေတုတ္တရာမြို့အနီး အင်အားရစ်တာစကေး(၃.၆)အဆင့်ရှိမြေငလျင်တွေ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်၊၊
မြန်မာနိုင်ငံမှာ မြေငလျင်ကြီးတွေတစ်ကျော့ပြန် လှုပ်ခတ်နိုင်တဲ့အတွက် ရန်ကုန်၊ မန္တလေး၊ ပဲခူးအစရှိတဲ့ ပြတ်ရွေ့ကြောတွေပေါ်မှာတည်ရှိတဲ့ဒေသတွေက ပြည်သူတွေသတိပြုနေထိုင်ကြဖို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာ ယဥ်မျိုးမင်းထွေးကလည်း သတိပေးပြောကြားထားပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_ 11 June 2022
ပြီးခဲ့သည့် မေလအတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ပြည်တွင်း၊ ပြည်ပမှ လာရောက်သည့် ဘုရားဖူး ဦးရေ ၁၂ သိန်း ၈ သောင်းကျော်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
လာရောက်ဖူးမြော်သူများထဲတွင် သံဃာတော် ၁၁၀ဝ၀ ခန့်နှင့် သီလရှင် ၆၀ဝ၀ ကျော် ပါဝင်သည့်အပြင် နိုင်ငံခြားသား ၁၀ဝ၀ ခန့် လာရောက်ဖူးမြော်ခဲ့ပြီး ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့ တစ်ရက်တည်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဘုရား ဖူးလာရောက်သူဦးရေ သုံးသိန်းကျော်ရှိကြောင်း သိရသည်။
ယင်းအပြင် လာမည့် နယုန်လပြည့်နေ့တွင်လည်း ရွှေတိဂုံစေတီတော်မြတ်ကြီး၌ မဟာသမယနေ့ အခမ်းအနားကျင်းပမည်ဖြစ်ပြီး ဘုရားဖူးလာသူ အများအပြား ရှိနိုင်ကြောင်း သိရသည်၊၊
ဘုရားဖူးလာသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်စေရန်အတွက် လုံခြုံရေးလုပ်ငန်းများကိုလည်း စနစ်တကျ စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း အဆိုပါကော်မတီမှ ထုတ်ပြန်ထားသည်။
ပြည်တွင်း၌ ကိုဗစ်- ၁၉ ရောဂါကူးစက်ပြန့်ပွားမှုများ လျော့ကျလာသောကြောင့် ရွှေတိဂုံစေတီတော်မြတ်ကြီး ပြန်လည်ဖွင့်လှစ်သည့် နောက်ပိုင်းတွင် လာရောက်ဖူးမြော်သူဦးရေများပြားလာကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်သို့ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာရောက်သူများ များပြားလာသည့်အတွက် ဘုရားဖူးချိန်ကို နေ့စဉ် နံနက် ၅ နာရီမှ ည ၈ နာရီ အထိ သတ်မှတ်ကာ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published _ 11 June 2022
ကုန်သေတ္တာသင်္ဘောလိုင်း အသီးသီး၏ ခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားလျှက်ရှိပြီး ဇွန်လအတွင်း ကုန်သေတ္တာတင် သင်္ဘော ၅၃ စီး ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
ဇွန်လတွင် သင်္ဘောလိုင်း ၁၅ လိုင်းမှ သင်္ဘောများ ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ပြီး SEALAND MAERSK ASIA လိုင်းမှ ၁၂ စီး၊ SITC LINE မှ ငါးစီး၊ I.A.I LINE မှ လေးစီး၊ SAMUDERA LINE မှ လေးစီး၊ C.S.L လိုင်းမှ သုံးစီး၊ EVER GREEN လိုင်းမှ သုံးစီး၊ GOLD STAR LINE မှ သုံးစီး၊ LAND & SEA လိုင်းမှသုံးစီး၊ M.F.S.L လိုင်းမှ သုံးစီး၊ NEW GOLDEN SEA(COSCO) လိုင်းမှ သုံးစီး P.I.L လိုင်းမှ သုံးစီး၊ R.C.L LINE မှသုံးစီး၊ X-PRESS FEEDERS LINE မှနှစ်စီး၊ BAY LINE မှ တစ်စီး၊ BLPL SHPPING လိုင်း မှ တစ်စီး စုစုပေါင်း ၅၃ စီး ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်စီမံပံ့ပိုးမှုဖြင့် ကုန်သေတ္တာဆိပ်ကမ်း တံတားများ၊ သင်္ဘောလိုင်းများနှင့် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ကုန်သေတ္တာသင်္ဘောများကို Turnaround Time ပျမ်းမျှသုံးရက်ခန့်ဖြင့် ဝန်ဆောင်မှုများ ပေးနိုင်ခဲ့သောကြောင့် သင်္ဘောဝင်ရောက်မှုနှင့် ကုန်ကိုင်တွယ်မှုများ မြင့်တက်လာခဲ့ကြောင်းလည်း သိရသည်၊၊
ymg/NN
#Yangon_Media_Group
#LocalNews
Published _ 11 June 2022
ယမန်နေ့ဇွန်လ ၁၀ရက်တွင် ကန်ပိုက်တီကုန်သွယ်ရေးစခန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကချင်ပြည်နယ်အစိုးရသို့ လှူဒါန်းသည့် အောက်ဆီဂျင်(အိုးခွံ) ၁၀၀၀၊ Mask ၀ ဒသမ ၅ တန်ကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယာဉ်စီးရေခြောက်စီးဖြင့် တင်သွင်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ယင်းအပြင်သက်ဆိုင်ရာဌာနများ နှင့်ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းအပြင်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published _ 10 June 2022
နေပြည်တော်ရှိ မြို့နယ်အချို့က အိမ်ခြံမြေဈေးကွက်မှာ ငွေလဲဈေးနှုန်းများနှင့် အကြပ်အတည်းများကြောင့် ဈေးကွက်ထဲ အရောင်းအေးနေတယ်လို့ နေပြည်တော်ရှိ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းအချို့ကပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published_10 June 2022
မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့သော်လည်း ပြန်၍မရနိုင်သေးသည့် မြန်မာနိုင်ငံသားများအနက်၂၁၅ ဦးကို ဇွန်လ ၉ ရက်တွင် နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက ထုတ်ပြန်လိုက်သည်။
ယင်းတို့ကို ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း
အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း မလေးရှားနိုင်ငံ၌ ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၅၅ ဦးအား နေရပ်ပြန်ရန် မြန်မာသံရုံးမှကူညီပေးခဲ့ကြောင်း သိရသည်။
photo-MEKLM
ymg/mt
#Yangon_Media_Group
Page 2013 of 2254