#Local_News
Published_ 22 May 2023
အခုနှစ်မှာ မုတ်သုန်အဝင်ရက်ပိုင်းနောက်ကျနေပြီးမုတ်သုန်စဝင်ချိန်မှာ တနင်္သာရီတိုင်းအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေနဲ့မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မုတ်သုန်အဝင် #တနင်္သာရီတိုင်းနှင့်ဒေသအချို့ #မိုးသက်လေပြင်းတိုက်ခတ်နိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
ပင်မဆဲလ် Stem Cell တွေကို သိမ်းဆည်းလိုတဲ့ မြန်မာတွေအတွက် မြန်မာနိုင်ငံမှာပဲ ပင်မဆဲလ်ထုတ်ယူပြီး ထိုင်းနိုင်ငံကို ပေးပို့သိမ်းဆည်းပေးတဲ့ ဝန်ဆောင်မှုတွေပေးနေပြီလို့ ပင်မဆဲလ်ဘဏ်လုပ်ငန်းဖြစ်တဲ့ Cryoviva(ခိုင်အိုဗီဗာ)မှ သိရပါတယ်၊၊
#Local_News #ပင်မဆဲလ် Stem Cell #ဝန်ဆောင်မှုရယူနိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
ယခုတစ်ပတ်ဈေးကွက်အတွင်း စက်သုံးဆီဈေးမှာ နှုန်းထားအပြောင်းအလဲမရှိတည်ငြိမ်နေပြီး ၉၂ တစ်လီတာလျှင် ၂၀၀၅ ကျပ်ပေါက်ဈေးရှိနေကြောင်း ယနေ့ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီနှုန်းဈေး #တည်ငြိမ်နေ
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
မုန်တိုင်းသင့်ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်း အိမ်ဆောက်ပစ္စည်းများဈေးနှစ်ဆလောက်မြင့်တက်နေတယ်လို့ ဒေသခံတွေက YMG ကို ပြောပါတယ်။
#Local_News #ရခိုင်ပြည်နယ် #မုန်တိုင်းသင့်
#YMG #Yangon_Media_Group
#Daily_News
Published_ 22 May 2023
၁။ မုန်တိုင်းသင့် ရခိုင်ပြည်နယ်တွင် အိမ်ဆောက်ပစ္စည်းများဈေးနှစ်ဆမြင့်တက်
၂။ စက်သုံးဆီနှုန်းဈေး ၂၀၀၀ ဝန်းကျင်ဖြင့် တည်ငြိမ်နေ
၃။ ပင်မဆဲလ်Stem Cell များကို သိမ်းဆည်းလိုသူများ မြန်မာနိုင်ငံ၌ဝန်ဆောင်မှုရယူနိုင်၊ ရောဂါကုသရန်နှင့် အလှအပရေးရာတွင်ပြန်လည်အသုံးပြုနိုင်ဟုဆို
၄။ တရုတ်နိုင်ငံ၏ စိုက်ပျိုးရေလုပ်ငန်းတွင် ဉာဏ်ရည်တု(AI)စနစ်များ တွင်ကျယ်စွာအသုံးပြုအောင်မြင်နေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 22 May 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေနဲ့ မေလ ၂၂ ရက်နေ့ကနေ ၂၈ရက်နေ့အထိ လက္ကားရည်ညွှန်းသတ်မှတ်စျေး တစ်ပိဿာ ၄၁၆၅ကျပ် ဖြစ်ပြီး အရင်အပတ်ထက် ငွေကျပ် ၂၀၀ ကျော် စျေးကျလာပါတယ်။
#Local_News #စားအုန်းဆီအခြေခံလက်ကားဈေး
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ရှိ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်အတွင်း ယနေ့နံနက်ပိုင်းက အဆိပ်ချခံရသဖြင့် မွေးမြူထားသည့် ရွှေငါးအကောင်ရေ အများအပြား သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မေ ၂၂ ရက်၊ ယနေ့နံနက်ပိုင်းက တိုက်ကြီးမြို့ရှိ၊ ဒေသခံများအပန်းဖြေရာ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်အတွင်း မွေးမြူထားသည့် ရွှေငါးအချို့ သေဆုံးနေကြောင်း တွေ့ရှိသဖြင့် အနီး၌ ရှိနေသူများက စစ်ဆေးကြည့်ရာမှ ငါးအကောင်ရေ အမြောက်အများ သေဆုံးနေမှုကို တွေ့ခဲ့ရကြောင်း သိရသည်။
"ငါးအကောင်ရေက သိန်းချီရှိတယ်။ ရွှေငါးတွေရော တခြားငါးတွေရော အများကြီးမွေးထားတာ အကုန်သေသွားတာ။ စီးပွားဖြစ်မွေးတာ မဟုတ်ဘူး။ ဒီတိုင်းမွေးရင်းနဲ့ သူ့ဟာသူ အကောင်တွေပေါက်ပြီး များလာတာ။ နှစ်တွေ ဆယ်နဲ့ချီပြီးတော့မှ မွေးထားတာ“ ဟု ကန်အတွင်း ရှင်းလင်းရေး လုပ်ဆောင်ပေးခဲ့သည့် မိုးစေတနာ ပရဟိတအသင်း(တိုက်ကြီး)မှ တာဝန်ရှိသူတစ်ဦးက YMG သို့ပြောသည်။
သေဆုံးခဲ့သည့် အလှမွေးငါးများမှာအကောင်ရေငါးထောင်ခန့်လက်တလောဆယ်ယူရရှိပြီးအနေအထားကို သုံးသပ်ချက်အရ ကန်အတွင်း အဆိပ်ချခံရသည့်အတွက် သေဆုံးခြင်းဖြစ်နိုင်ကြောင်းသိရသည်။
"ငါးသေတဲ့အနေအထားကို ကြည့်တော့ ယင်ကောင်တွေ ဘာတွေ မနားဘူး။ သုံးသပ်ကြည့်ရတာတော့ အဆိပ်ခတ်ခံရတဲ့ ပုံစံမျိုးပါ"ဟု ၎င်းက ပြောသည်။
ယနေ့နေ့လည်ပိုင်းအထိ ကန်အတွင်းမှ သေဆုံးနေသည့် ငါးအများအပြားကို ဆယ်ယူထားကာ တိုက်ကြီးသုသန်တွင်ထပ်မံမြေမြှုပ်သွားမည်ဟုလည်း ဒေသခံလူမှုကူညီရေး အဖွဲ့တစ်ခုထံမှ သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပါတ်သတ်ပြီး သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနနှင့်မွေးမြူရေးလုပ်ငန်းဌာနတို့မှ ငါးအသေကောင်နှင်ရေနမှုနာများ ကောက်ယူသွားပြီး ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။


#ymg/ppk #Local_News #ရန်ကုန်တိုက်ကြီး #နိဗ္ဗာန်ချမ်းသာမင်္ဂလာကန် #ရွှေငါးအများအပြားသေဆုံးမှုဖြစ် #YMG #Yangon-Media-Group
Page 1570 of 2529