#World_Science
Published 15 August 2025

▪️ ပင့်ကူတွေ၊ ကင်းမြီးကောက်တွေလိုမျိုး မျိုးနွယ်တွေက ကုန်းမြေသတ္တဝါတွေကနေ ဆင်းသက်လာတယ်လို့ သိပ္ပံပညာရှင်တွေ ယူဆခဲ့ကြပေမယ့် ယခုနောက်ဆုံးဆန်းစစ်ချက်မှာတော့ နှစ်သန်းပေါင်း ၅၀၀ ခန့်သက်တမ်းရှိတဲ့ ရုပ်ကြွင်းတွေအရ သူတို့ဟာ သမုဒ္ဒရာတွေကနေ အစပြုတာဖြစ်နိုင်တယ်လို့ ယူဆလာပါတယ်။

▪️ Mollisonia symmetrica လို့ခေါ်တဲ့ ရုပ်ကြွင်းဟာ မြင်းခွာဂဏန်းတွေရဲ့ ကနဦးသတ္တဝါများဖြစ်မယ်လို့ ထင်ခဲ့ကြပြီး ဒီရုပ်ကြွင်းရဲ့ အာရုံကြောတည်ဆောက်ပုံက စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

▪️ Mollisonia ရဲ့ အာရုံကြောစနစ်က ပင်လယ်အဆစ်များသတ္တဝါတွေနဲ့ လက္ခဏာ တူညီပြီး ပင့်ကူမျိုးနွယ်တွေက ကုန်းပေါ်မှာ မနေထိုင်နိုင်ခင် သမုဒ္ဒရာရှေးဟောင်းသတ္တဝါတွေကနေ ဆင့်ကဲပြောင်းလဲလာခဲ့ပုံ ရှိပါတယ်။

▪️ ပင်လယ်ထဲကနေ ကုန်းပေါ်သို့ ရောက်လာပုံက သူတို့ရဲ့ အာရုံကြောကွန်ရက်စနစ်တွေ အချိန်ကြာလာတာနဲ့အမျှ အလိုက်သင့်ပြောင်းလဲလာတာ ဖြစ်နိုင်ပါတယ်။

▪️ Mollisonia ရဲ့ ထူးခြားတဲ့ အာရုံကြောအဖွဲ့အစည်းက အစောပိုင်းပင့်ကူမျိုးနွယ်တွေ လမ်းလျှောက်ခြင်း၊ ပင့်ကူမျှင်ထုတ်ခြင်း၊ ကုန်းပေါ်မှာ အသက်ရှင်သန်နိုင်ခြင်းတို့အတွက် အထောက်အကူဖြစ်နိုင်ဖွယ် ရှိပါတယ်။

▪️ ဒီတွေ့ရှိချက်က ပင့်ကူမျိုးနွယ်ဆင့်ကဲပြောင်းလဲခြင်းအကြောင်း နားလည်ပုံကို ပြန်လည်ပုံဖော်နိုင်ဖွယ်ရှိကာ အခြားသော ပင်လယ်ပြင်မှ ကုန်းမြေသို့ ဆင့်ကဲပြောင်းလဲခြင်းနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။

Source: Daily Galaxy