#World_Health
Published 15 August 2025

▪️ ခန္ဓာကိုယ်ထဲကဆီးတွေ ပါဝင်မှုများလွန်းပြီး ခဲကပ်သွားတဲ့အခါ ကျောက်ကပ်ထဲမှာ ကျောက်တည်လာပါတယ်။

▪️ အရွယ်အစား အမျိုးမျိုးဖြစ်နိုင်ပြီး ဆီးလမ်းကြောင်းထဲ ဖြတ်သန်းတဲ့အခါ နာကျင်ရပါတယ်။

▪️ အချို့သော အစားအစာတွေက ဆီးထဲက အောက်ဆဲလိတ်၊ ကယ်စီယမ်၊ ယူရစ်အက်ဆစ်၊ ဆိုဒီယမ်တို့ များလာနိုင်ပြီး ကျောက်ကပ်ထဲကျောက်တည်နိုင်စေပါတယ်။

▪️ ဒါကြောင့် ကျောက်တည်တဲ့သူတွေအနေနဲ့ ရှောင်ရှားသင့်တဲ့ အစားအစာတွေကို မျှဝေလိုက်ပါတယ်။

▪️ (၁) ဟင်းနုနွယ် - အောက်ဆဲလိတ်များပါဝင်များကာ ကျောက်ကပ်ထဲမှာ ကယ်စီယမ်နဲ့ ပေါင်းစည်းပြီး ကျောက်ဖြစ်နိုင်ပါတယ်။

▪️ (၂) သကြားမုန်လာ - သူ့မှာလည်း အောက်ဆဲလိတ် ပါဝင်မှုများကာ ပုံမှန်သောက်သုံးပါက ဆီးထဲမှာ များလာပြီး ကျောက်ဖြစ်နိုင်စေပါတယ်။

▪️ (၃) အခွံမာသီးနှင့်အစေ့များ - ဗာဒံစေ့၊ သီဟိုဠ်စေ့၊ မြေပဲတို့က အသင့်အတင့်စားရင် ကောင်းပေမယ့် ကျောက်ကပ်ကျောက်ရှိသူတွေမှာတော့ အများအပြားစားရင် ရောဂါပိုဆိုးစေနိုင်ပါတယ်။

▪️ (၄) ချောကလက် - သူ့မှာလည်း အောက်ဆဲလိတ်မြင့်မားစွာ ပါဝင်တာကြောင့် အများအပြားစားသုံးရင် ကျောက်ကပ်ကျောက်ဖြစ်နိုင်ပါတယ်။

▪️ (၅) လက်ဖက်ခြောက် - အောက်ဆဲလိတ်မြင့်မားစွာ ပါဝင်တာကြောင့် ရေအလုံအလောက် မသောက်ပါက ကျောက်ဖြစ်နိုင်ပါတယ်။

▪️ (၆) အသားကြီး - ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်ဆစ်များစေကာ များလွန်းပါက ယူရစ်အက်ဆစ်ကျောက်များ ဖြစ်စေနိုင်ပါတယ်။

▪️ (၇) ဆိုဒီယမ်မြင့်မားသော အဆင့်ဆင့်ထုပ်ပိုးအစားအစာ - ဆိုဒီယမ်များတဲ့ အစားအစာတွေက ဆီးထဲမှာ ကယ်စီယမ် ပိုမိုစွန့်ထုတ်ကာ ကယ်စီယမ်ကျောက်ဖြစ်နိုင်ခြေ များစေပါတယ်။

▪️ (၈) ကိုလာနှင့်အချိုရည်များ - ကိုလာက ဖော့စ်ဖရစ်အက်ဆစ်ပါဝင်သလို အချိုယမကာတွေမှာလည်း ယူရစ်အက်ဆစ်များတာကြောင့် ကျောက်ကပ်ကျောက်တည်နိုင်ခြေ များပါတယ်။

▪️ (၉) ရူဗတ် - အောက်ဆဲလိတ်ကြွယ်ဝကာ ဆီးထဲမှာ ပမာဏများစေပြီး စူးရှတဲ့အချဉ်ဓာတ်က ကျောက်ကပ်ကျောက်ဖြစ်ခြင်းကို သက်ရောက်စေပါတယ်။

▪️ (၁၀) ဗိုက်တာမင်စီ ဖြည့်စွက်ဆေးများ - ဗိုက်တာမင်စီများလွန်းရင် ခန္ဓာကိုယ်ထဲမှာ အောက်ဆဲလိတ်အဖြစ် ပြောင်းလဲပြီး အောကဆဲလိတ်ကျောက်များ ဖြစ်နိုင်ခြေများစေနိုင်ပါတယ်။

Source: DoctorNDTV