#World_News
Published 15 August 2025

▪️ အိန္ဒိယထိန်းချုပ်ဒေသ ကက်ရှ်မီးယားရှိ ဟိမဝန္တာရွာတစ်ခုမှာ ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် အနည်းဆုံးလူ ၅၆ ဦးသေဆုံးကာ ဒါဇင်ခန့် ပျောက်ဆုံးနေပါတယ်။

▪️ ချာဆိုတီ၊ ဂျမ်မူ၊ ကက်ရှ်မီးယားတို့မှာ မိုးတွေတဟုန်ထိုးရွာသွန်းခဲ့တာဖြစ်ပါတယ်။

▪️ ကြာသပတေးနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲမှာ ရေကြီးခဲ့တာဖြစ်ပြီး ဘုရားဖူး ၂၀၀ ကျော်ရှိနေတဲ့ ထမင်းစားဆောင်ကြီးအပြင် လုံခြုံရေးဂိတ်၊ ကားများ၊ မော်တော်ဆိုင်ကယ်များ ပျက်စီးသွားပါတယ်။

▪️ ကနဦးခန့်မှန်းချက်များအရ အနည်းဆုံး လူ ၈၀ လောက်ပျောက်ဆုံးနေကာ အပျက်အစီးတွေအောက် ပိတ်မိနေသူတွေလည်း ရှိနိုင်ပါတယ်။

▪️ ကယ်ဆယ်ရေးအဖွဲ့တွေက လူ ၂၀၀ ခန့်ကို ဘေးကင်းရာသို့ ကယ်ဆယ်ခဲ့ပေမယ့် အနည်းဆုံး ၅၀ ခန့် အပြင်းအထန် ဒဏ်ရာရခဲ့ကာ ဒေသတွင်းဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေပါတယ်။

▪️ စစ်တပ်၊ လေကြောင်းတပ်ဖွဲ့တွေဖြင့် ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ ခစ်ရှ်ဝါခရိုင်ခွဲကော်မရှင်နာ ရာမက်ရှ်ကူမာက ပြောပါတယ်။

▪️ ဟိမဝန္တာမှာဖြစ်နေကျအတိုင်း တစ်နာရီကို ၁၀၀ မီလီမီတာနှုန်းကျော်ဖြင့် ရုတ်တရက် မိုးအကြီးအကျယ်ရွာချခြင်းကြောင့် ရေကြီးရတာဖြစ်တယ်လို့ အိန္ဒိယသိပ္ပံနှင့်နည်းပညာ လက်ထောက်ဝန်ကြီးက ပြောပါတယ်။

▪️ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီကတော့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ရေဘေးသင့်သူများအတွက် ဆုတောင်းမေတ္တာပို့ပါကြောင်း ပြောထားပါတယ်။

▪️ မကြာသေးမီကပဲ အိန္ဒိယ ဥတ္တရခန်ပြည်နယ်နဲ့ တရုတ်မြောက်ပိုင်းတို့မှာလည်း အလားတူရေကြီးမှုများကြောင့် ပျက်စီးမှုများဖြစ်ထားပါတယ်။

Source: The Sun