#World_Health
Published 16 August 2025

သခွားသီးအခွံတွေထဲမှာ ပါဝင်တဲ့အာဟာရဓာတ်တွေကိုမသိကြဘဲ လွှင့်ပစ်နေကြပါတယ်။

သခွားသီးအခွံမှာ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေ ထိန်းသိမ်းခြင်း၊အစာကြေခြင်း၊နှလုံးကျန်းမာရေးတို့အတွက် အကျိုးပြုပါတယ်။

အမျှင်ဓာတ်၊ ဗိုက်တာမင်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ပြီး ဆဲလ်အိုမင်းရင့်ရော်ခြင်းနဲ့ နာတာရှည်ရောဂါ ဖြစ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။

စားသုံးမယ်ဆိုရင်တော့ အရင်ဆုံး သန့်စင်အောင်ဆေးကြောဖို့လိုပါတယ်။

သခွားသီးစားတဲ့အခါ ဗိုက်ပြည့်စေတာကြောင့်အများကြီးမစားဖြစ်ဘဲ ကိုယ်အလေးချိန်ကျဖို့ အကူအညီဖြစ်စေပါတယ်။

သခွားအခွံမှာပါတဲ့ ဒြပ်ပေါင်းတွေက သွေးတွင်းဂလူးကို့စ်လျော့ကျစေပြီး အူလမ်းကြောင်း လှုပ်ရှားမှုကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှကာကွယ်ပေးပါတယ်။

ဒါ့အပြင် ဗိုက်တာမင်-စီက ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်စေကာ ဓာတ်တိုးပျက်စီးခြင်းတွေကို ကာကွယ်ပေးပါတယ်။

ဒါကြောင့် သခွားသီးကိုအခွံမနွှာဘဲ စားသုံးခြင်းကအကျိုးကျေးဇူးများစွာ ပေးနိုင်မှာဖြစ်ပါတယ်။

ဖလေဗိုနွိုက်နဲ့ဘီတာကယ်ရိုတင်းတို့လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်ပါတယ်။

ပိုတက်ဆီယမ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေကာနှလုံးသွေးကြောစနစ်အပေါ် ကောင်းကျိုးရှိစေပါတယ်။

သခွားသီးအခွံတွေကို အလွှာလိုက်လှီးပြီး မျက်လုံးပေါ်ကပ်ပေးပါက မျက်ကွင်းညိုခြင်းကို သက်သာစေပါတယ်။

Source: The Jerusalem Post.