#World_Health
Published 25 May 2026
■ အိန္ဒိယမှာ ခြင်ကိုက်လို့ဖြစ်တဲ့ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားတို့လို ရောဂါတွေ ကာကွယ်ဖို့ ခြင်ပြေးလိမ်းဆေးတွေ အသုံးများလာကြပေမယ့် ဘေးကင်းစိတ်ချရမှု၊ အရေပြားအပေါ် သက်ရောက်မှုတို့နဲ့ ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။
■ ဒါနဲ့ပတ်သက်ပြီး အက်စတာဝှိုက်ဖီးလ်ဆေးရုံမှ အရေပြားအထူးကု ဒေါက်တာ ပရီယန်ကာကူရီက ခေတ်အမီဆုံးဖော်စပ်ထားတဲ့ ခြင်ဆေးတွေဟာ မှန်ကန်စွာအသုံးပြုရင် ဘေးကင်းစိတ်ချရပေမယ့် လွဲမှားစွာသုံးရင်တော့ ဘေးထွက်ဆိုးကျိုး မကင်းဘူးလို့ ပြောထားပါတယ်။
■ DEET ၊ ပီကာရီဒင်၊ IR3535 တို့လို ပါဝင်ပစ္စည်းတွေကို သေချာသုတေသနပြုလုပ်ထားပြီး လူတွေမှာအသုံးပြုဖို့ ဘေးကင်းစိတ်ချရပါတယ်။
■ ဘေးထွက်ဆိုးကျိုးတွေကတော့ အဖြစ်နည်းကာ နီမြန်းယားယံခြင်းလို အပျော့စားသာဖြစ်ပြီး အထိခိုက်မခံတဲ့ အသားအရေတွေမှာ ဖြစ်တတ်ပါတယ်။
■ အများကြီးအသုံးပြုခြင်း၊ ထိခိုက်ထားတဲ့အရေပြားနေရာမှာ အသုံးပြုခြင်းတို့က လွဲမှားပြီး အရေပြားပြဿနာ ပိုဖြစ်စေနိုင်ပါတယ်။
■ ဆေးဖက်ဝင်ခြင်ဆေးတွေက ပိုပြီးထိတွေ့မှုညင်သာပေမယ့် ထိရောက်မှုနည်းနိုင်ပါတယ်။
■ ပုံမှန်အသုံးပြုဖို့အတွက်ကတော့ သင့်တော်တဲ့ပမာဏသာ အသုံးပြုပြီး အထိခိုက်မခံတဲ့နေရာတွေ ရှောင်ရှားကာ အသုံးပြုပြီးနောက် လက်ကိုဆေးကြောရမှာ ဖြစ်ပါတယ်။
■ အဆက်မပြတ် ယားယံနီမြန်းခြင်း၊ ဖောရောင်ခြင်းတို့ ဖြစ်နေရင်တော့ အသုံးပြုနေတာကိုရပ်ပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Source: NDTV.