#World_News
Published 26 May 2026

■ မေလ ၂၅ ရက်နေ့ ဖုန်းပြောဆိုမှုပြုလုပ်ခဲ့ရာမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က ယူကရိန်း ကိဗ်မြို့ရှိ အမေရိကန်သံရုံးမှ သံတမန်များကို ဘေးကင်းရာ ရွှေ့ပြောင်းပေးဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

■ ရုရှားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မေလ ၂၅ ရက်နေ့မှာ လက်ဗ်ရော့ဗ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ ဖုန်းပြောဆိုဆွေးနွေးခဲ့ပါတယ်။

■ အဆိုပါကြေညာချက်အပေါ် အလေးထားရန် ပြောကြားခဲ့ပြီး အခြားနိုင်ငံများမှ သံတမန်ရေးရာဝန်ထမ်းများ နိုင်ငံသားများကိုလည်း ယူကရိန်းမြို့တော်ကနေ ဘေးကင်းစွာ ရွှေ့ပြောင်းကြဖို့ အကြံပြုတိုက်တွန်းထားပါတယ်။

■ ရုရှားက ကိဗ်မြို့မှ အချက်အခြာဌာနများကို ပစ်မှတ်ထား တိုက်ခိုက်သွားဖို့ စီစဉ်နေတာကြောင့် နိုင်ငံခြားသံတမန်များ ထွက်ခွာကြရန် ထပ်မံတိုက်တွန်းထားပါတယ်။

■ ပြီးခဲ့တဲ့သီတင်းပတ်က ရုရှားဟာ ယူကရိန်းဘက်ကို ဒရုန်းတွေ ဒုံးကျည်တွေ အများအပြား ပစ်ခတ်ခဲ့ရာ ၄ ဦးသေဆုံးပြီး ဒဏ်ရာရခဲ့ကြကာ ထိုလက်နက်တွေထဲက အိုရက်ရှ်နစ်လို့ခေါ်တဲ့ အသံထက် ၁၀ ဆမြန်ဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူးများ သယ်ဆောင်နိုင်စွမ်း ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

■ လက်ရှိအခြေအနေတွေအရ ရုရှားစစ်တပ်ဟာ ယူကရိန်းဘက်မှ စက်မှုအဆောက်အအုံများကို စနစ်တကျ စတင်တိုက်ခိုက်နေပြီဖြစ်ပြီး ဗဟိုဌာနများ၊ ကွပ်ကဲရေးဌာနချုပ်တို့ကို ပစ်မှတ်ထားသွားမယ်လို့ သတိပေးထားပါတယ်။

■ ဆာဂေးလက်ဗ်ရော့ဗ်က တနင်္လာနေ့ဖုန်းပြောဆိုမှုမှာ မာကိုရူဘီယိုကို အဆိုပါသတိပေးချက် ပြောခဲ့ပြီး အမေရိကန်သံတမန်များ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရန် တိုက်တွန်းခဲ့တာဖြစ်ကာ အမေရိကန်ဘက်ကတော့ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။

Source: WION