#World_Health
Published 25 May 2026
■ ပန်ကရိယကင်ဆာကို နောက်ကျမှ ရှာတွေ့တတ်ကြပြီး လျင်မြန်စွာ ပျံ့ပွားကာ လူနာတွေ ကုသရခက်ခဲစေပါတယ်။
■ ယခု စမ်းသပ်ဆေးသစ်တစ်မျိုးကတော့ အားကိုးရတဲ့ဆေး ဖြစ်လာနိုင်ပါတယ်။
■ Daraxonrasib ဆေးကို စမ်းသပ်မှုကြီးပြုလုပ်ခဲ့ပြီးနောက် လူနာတွေရဲ့ သက်တမ်းကို သိသိသာသာ ဆွဲဆန့်နိုင်ခဲ့တာ တွေ့ရပါတယ်။
■ Daraxonrasib ဖြင့် စမ်းသပ်ခဲ့သူတွေမှာ ၁၃.၂ လခန့် နေထိုင်နိုင်ခဲ့ပြီး သာမန်ကင်ဆာကုထုံး ခံယူသူတွေကတော့ ၆.၇ လခန့်သာ အသက်ရှင်ကြပါတယ်။
■ ဒါဟာ ကုသဆေးအသစ်က အသက်ဆက်ရှင်ချိန် နှစ်ဆနီးပါးပိုများတာ ဖြစ်ပါတယ်။
■ သူက ဓာတုကုထုံးတွေလို မဟုတ်ဘဲ အကျိတ်ကြီးထွားမှုမှာ ပါဝင်ပြီး ပန်ကရိယကင်ဆာ ၉၀ ရာခိုင်နှုန်းကျော်မှာ တွေ့ရတဲ့ RAS ဗီဇပြောင်းလဲခြင်းကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။
■ ဒါကြောင့် ကင်ဆာကို အမြစ်ကနေ တိုက်ခိုက်နိုင်တဲ့ တိကျနှုန်းမြင့်မားတဲ့ ဆေးမျိုးဆက်သစ်အဖြစ် ရှူမြင်နေကြပါတယ်။
■ အသက်ဆက်ရှင်သန်ချိန် ၅ နှစ်ခန့်ဖြင့် အသက်အန္တရာယ်အများဆုံး ကင်ဆာတွေထဲမှာ ပန်ကရိယကင်ဆာ ပါဝင်ပါတယ်။
■ Daraxonrasib စမ်းသပ်တဲ့ လူနာတွေမှာ အကျိတ်တွေက သိသိသာသာ ကျုံ့သွားပြီး နာကျင်ကိုက်ခဲမှု လျော့ကျသွားပါတယ်။
■ ဒါပေမဲ့ ဒီဆေးဟာ ကုသဆေးမဟုတ်ဘဲ အချို့သော ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။
■ ရေရှည်ထိရောက်နိုင်စွမ်း၊ အစောပိုင်းအဆင့် အသုံးပြုခြင်း၊ ဈေးနှုန်းတို့နဲ့ ပတ်သက်ပြီး မေးခွန်းတွေ ရှိနေပါတယ်။
■ ဆေးဝါးအသိအမှတ်ပြုရရှိဖို့ စောင့်ဆိုင်းနေဆဲဖြစ်ပေမယ့် အဆင်ပြေပြီဆိုရင်တော့ လာမယ့်နှစ်အတွင်း လူနာတွေထံ ရောက်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
Source: India Today