#World_Health
Published 24 May 2026
■ နေ့စဉ်လှုပ်ရှားမှုအနေဖြင့် ခြေလှမ်းတစ်သောင်း လျှောက်လှမ်းခြင်းကို အတော်များများ ထောက်ခံထားပါတယ်။
■ ဒါဟာ တစ်နေ့ကို မိနစ် ၂၀ သာသာ လမ်းလျှောက်ဖို့သာ လိုအပ်တာဖြစ်ပါတယ်။
■ လမ်းလျှောက်ခြင်းဟာ သွေးလည်ပတ်မှုတစ်ခုလုံး ကောင်းစေပြီး သွေးပေါင်ချိန် ထိန်းညှိပေးသလို သွေးကြောတွေအပေါ် ဖိစီးမှုတွေလည်း လျော့ကျစေတယ်လို့ ကိုယ်ကာယထရိန်နာ အယ်လီဆန်ဂိုးစမစ်က ပြောပါတယ်။
■ လေ့ကျင့်ခန်းလုပ်ခြင်းဟာ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါစသဖြင့် နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေ လျော့ကျစေနိုင်တယ်လို့ သိထားပါတယ်။
■ ပြေးတာထက်စာရင် ခပ်သွက်သွက်လမ်းလျှောက်ခြင်းက သွေးပေါင်ချိန်တိုးနိုင်ခြေ၊ ကိုလက်စထရောများနိုင်ခြေ၊ ဆီးချိုဖြစ်နိုင်ခြေတို့ကို ပိုပြီးလျှော့ချပေးနိုင်ပါတယ်။
■ နှလုံးကောင်းတဲ့အခါ ဦးနှောက်အတွက်လည်း ကောင်းစေပြီး ဦးနှောက်သို့ အောက်ဆီဂျင်ပိုရောက်စေတဲ့အတွက် စွမ်းဆောင်ရည် ကောင်းမွန်စေပါတယ်။
■ ပုံမှန်နှုန်းဖြင့် လမ်းလျှောက်ခြင်းက ဒီမန်ရှာ၊ အယ်ဇိုင်းမားတို့လို ရောဂါတွေဖြစ်နိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။
■ ဖုန်းမပါဘဲ သဘာဝအတိုင်း လမ်းလျှောက်ပါက ဖိစီးမှုလျော့ကျနိုင်ပြီး စိတ်အခြေအနေ တိုးတက်စေနိုင်ပါတယ်။
■ စားပြီးသောက်ပြီးချိန် လမ်းလျှောက်ရင်တော့ သွေးတွင်းသကြားဓာတ် တည်ငြိမ်စေပြီး ဆီးချိုဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။
■ ဒီလိုအကျိုးကျေးဇူးများအပြင် နေ့စဉ် မိနစ် ၂၀ ခန့်လမ်းလျှောက်ခြင်းက ဘဝမှာ အသက်ရှည်စေမှာ ဖြစ်ပါတယ်။
Source: New York Post