#World_Health
Published 22 September 2025
▪️ သုံးနေကျ အကိုက်အခဲပျောက်ဆေးတွေကို ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ တွဲသုံးခြင်းဟာ ဘက်တီးရီးယားတွေရဲ့ ဆေးခံနိုင်ရည်စွမ်းကို တိုးတက်စေနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
▪️ ပိုးသတ်ဆေးယဉ်ပါးခြင်းက ယခင်ထင်ထားတာထက်ပိုပြီး ရှုပ်ထွေးတယ်လို့ တွေ့ရှိတယ်လို့ ဩစတြေးလျတောင်ပိုင်းတက္ကသိုလ်မှ ဦးဆောင်သုတေသီ ရီတီဗင်တာက ပြောပါတယ်။
▪️ ပိုးသတ်ဆေးတွေနဲ့ အကြိမ်ကြိမ်ထိတွေ့ပြီးနောက် ဘက်တီးရီးယားက ကြီးထွားလာရာကနေ ပိုးသတ်ဆေးယဉ်ပါးခြင်း ဖြစ်လာပြီး ၂၀၅၀ အရောက်မှာ ကမ္ဘာတဝှမ်းမှ လူပေါင်း ၃၉ သန်း အသက်ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
▪️ ဆစ်ပရိုဖလော့ဆာစင် ပိုးသတ်ဆေးကို အိုင်ဗျူပရိုဖန်၊ ပါရာစီတမောတို့နဲ့ တွဲသုံးရာမှာ ဆစ်ပရိုဖလော့ဆာစင်တစ်ခုတည်း သုံးတာထက်စာရင် မျိုးဗီဇဆင့်ကဲပြောင်းလဲခြင်း ပိုမိုဖြစ်ပေါ်ကာ ရောဂါပိုးက လျင်မြန်စွာကြီးထွားလာပြီး ပိုးသတ်ဆေးခံနိုင်ရည် မြင့်မားတဲ့ပိုးမွှား ဖြစ်လာပါတယ်။
▪️ ဘက်တီးရီးယားတွေက ဆစ်ပရိုဖလော့ဆာစင်တစ်မျိုးတည်းကို ခံနိုင်ရည်မြင့်မားလာတာ မဟုတ်ဘဲ မတူညီတဲ့ အမျိုးအစားတွေထဲက အခြားပဋိဇီဝဆေးတွေကိုလည်း ခံနိုင်ရည်မြင့်လာတယ်လို့ ဦးဆောင်သုတေသီက ဆိုပါတယ်။
▪️ ဒီဆေးတွေကို တွဲမသုံးရဘူးဆိုတဲ့ သဘောမဟုတ်ပေမယ့် အကိုက်အခဲပျောက်ဆေးတွေနဲ့ ပိုးသတ်ဆေးတွေ ဓာတ်ပြုပုံတွေကို ဂရုပြုရမှာ ဖြစ်ပါတယ်။
▪️ အနာဂတ်မှာလည်း ပိုးသတ်ဆေးထိရောက်မှုတွေကို အခြားဆေးတွေ ဘယ်လိုသက်ရောက်နိုင်လဲဆိုတာ လေ့လာရမှာတွေ ရှိတယ်လို့ သုတေသနပြုစုသူများ ပြောပါတယ်။
Source: Indian Express.