#World_News
Published 22 September 2025
▪️ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျ၊ ပေါ်တူဂီတို့က ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ကြပြီး ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ စိတ်ပျက်နေကြကာ နှစ်နိုင်ငံဖြေရှင်းရေး ရစေလိုတဲ့သဘော ဖော်ပြလာသဖြင့် အစ္စရေးလ်ဘက်မှ ဒေါသတကြီး တုံ့ပြန်လာပါတယ်။
▪️ အဆိုပါ အနောက်တိုင်းနိုင်ငံ ၄ ခုက အစ္စရေးလ်နဲ့ မဟာမိတ်တွေဖြစ်ပြီး လွတ်လပ်တိုင်းပြည်တစ်ခု ဖြစ်ချင်လိုတဲ့ ပါလက်စတိုင်းကို ထောက်ခံထားတဲ့ နိုင်ငံပေါင်း ၁၄၀ ကျော်ရဲ့ဆန္ဒနဲ့ ကိုက်ညီခဲ့ပါတယ်။
▪️ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ပါလက်စတိုင်းနဲ့ အစ္စရေးလ်တို့အတွက် ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ချက် ပြန်လည်ရှင်သန်လာစေရန် ရည်ရွယ်ချက်ဖြင့် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုလိုက်ကြောင်း ပြောသွားပါတယ်။
▪️ ဂါဇာကို အစ္စရေးလ် ဗုံးကျဲတိုက်ခိုက်တာတွေ၊ ငတ်မွတ်မှုတွေ၊ ပျက်စီးမှုတွေက လုံးဝသည်းခံနိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။
▪️ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက အဆိုပါ အနောက်တိုင်းဆုံးဖြတ်ချက်ကို ရှုတ်ချလိုက်ကာ အောက်တိုဘာ ၇ ကျူးကျော်တိုက်ခိုက်မှု လုပ်ခဲ့တဲ့ အကြမ်းဖက်တွေကို အခွင့်ထူးကြီးပေးနေတာပဲလို့ ပြောပါတယ်။
▪️ ၂၀၂၃ တုန်းက ဟားမတ်စ်တို့ဟာ အစ္စရေးလ်ဘက်ကို တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁,၂၀၀ သတ်ဖြတ်ခဲ့ကာ ၂၅၁ ယောက်ကို ဓားစာခံခေါ်သွားခဲ့ပါတယ်။
Source: Reuters